Home / 2017 / October

Monthly Archives: October 2017

ပဲခူးမြို့၊ ဘာသာပေါင်းစုံမှ စတုတ္ထအကြိမ်မြောက် ဆုတောင်းပွဲအခမ်းအနားကျင်းပ

FI

အောက်တိုဘာ ၃၁(ပဲခူး) ======================= အောက်တိုဘာလ(၃၁)ရက်နေ့၊ ညနေ(၆)နာရီအချိန်က ပဲခူးမြို့၊ရွှေသာလျောင်းဘုရားဝင်းအတွင်းရှိ သုဝဏ္ဏရွှေဘုံ မဟာမင်္ဂလာဗိမာန်တော်၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအောင်မြင်ရေးအတွက်ဘာသာပေါင်းစုံမှ စတုတ္ထအကြိမ်မြောက် ဆုတောင်းပွဲ အခမ်းအနားကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့သီရိစန္ဒာရုံကျောင်းတိုက် ဆရာတော် အရှင်သုန္ဒရ မှသဘာပတိအဖြစ်ဆောင်ရွက်ကာ ငြိမ်းချမ်းရေးမီးအလင်းတန်း မီးတိုင်ထွန်းညှိပြီး အခမ်းအနား ဖွင့်လှစ်သည်။ ထို့နောက် သဘာပတိဆရာတော်ဘုရားမှဩဝါဒကထာ မြွတ်ကြားပြီးနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ အစ္စလမ်ဘာသာမှ ဆရာတော် အလ်ဟဂျ်ခလီဖွာ ဆရာဦးအေးလွင်(M.Sc)အစ္စလမ်ဗိမာန် ဦးဆောင်ဆော်ဩရေးမှူး (ရန်ကုန်မြို့)မှ ငြိမ်းချမ်းရေးဥယျောဇဉ် ဆုတောင်းမေတ္တာ ပို့သခြင်းကိုလည်းကောင်း၊ ဟိန္ဒူဘာသာမှ ဓမ္မဆရာတော် ဦးဆန်းမင်းနိုင် (ဟိန္ဒူဓမ္မသင်ကြားပို့ချရေး ဗဟိုကော်မတီအစည်းအရုံးရေးမှူး၊ ရန်ကုန်မြို့)မှ ငြိမ်းချမ်းရေး ဥယောဇဉ်ဆုတောင်းမေတ္တာ ပို့သခြင်းကိုလည်းကောင်း၊ ခရစ်ယန်ဘာသာမှ သိက္ခာတော်ရဆရာတော် ဦးလူအေး မက်ဒရစ်အသင်းတော် …

Read More »

ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အဋ္ဌမအကြိမ် အစည်းအဝေးသို့ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ တက်ရောက်

23131787_1526061204149442_8432403924315175033_n

အောက်တိုဘာ ၃၁ (ပဲခူး) ===================================================== ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ၏ အဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ ဦးစွာပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြတ်ကျော်နှင့် ကော်မတီ ဒုတိယဥက္ကဋ္ဌများက အမှာစကားများ ပြောကြားကြသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များက သတ္တမအကြိမ် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို အသီးသီးရှင်းလင်း ဆွေးနွေးညှိနှိုင်းကြပြီး အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ္တမအကြိမ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

FI

အောက်တိုဘာ ၃၁ (ပဲခူး) =================================== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီအချ်န်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုး၍ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ) ဘဒ္ဒန္တဂန္ဓမာထံမှ ကထိန်နုမောဒနာတရား နာကြားကြသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော် ရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံစိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဌာနဆိုင်ရာ အသီးသီးမှ ပဲခူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆရာ၊ဒါယကာ အစီအစဉ်အနေဖြင့် …

Read More »

တရားမဝင်သစ် ဖမ်းဆီးရမိမှုသတင်း

FI

အောက်တိုဘာ ၃၀ (ပဲခူး) ==============================               ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၂၆.၁၀.၂၀၁၇) ရက်နေ့ မှ (၂၉.၁၀.၂၀၁၇) ရက်နေ့ အတွင်း တရားမဝင်သစ်ဖမ်းဆီးမှု ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ရွှေကျင်မြို့နယ်၊ သာယာဝတီ ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ်၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပေါင်းတည် မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့၌ တရားမဝင်သစ် ဖမ်းဆီးရမိမှု (၁၅) မှု၊  စုစုပေါင်း ကျွန်း (၁၈.၇၅၉၈ တန်)၊ သစ်မာ (၂.၇၃၇၂ တန်)၊ အခြားသား (၄.၅၅၁၂ တန်)၊ မီးသွေး (၃၁.၂၂၄၄ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် နွား (၂) ကောင်၊ လှည်း (၁) …

Read More »

