Home / 2017 / October / 05

Daily Archives: October 5, 2017

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုး၍ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပပြုလုပ်

FI

စက်တင်ဘာ ၅ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုး၍ အောက်တိုဘာလ(၅)ရက်၊ သီတင်းကျွတ်လပြည့်နေ့၊ နေ့လည်(၁၂)နာရီအချိန်က ပဲခူးမြို့၊ မဟာသီဝလိသိမ်၊ ကလျာဏီသိမ်နှင့် ကြခတ်ဝိုင်းသိမ်တော်တို့တွင် သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပပြုလုပ်ကြသည်။   မဟာသီဝလိသိမ်တော်တွင် ပဲခူးမြို့နယ်အတွင်းရှိ သုဓမ္မာဂိုဏ်းလုံးဆိုင်ရာ ဆရာတော်၊ သံဃာတော် (၂၅၄၃)ပါးတို့ကလည်းကောင်း၊ မဟာကလျာဏီသိမ်တော်တွင် ရွှေကျင်ဂိုဏ်းဝင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ် (၅၆၃)ပါးတို့ကလည်းကောင်း၊ ကြခတ်ဝိုင်း သိမ်တော်တွင် ပဲခူး၊ ကဝ၊ ဒိုက်ဦး၊ သနပ်ပင်၊ ဝေါ (၅)မြို့နယ်မှ ရွှကျင်ဂိုဏ်းဝင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ် (၁၇၇၃)ပါး တို့ကလည်းကောင်း အချင်းချင်း ပဝါရဏာပြုကြပြီး သက်ဆိုင်ရာ ဂိုဏ်းအလိုက် ထေရ်ကြီးဝါကြီး သြဝါဒစရိယ နာယကဆရာတော်ကြီးများအား ရှိခိုးကန်တော့ကြသည်။   ထို့နောက် ပဝါရဏာပြုတော်မူကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လွှတ်တော်ဥက္ကဌ အမှုးပြုသော …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၅ (ပဲခူး) =================================== ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ အောက်တိုဘာလ (၅)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအဆင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများက “ဂုဏ်အင်ကြီးမား ဆရာများ”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ဆရာကောင်းတို့မည်သည် တပည့်တို့အတွက် အားငယ်စိတ်ပျောက်စေ၏၊ နားမလည်မှုကိုပယ်စေ၏၊ မပြည့်စုံမှုကို ပြည့်စေ၏၊ သောကကိုလည်းငြိမ်းစေ၏ ဒါကြောင့် ဆရာ/မများသည် တပည့်တို့၏  အားထားရာ မဏ္ဍိုင်ဖြစ်ကြောင်း၊ ပန်းဘဲဆရာ အထုမခံရသော သံတုံးသည် လက်နက်မဖြစ်၊ ကျောက်ဆစ်ဆရာ အဖြတ်မခံရသော ကျောက်တုံးသည် အရုပ်မဖြစ်၊ ဆရာကောင်း အဆုံးအမ မခံရသော တပည့်သည် သူကောင်းမဖြစ်လို့ ပထမရွှေကျင်ဆရာတော်ဘုရားကြီး မိန့်ဆိုခဲ့ကြောင်း၊ ဆရာသည် ဗုဒ္ဓဘာသာဝင်တိုင်းက အနန္တောအနန္တ ငါးပါးဂိုဏ်းဝင်အဖြစ် …

Read More »