Daily Archives: September 23, 2017

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ရည်မှန်းချက်များအနက် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးရည်မှန်းချက်အား ပဲခူးတိုင်းဒေသကြီး ထွေ/အုပ်ဝန်ထမ်းများ အကောင်အထည်ဖော်ဆောင်ရွက်

FI

စက်တင်ဘာ ၂၃ (ပဲခူး) =================================== စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၇)နာရီအချိန်မှစတင်ကာ ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ တပ်မ(၇၇)အနီးရှိ ဂဝံသံပတ်စေတီတော်ကြီး ပြန်လည်တည်ထားရာတွင် ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများစုပေါင်းကာ တစ်နေ့တာလုပ်အားဒါန ပေးလှူကြသည်။ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်း ဦးဆောင်သော တိုင်းဒေသကြီးရုံးမှ ဝန်ထမ်းများ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ဦးဆောင်သော ပဲခူးခရိုင်ရုံးမှ ဝန်ထမ်းများ၊ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် ဦးဆောင်သော မြို့နယ်ရုံးမှ ဝန်ထမ်းများ ပေါင်း(၁၅၀)ဦး၊ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ တိုင်း/ ခရိုင်/ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ အင်အား(၁၅၀)ဦး စုစုပေါင်း(၃၀၀)ဦးတို့သည် စုစုပေါင်းကာ ဂဝံသံပတ်စေတီတော်ကြီး ပြန်လည်တည်ထားရာတွင် အုတ်/ကျောက်/ဘိလပ်မြေ သယ်ယူခြင်း၊ ဘုရားပရဝဏ်အတွင်း မြက်များ၊ အမှိုက်သရိုက်များ ရှင်းလင်းပေးခြင်းတို့ဖြင့် တစ်နေ့တာလုပ်အားဒါန ပေးလှူကြကြောင်းသိရသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်(၄)ချက်ဖြစ်သော တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်များအနက် …

Read More »