Home / 2017 / October / 02

Daily Archives: October 2, 2017

ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

FI

အောက်တိုဘာ ၂ ( နေပြည်တော် ) ===================================================== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင်(၃/၂၀၁၇) အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေးကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အတွင်းရေးမှူး ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ၀န်ကြီးချုပ်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့ ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၇) ကြိမ်မြောက် အစည်းအဝေး တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ် များ၏ ဖြည့်စွက်ခွင့်ပြုငွေ …

Read More »

ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ပြင်ဆင်သည့် ဥပဒေ/နည်းဥပဒေများ ရှင်းလင်းပွဲ ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၂ (ပဲခူး) ========================================= ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအောက်ထပ်ခန်းမ၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပွဲ အခမ်းအနားအား အောက်တိုဘာလ (၂)ရက်နေ့၊ မွန်းလွဲ(၁၃:၃၀)အချိန်က ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း တွဲဘက် တိုင်းအုပ်ချုပ်ရေးမှူး ဦးမိုးဆွေ(အငြိမ်းစား) က ဦးဆောင်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကျေးရွာ/အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်တို့မှ ဝန်ထမ်းများ၊ စိတ်ပါဝင်စားသူများ စုစုပေါင်းအင်အား၂၅၀ ကျော်တက်ရောက်ကာ အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲသည် ခေတ်အစနစ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့သည့် ပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ သိရှိစေရန်နှင့် ပြည်သူအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဥပဒေနှင့်အညီ …

Read More »

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၂ (ပဲခူး) =================================== အောက်တိုဘာလ ၂ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များမှဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာအရာရှိများ တက်ရောက်သည်။ ယင်းအစည်းအဝေး၌ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များမှအလုပ်သမားများနှင့် သက်ဆိုင်သည့် ၀န်ကြီးများက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အဆိုပြု ချက် များဆွေးနွေးတင်ပြကြပြီး ပဲခူးတိုင်းဒေသကြီးအနည်းဆုံးအခကြေးငွေသတ် မှတ်ရေးကော်မတီမှ အဆိုပြုနှုန်းထားသည် နေရာဒေသ၊ လုပ်ငန်းမခွဲခြားဘဲ (၁)ရက်လုပ်အားခ (၄၅၀၀ိ/)နှုန်း အဆိုပြုဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

Read More »