Home / 2017 / October / 10

Daily Archives: October 10, 2017

ပြည်ထောင်စုမြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဘာသာပေါင်းစုံမှ ဆုတောင်းပွဲ ကျင်းပပြုလုပ်

FI

အောက်တိုဘာ (၁၀) ပဲခူး ========================================== အောက်တိုဘာလ (၁၀)ရက်နေ့၊ ညနေ(၆)အချိန်က ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ ရွှေသာလျောင်း ဘုရားဝင်းရှိ သုဝဏ္ဏရွှေဘုံခန်းမ၌ ပြည်ထောင်စုမြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဘာသာပေါင်းစုံမှ ဆုတောင်းပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတဒေါက်တာ အရှင်သူရိယ (ဥဿာသီရိစာသင်တိုက် နာယကချုပ် ဆရာတော်)အား ပင့်လျှောက်ကာ ဆရာတော်မှ သြဝါဒ ကထာ မြွတ်ကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံ ခေါင်းဆောင်များက ငြိမ်းချမ်းရေးဆီမီးတိုင် ထွန်းညှိကြသည်။ ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသိန်းဒန်က ဆုတောင်းပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ ဗုဒ္ဓဘာသာမှ အရှင်ဥက္ကံသ(မဟာစေတီကန် ကျောင်း နာယကချုပ်ဆရာတော်)မှ ငြိမ်းချမ်းရေးဥယျောဇဉ် ဆုတောင်းမေတ္တာ ပို့သခြင်းကိုလည်း ကောင်း၊ အစ္စလာမ်ဘာသာမှ ဓမ္မကတိက အလ်ဟဂျ်ခလီဖွာ ဆရာဦးအေးလွင်(M.Sc) ဦးဆောင် ဆော်သြရေးမှူး အစ္စလာမ်ဓမ္မဗိမာန် ရန်ကုန်မြို့မှ ငြိမ်းချမ်းရေးဥယျောဇဉ် ဆုတောင်းမေတ္တာ …

Read More »

ပဲခူးတိုင်းဒေသကြီး စိမ်းလန်းမြေ (Green Land) စီမံကိန်းရေးဆွဲခြင်း အစည်းအဝေး ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁၀(ပဲခူး) ======================= စက်တင်ဘာလ(၁၀)ရက်နေ့ ၊ နံနက်(၁၀) နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး စိမ်းလန်းမြေ (Green Land) စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက် ခြင်းကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၇)အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ စိမ်းလန်းမြေ (Green Land) စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံမှ တက်ရောက်၍ အဖွင့်မှာစကားပြောကြားသည်။ အစည်းအဝေး၌ စိမ်းလန်းမြေ (Green Land) အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စီမံကိန်းရေးဆွဲရာတွင် ထည့်သွင်း ဆောင်ရွက်မည့်အချက်များ၊ အစိမ်းရောင်မြို့တော်များ၏ အင်္ဂါရပ်များနှင့်အညီ ပြန်ပြည့်မြဲစွမ်းအင်ပြောင်းလဲအသုံး ပြုခြင်း၊ ရေကောင်းရေသန့် ရေရှည်တည်တံ့ကောင်းမွန်စေရေးထိန်းသိမ်းခြင်း၊ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ကိစ္စများ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေကို အထောက်အကူပြုသည့် ဆောင်ရွက်ချက် များအား …

Read More »

ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦ:စီးဌာန၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုအား ဝန်ကြီးဦးညွန့်ရွှေ ကြည့်ရှုစစ်ဆေး

FI

စက်တင်ဘာ ၁၀(ပဲခူး) =========================================== စက်တင်ဘာလ ၁၀ ရက်နေ့၊ မွန်းလွဲ (၁)နာရီအချိန်က ပဲခူးမြို့၊ မဟာဗန္ဓုလလမ်း၊ လိပ်ပြာကန်ရပ်ကွက်၌ ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာ (၄)ခန်းတွဲ (၄)ထပ်၊ အရှည်(၇၁)ပေ၊ အကျယ်(၂၈)ပေရှိ RCC တည်ဆောက်နေမှုအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီအောင်တည်ဆောက်ရန်နှင့် ဘတ်ဂျက်နှစ်အတွင်း အချိန်မီပြီးစီးအောင် ရွက်သွားရန်သွားရန် မှာကြားခဲ့သည်။ အဆိုပါအဆောက်အဦသည် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ခွင့်ပြုငွေကျပ်သန်း (၁၇၅.၅)သန်းဖြင့် Max Trust ကုမ္ပဏီမှ တည်ဆောက်နေကြောင်း သိရသည်။

