Daily Archives: September 22, 2017

ဝန်ကြီးနော်ပွယ်စေး ပဲခူးမြို့နယ်၊ မိုဒိုကျေးရွာသို့ ကွင်းဆင်းကြည့်ရှု

FI

စက်တင်ဘာ ၂၂ (ပဲခူး) ============================= စက်တင်ဘာလ ၂၂ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် တိုင်းရင်းသားလူမျိုးများရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးချစ်ဇော်လင်းလိုက်ပါလျက် ပဲခူးမြို့နယ်၊ မိုဒိုကရင်ကျေးရွာသို့ သွားရောက်ကွင်းဆင်းကြည့်ရှုသည်။ ရှေးဦးစွာ မိုဒိုကျေးရွာနှစ်ခြင်းခရစ်ယာန်ကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်သူလူထု၏ လိုအပ်ချက်များအား မေးမြန်းခဲ့ပြီး၊ ညောင်အင်းကျေးရွာ စာသင်ကျောင်းဆောက်လုပ်မည့်မြေနေရာအား ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Read More »

ဒုတိယသမ္မတ ဦးမြင့်ဆွေမှ ဖြူးချောင်းရေလှောင်တမံနှင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုအား ကြည့်ရှုစစ်ဆေး

FI

စက်တင်ဘာ ၂၂ (ပဲခူး) ============================================ စက်တင်ဘာလ ၂၂ ရက်နေ့၊ နံနက်(၀၈:၂၀)အချိန်က ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တာဝန်ရှိသူများ လိုက်ပါလျက် ဖြူးချောင်းရေလှောင်တမံနှင့် ရေအားလျှပ်စစ်ထုတ်လုပ် နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့သည်။ ထို့နောက် ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရှင်းလင်းဆောင်၌ ဖြူးချောင်းရေအားလျှစ်စစ်ထုတ်လုပ်နေမှု၊ ဖြန့်ဖြူးပေးနေမှုအခြေအနေများအား မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူမှာ ရှင်းလင်းတင်ပြရာ၊ ဒုတိယသမ္မတက သဘာဝဘေးအန္တရာယ်များအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် စစ်ဆေးသတင်းပို့ရန်နှင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ဆောင်ရွက်သင့်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လမ်းညွှန်မှာကြားခဲ့ပြီး ဖြူးချောင်းတမံနှင့် ဖြူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ကြည့်ရှု့စစ်ခဲ့သည်။ ဒုတိယသမ္မတခရီးစဉ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ပဲခူးတိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်နှင့် မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ သွားရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။

Read More »

မြန်မာ့ပဲမျိုးစုံ စျေးကွက်အလားအလာ၊ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဆောင်ရွက်သင့်သော လုပ်ငန်းများ အကြံပြုချက်

FI

စက်တင်ဘာ ၂၂ (ပဲခူး) =========================== ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သော အိန္ဒိယနိုင်ငံမှ ပဲဝယ်ယူမှုကိစ္စနှင့်ပတ်သက်ပြီး ပဲစိုက်တောင်သူများအား အနာဂတ် ပဲဈေးကွက်အလားအလာ၊ ပဲစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆောင်ရွက်သင့်သော လုပ်ငန်းများ အကြံပြုများ အသိပေးခြင်း

Read More »