Home / 2017 / October / 01

Daily Archives: October 1, 2017

ဖြူးချောင်းရေအားလျှပ်စစ်စီမံကိန်းရှိ ပင်မလျှပ်စစ်ထုတ်လုပ်ရေးတွင် ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားရာသို့ ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

FI

အောက်တိုဘာ ၁ (ဖြူး) ==================================== အောက်တိုဘာလ(၁)ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်ခန့်က ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စက်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာအနီး ဖြူးချောင်းရေအားလျှပ်စစ် စီမံကိန်းရှိ ပင်မလျှပ်စစ်ထုတ်လုပ်ရေးတွင် ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ(၃၀)ရက်နေ့၊ ည(၁၀:၁၅)နာရီအချိန်က ဖြူးချောင်းရေအားလျှပ်စစ်စီ မံကိန်းရှိ ပင်မလျှပ်စစ်ထုတ်လုပ်ရေးမှ ပါဝါဟောက် VCB-VACCUM-CIRCURT BRAKER17 မှနေဝါယာရှော့ဖြစ်၍ မီးပန်းများ ထွက်ပေါက်ကွဲဖြစ်ကာ အနီးရှိ ထရန်စဖော်မာ 230KV/11KV အား ကူးစက်လောင်းကျွမ်းခဲ့သည်။ အဆိုပါ မီးလောင်ရာသို့ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာန၊ ဖြူးမြို့နယ်ရဲတပ်ဖွဲ့၊ ၁၁၅ မိုင်အမြန်လမ်း မီးသတ်တပ်ဖွဲ့၊ မီးသတ်ယာဉ် ၅စီးနှင့် စက်ရုံဝန်ထမ်းတို့မှ ပူးပေါင်းမီးငြိမ်းသတ်ရာ အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်(၀၀၃၀)နာရီအချိတ်တွင် မီးညွန့်ကျိုးကာ (၀၀၄၅)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁ (ပဲခူး) =================================== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၁၇ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “လူ့အဖွဲ့အစည်းအတွင်းက သက်ကြီးရွယ်အိုများရဲ့ အခန်းကဏ္ဍနှင့် အခွင့်အရေးတွေ ပိုမိုခိုင်မာအောင်ဆောင်ရွက်ရာမှာ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာ့ရေမြေသဘာဝနဲ့ လိုက်လျောညီထွေဖြစ်စေမည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု၊ မိမိကိုယ်မိမိစောင့်ရှောက်မှု၊ မိသားစုစောင့်ရှောက်မှုနှင့် အိမ်အခြေပြု၊ ရပ်ရွာစောင့်ရှောက်မှုအားလုံး လုံလောက်စွာရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မိမိတို့အစိုးရအနေဖြင့် လည်းသက်ကြီးရွယ်အိုများ ကျန်းမာတက်ကြွပြီး ဂုဏ်သိက္ခာရှိစွာ ပါဝင်ဆောင်ခွင့်ရသည့် မြန်မာ့လူ့အဖွဲ့အစည်း ဖြစ်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ပြောကြားသည်။ ထို့နောက် လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက အဘိုးအဘွားများအား ကန်တော့ကြိုးဖြင့် ကန်တော့ပြီး အခမ်းအနားတက်ရောက်လာသော …

Read More »

လုပ်ပိုင်ခွင့်များနှင့် ဥပဒေကိုအသုံးပြုရာမှာ ပွင့်လင်းမြင်သာစွာဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ရန် ဝန်ကြီးချုပ်ပြောကြား

FI

အောက်တိုဘာ ၁ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပဲခူးမြို့၊မြို့တော်ခန်းမတွင် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်က (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ရဲ့လုပ်ပိုင်ခွင့်များနဲ့ ဥပဒေကိုအသုံးပြုရာမှာ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ယူမှု၊တာဝန်ခံမှု ပြုနိုင်သော ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ကြရန်၊ ရဲတပ်ဖွဲ့၏ သမာဓိဂုဏ်သိက္ခာ၊ ပြည်သူလူထု၏ ယုံကြည်မှု၊ ဥပဒေနှင့် ညီညွတ်မှုစသည့် အချက်သုံးချက်ကို ခိုင်မာအောင် တည်ဆောက်ပြီး နိုင်ငံတော်နှင့် ပြည်သူကိုအကျိုးပြုသော မိမိတို့ရဲ့အလုပ်ကို တန်ဖိုးထား ဂုဏ်ယူစွာဖြင့် အစဉ်ကြိုးပမ်း လုပ်ဆောင်သွားကြရန်၊ ဒီမိုကရေစီ ထူထောင်သည့် ယနေ့ကာလတွင် ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီသည့် ရဲလုပ်ငန်းကို ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု တည်ဆောက်ခြင်းသည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်အားလုံး၏ အရေးအကြီးဆုံးနှင့် ပထမဆုံးဆောင်ရွက်ရမည့် အချက်မှာ ပြည်သူအပေါ် ပြုကျင့်ဆက်ဆံသည့် …

Read More »