Read More »

ဆန်အခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ဖွံ့ဖြိုးရေးဆိုင်ရာ နှီးနှောဆွေးနွေးပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

FI

အောက်တိုဘာ (၁၀) ပဲခူး ========================================== အောက်တိုဘာလ (၁၀)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ဆန်အခြေခံ ကိတ်မုန့်၊ ကွတ်ကီးမုန့်များ လက်တွေ့သရုပ်ပြနှင့် တန်ဖိုးမြင့်စားသောက်ကုန် ဖွံ့ဖြိုးရေးဆိုင်ရာ နှီးနှောဆွေးနွေးပွဲ ကျင်းပသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၌ စပါးအထွက်နှုန်းကောင်းတဲ့ စပါးကျီတစ်ခုဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်အဖစ် ပြောင်းလဲတဲ့ လုပ်ငန်းမှာ ဆန်ကို တန်ဖိုးမြှင့် စားသောက်ကုန်မုန့်တွေ ဘယ်လိုထုတ်လုပ်တယ်ဆိုတာ ယနေ့ အခမ်းအနားမှာ သိရှိလေ့လာရတော့မှာဖြစ်ကြောင်း၊ အဟာရပြည့်ဝပြီး အရည်အသွေးကောင်းသည့် စားသောက်ကုန်တွေ အပြိုင်အဆိုင်ထုတ်ပြီး နေရာယူကြရာမှာ ယခုအခါ Gluten Free အဖြစ် သတ်မှတ်ပြီး ထုတ်လုပ်တဲ့ စားသောက်ကုန်တွေဟာ အုပ်စုတစ်ခုအနေနဲ့ ရှေ့တန်းမှာနေရာယူနေကြ ပြီးဖြစ်ကြောင်း၊ ဆန်ကနေ အဆင့်မြင့်စားသောက်ကုန်အဖြစ် ကိတ်မုန့်နှင့် ကွတ်ကီးမုန့်များအဖြစ် Komeko အဖွဲ့အစည်းက နည်းပညာဖြင့် ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ နည်းပညာရှိပြီး မသုံးတတ်ရင် အကျိုးကျေးဇူး …

Read More »

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ ​တွေ့ဆုံညှိနှိုင်းစည်း​ဝေး ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁၀ ရက် ================================== ပဲခူးတိုင်းဒေသကြီး (ကရင်၊ အရှိုချင်း၊ ကယား၊ ရှမ်း၊ မွန် ၊ပအိုဝ်း) တိုင်းရင်းသားစာပေဘာသာသင်ကြားသည့် နေစားလပေး ဆရာ/ဆရာမ (Teaching Assistant) ခန့်ထားနိုင်ရေး အစည်းအဝေးကို (၁၀.၁၀.၂၀၁၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။ ရှေးဦးစွာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးမှ အမှာစကားပြောကြားကာ ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေးမှူး ဆရာမဒေါ်မြင့်မြင့်သန်းမှ တိုင်းရင်းသားစာပေဘာသာသင်ကြားသည့် နေစားလပေး ဆရာ/ဆရာမ (Teaching Assistant) ခန့်ထားနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြာပြီး တက်ရောက်လာကြသော တိုင်းရင်းသားစာပေယဉ်ကျေးမှု ကိုစားလှယ်များက မိမိဒေသ အခက်အခဲများနှင့် သိရှိလိုသည်များမေမြန်းကြပြီး ဝန်ကြီးနော်ပွယ်စေး၊ တိုင်းပညာရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် တိုင်းရင်းသား အခွင့်အရေးကာကွယ်စောက်ရှောက်ရေး ဦးစီးဌာနဦးစီးမှူး ဦးချစ်ဇော်လင်းတို့မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။

Read More »