ဒိုက်ဦးမြို့နယ်ရှိ ဘောနီဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၃၀ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီဌာနမှကြီးမှူး၍ အောက်တိုဘာလ(၃၀)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ဘောနီဆည်အတွင်း ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ်အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း နှစ်စဉ်တိုးပွားလာသော လူဦးရေနှင့်အညီ ငါးစားသုံးမှုမှာလည်း ပိုမိုမြင့်မားလာသည့်အတွက် ဒေသတွင်း ငါးထုတ်လုပ်မှု  ပိုမိုတိုးတက်လာစေရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်နိုင်ရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် ဒေသခံပြည်သူများ၊ ရေလုပ်သားများအနေဖြင့် ရေချိုငါးလုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့် အညီစနစ်တကျ၊ စည်းကမ်းတကျ ဖမ်းဆီးကြရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ငါးမျိုးစိုက်ထည့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဘောနီဆည်အတွင်းသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် တက်ရောက်လာကြသူများက ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ သုံးသိန်းငါးသောင်းအား စုပေါင်းစိုက်ထည့်ကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် …

Read More »

ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

FI

အောက်တိုဘာ ၂၇(ပဲခူး) ========================== အောက်တိုဘာလ ၂၇ ရက်နေ့ (၀၉:၃၀)နာရီအချိန်ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ အဆိုပါအခမ်းအနား၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက မိုးညိုမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ၊ အားသာချက်၊ အားနည်းချက်များ တင်ပြခဲ့ရာ၊ ဝန်ကြီး က UNDP အကူညအညီ အထောက်အပံ့ဖြင့် မိုးညိုမြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အမှန်တကယ်အကျိုးရှိရှိ အသုံးပြုနိုင်ရေး မှာကြားခဲ့သည်။ အခမ်းနားသို့ ဝန်ကြီး ဦးညွန့်ရွှေ၊ UNDP မှMs.Anki Dellnas နှင့် တာဝန်ရှိ ဌာနေကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိုးညိုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

စီမံ(၁)လျှောက်လွှာ ခေါ်ယူမှု အသိပေးခြင်း

GAD

လျှောက်လွှာတင်သွင်းရာတွင် ပါဝင်ရမည့်အချက်များ ကြည့်ရှုရန်—————— သတိပြုရန်- ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၁)/ ဒုတိယဦးစီးမှူးရာထူးလျှောက်လွှာများ ပေးပို့/ လျှောက်ထားတင်သွင်းရာတွင်- ၁။     လျှောက်လွှာများ ထုတ်ပေးခြင်း/ လက်ခံဆောင်ရွက်ခြင်းများကို ရုံးဖွင့်ရက်များ တွင် နံနက်(၁၀:၀၀)နာရီမှ ညနေ(၁၆:၀၀)နာရီထိ လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ၂။     လျှောက်လွှာများကို (၃၀.၁၁.၂၀၁၇)ရက်နေ့ (၁၆:၀၀)နာရီ နောက်ဆုံးအထိသာ လက်ခံမည်ဖြစ်ပြီး၊ (၁၆:၀၀)နာရီထက် ကျော်လွန်သော လျှောက်လွှာများအား လက်ခံဆောင်ရွက်ပေးမည်မဟုတ်ပါ။

Read More »

သဲထုတ်၊ကျောက်ထုတ်လိုင်စင်များ လျှောက်ထားရန်(SOP)စည်းကမ်းသတ်မှတ်ချက်များနှင့် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ကြေငြာခြင်း

26-10-2017(3)

Sand-Law သဲထုတ်၊ကျောက်ထုတ်လိုင်စင်များလျှောက်ထားရန်(SOP)စည်းကမ်းသတ်မှတ်ချက်များနှင့် ဥပဒေ၊ နည်းဥပဒေများ အပြည့်အစုံ ကြည့်ရှုရန်———————                                                                  

Read More »

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့သို့ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

အောက်တိုဘာ (၂၆) (ပဲခူး) ==================================== အောက်တိုဘာလ (၂၆)ရက်နေ့၊ မွန်းလွဲ(၁)အချိန်က ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းအား မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့သို့ အသိပညာပေး ဆွေးနွေ:ပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းမိုက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၇)အကြောင်း ရှင်းလင်းပြောကြားသည်။ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ခြင်ကတစ်ဆင့် ကူးစက်သော ရောဂါဖြစ်ပြီး (၂၀၁၂)ခုနှစ်မှ (၂၀၁၇)ခုနှစ် ဇွန်လအတွင်း ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ (၃၉၄၀)ဦးအနက် ဂျပန်ဦးနှောက် ရောင်ရောဂါပိုးတွေ့လူနာ(၇၄၅)ဦး ရှိခဲ့သဖြင့် (၁၉%)ရာနှုန်းခန့် ဖြစ်ပွားခဲ့ကြောင်း၊ အဓိကအားဖြင့် အသက်(၁)နှစ်မှ (၁၄)နှစ်ကြားဖြစ်ပွားလေ့ရှိသည်။ ရောဂါဖြစ်ပွားသူများအနက် (၂၀)ရာခိုင်နှုန်းမှ (၃၀)ရာခိုင်နှုန်းအထိ သေဆုံးနိုင်ပြီး အသက်ရှင်လျှက် ကျန်ရစ်သူများတွင်လည်း (၃၀)ရာခိုင်နှုန်းခန့်သည် ကိုယ်လက်မသန်စွမ်းခြင်း၊ နားလေးခြင်း၊ …

Read More »