Daily Archives: September 25, 2017

ပဲခူး-ဟံသာဝတီ-ရန်ကုန်အနောက်တောင်ပိုင်း လမ်းကွန်ယက်နှင့် မြို့ပြစီမံကိန်း အသစ်များ အကောင်အထည်ဖော်ရေးဆွဲပြီးစီးမှုအား KOICAမှ လာရောက်တင်ပြ

FI

စက်တင်ဘာ ၂၅ (ပဲခူး) ============================ စက်တင်ဘာလ ၂၅ ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူး-ဟံသာဝတီ-ရန်ကုန်အနောက်တောင်ပိုင်း လမ်းကွန်ယက် နှင့် မြို့ပြစီမံကိန်းအသစ်များ အကောင်အထည်ဖော်ရေးဆွဲပြီးစီးမှုအား ကိုရီးယားနိုင်ငံ KOICA မှ Mr. Arm ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြသည်။ ရှေးဦးစွာ Mr. Arm က စီမံကိန်းရေးဆွဲထားရှိမှုနှင့်ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ ဦးစားပေးကဏ္ဍများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ စသည်တို့ကို တင်ပြပေးသွား မည်ဖြစ်ပါကြောင်း၊ ပဲခူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲရာတွင် ၂၀၄၀ တွင်ဖြစ်ပေါ် လာမည့် လူဦးရေ၊ စက်မှု/လက်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုကဏ္ဍများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး စသည့် အခြေခံအချက်အလက်များကို ထည့်သွင်းရေးဆွဲရပါကြောင်း၊ ပဲခူးတိုင်းသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအရ လမ်းဆုံမြို့နေရာဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် ဆက်စပ်လျက်ရှိပါ ကြောင်း၊ ဒီစီမံကိန်းအား Y ပုံစံဖြင့် ရန်ကုန်တောင်ပိုင်း၊ …

Read More »

ပိုင်ရှင်မဲ့သစ် ဖမ်းဆီးရရှိမှု

25-9-2017(2)

စက်တင်ဘာ ၂၅ (ပဲခူး) ========================= ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ – ဦးကျော်ဆန်းမိုး ဦးဆောင်ပြီး သစ်တောဝန်ထမ်း(၄)ဦး၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်(၆)ဦး တို့သည် (၂၅-၉-၂၀၁၇) ရက်နေ့ သာဂရမြို့ ငါးခုံးမချောင်းရပ်ကွက်အတွင်း သတင်းအရ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ (၀၁:၀၀) နာရီအချိန်တွင် ငါးခုံးမချောင်းရပ်ကွက်၊ အရှေ့ဘက်ကျောင်းဆောင်ပေါ်တွင် တရားမဝင် ကျွန်းခွဲသား (၅၄)ချောင်း၊ (၁.၇၀၆၂)တန်၊ လုံးပတ်(၃)ပေအောက် ကျွန်းသစ်လုံး(၁.၁၂)တန် စုစုပေါင်း (၁.၈၂၈၂) တန်အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Read More »