Home / 2017 / October / 11

Daily Archives: October 11, 2017

၂၀၁၇ ခုနှစ် အခြေခံကျောင်းပေါင်းစုံအသက်(၁၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁၁ (ပဲခူး) =================== အောက်တိုဘာလ(၁၁)ရက်နေ့၊ မွန်းလွဲ(၀၃:ဝဝ)နာရီအချိန်က ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းတွင် ၂၀၁၇ ခုနှစ် ပဲခူးတိုင်းဒေသကြီး အခြေခံကျောင်းပေါင်းစုံ အသက်(၁၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးမြို့၊အထက(၃)မှ ကျောင်းသား/ ကျောင်းသူလေးများနှင့် အထက(အင်းတကော်)မှ ကျောင်းသား/ ကျောင်းသူလေးများက ဘင်ခရာ၊ ပန်းပွား အကများဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ်အတွင်းရှိ အထက၊ အထက(ခွဲ) ကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများက တိုင်းရင်းသားဝတ်စုံများဖြင့် ထာဝရသစ္စာသီချင်း ကိုဖျော်ဖြေတင်ဆက်ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက အားကစားပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်မြင့်မားလာစေရန်၊ ဘောလုံးအားကစားသည် အသင်းအဖွဲ့လိုက် စုပေါင်းကစားရသည့် အားကစားဖြစ်၍ စုပေါင်းလုပ်ဆောင်တက်သည့် ဒီမိုကရေစီ အလေ့ကျင့်ကောင်းများ …

Read More »

စီမံကိန်းကော်မရှင်၊ ပဲခူးတိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး(၂/၂၀၁၇) ကျင်းပပြုလုပ်

FI

အောက်တိုဘာ (၁၁) ပဲခူး ========================================== အောက်တိုဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၁)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင် ဟံသာအစည်းအဝေးခန်းမ၌ စီမံကိန်းကော်မရှင်၊ ပဲခူးတိုင်းဒေသကြီးစီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီ အစည်းအဝေး(၂/၂၀၁၇)ကို ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်က စီမံကိန်း ကော်မရှင်သည် ပဲခူးတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲ လူမှုစီးပွား အမှန် တကယ် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်းများကို စိစစ်အတည်ပြုပေးနိုင်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ရခြင်းကြောင်း၊ စီမံကိန်းကော်မရှင်အနေဖြင့် တိုင်းဒေသကြီးဒေသန္တရစီမံကိန်းများကို နိုင်ငံတော်၏ မူနှင့်ကိုက်ညီခြင်း ရှိ/မရှိ စိစစ်အတည်ပြုခြင်း၊ နှစ်စဉ် ကာလလတ်နှင့် ကာလရှည် ဒေသန္တရစီမံကိန်းများတွင် ထည့်သွင်းဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများကို စိစစ် အတည်ပြုခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများအပေါ် နိုင်ငံတော်မူနှင့် ဆန့်ကျင်မှုမရှိသည့် သဘောထား မှတ်ချက်ပြန်ကြားပေးခြင်း၊ တိုင်းဒေသကြီး လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူမပြုသည့် လုပ်ငန်းစီးမံကိန်းများကို ငြင်းပယ်ခြင်း၊ နိုင်ငံတော်၏ …

Read More »