Home / 2017 / October / 12

Daily Archives: October 12, 2017

B.O.T ကုမ္ပဏီများအနေဖြင့် မိမိတို့ တာဝန်ယူထားသည့် လမ်းပိုင်းများအား ပြည်သူအတွက် အကျိုးပြုသည့်လုပ်ငန်းများဖြစ်၍ စေတနာ၊ မေတ္တာထားပြီး ဆောင်ရွက်ပေးစေလိုကြောင်း ဝန်ကြီးချုပ်မှာကြား

FI

အောက်တိုဘာ (၁၂) ပဲခူး ========================================== အောက်တိုဘာလ (၁၂)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုလမ်းမကြီးများ၊ မြို့ရှောင်လမ်းများနှင့် တံတားချဉ်းကပ်လမ်းကို B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီ(၆)ခု အား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းပိုင်းများအလိုက် B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ(၆)ခုအား ပထမဆုံးအကြိမ် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရသည် မံကိန်းလုပ်ငန်းအဝဝကို မိမိတို့ တိုင်းဒေသကြီးအတွင်း စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ လမ်းပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ ရင်ဆိုင်ရာသည့် အခက်အခဲများကို သိရှိလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် ချုပ်ဆိုထားသည့် B.O.T စာချုပ် ပါအတိုင်း အမှန်တကယ် ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာလမ်းဦးစီးဌာနမှလည်း လမ်းပိုင်းဆိုင်ရာ စစ်ဆေးချက်အစီရင်ခံစာကို အစိုးရအဖွဲ့သို့ တင်ပြပေးစေလိုကြောင်း၊ မြို့အဖြစ် သတ်မှတ်ခံထားရသည့် နေရာများရှိ ကျောင်း၊ …

Read More »

ဌာနဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် အောက်ခြေအသံကို နားထောင်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် ဒီမိုကရက်တစ် လူအဖွဲ့အစည်းတစ်ခုဖြစ်ရန် ဝိုင်းဝန်းကြိုးပမ်းပေးစေလိုကြောင်း ဝန်ကြီးချုပ်မှာကြား

FI

အောက်တိုဘာ (၁၂) ပဲခူး ========================================== အောက်တိုဘာလ (၁၂)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က စီမံကိန်းများ ကောင်အထည်ဖော်ရာတွင် မြန်မြန်ဆန်ဆန် ဆောင်ရွက် ကြစေရန်လိုကြောင်း၊ တင်ဒါကိစ္စရပ်များအား မြန်မြန်ပြီးပြတ်အောင် တင်ဒါစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများသည် သုံးငွေအပေါ်တွင်သာ အာရုံမစိုက်ဘဲ အခွန်အရပ်ရပ် ရငွေများ အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အကြမ်းဖက် လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးသို့ ဝင်လာနိုင်သည့် လမ်းကြောင်းများရှိ ရဲစခန်း၊ ရဲကင်းများ၊ စစ်ဆေးရေးဂိတ်များ အထူးကြပ်မတ်ဆောင်ရွက်သွားရန်၊ မိမိတို့ မြို့/ရွာ ရပ်ကွက်များအတွင်း လူစိမ်းဝင်/ထွက်မှုကို စောင့်ကြည့်ပြီး ပြည်သူသတင်းပေးနိုင်ရန် ဖုန်းနံပါတ်များ ကြေငြာထားရှိရန်၊ မီးရထားရဲများအနေဖြင့်လည်း ရထားဘူတာ၊ ရထားတွဲများအား စစ်ဆေး ရန်၊ ဆေးရုံဆေးခန်းများအား ပြည်သူများ အမှန်တကယ်အားကိုးနိုင်သည့် အနေအထား၊ ယုံကြည်မှု ရှိနိုင်စေရန် ဆေးဝါး၊ …

Read More »

တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရှိရေးတို့အား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေး ဆွေးနွေးပွဲကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁၂ (ပဲခူး) ================================ အောက်တိုဘာလ (၁၂)ရက်နေ့၊ မွန်းတည့် (၁၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးတရားဥပဒေ စိုးမိုးရေးဋ္ဌာနနှင့် တရားမျှတမှု ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့နှင့် My Justice တို့တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။ တိုင်းဒေသကြီးတာဝန်ခံ ဝေါမြို့နယ်ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင် အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးကြည်ဇင် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်ဆန်း၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးအုန်းသန်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးစိန်လွင် တရားလွှတ်တော်ရှေ့နေ ဦးအောင်ထွန်း လူမှုအဖွဲ့အစည်းမှ ဦးသန်းဦးနှင့် ဦးမင်းသူရအောင်တို့ တက်ရောက်ဆွေးနွေးကြပါသည်။ အဆိုပါတွေ့ဆုံပွဲသည် ပဲခူးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရှိရေးတို့အား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ရခိုင်ပြည်နယ်အတွင်း ARAS အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့နေထိုင်သော တိုင်းရင်းသားများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

FI

အောက်တိုဘာ (၁၂) ပဲခူး ========================================== အောက်တိုဘာလ (၁၂)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင် ဟံသာအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ARAS အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့နေထိုင်သော တိုင်းရင်းသားများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် ARAS အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာပုံရိပ်မှာ အမျိုးမျိုးအဖုံဖုံ ဖိအားပေးစွပ်စွဲနေရပြီး၊ နိုင်ငံရေးပုံရိပ်ကျဆင်းရန် ပြည်ပ မီဒီယာများမှ သတင်းမှားများ ထုတ်ပြန်ပေးလျက်ရှိနေကြောင်း၊ ဘာသာရေး၊ လူမျိုးရေးနှင့် ပတ်သက်သည့် အစွန်းရောက်မှုသည် ပြဿနာဖြစ်ပေါ်ရန် ထိလွယ်ရှလွယ် အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်ကြောင်း၊ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်မှုသည် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ဖြစ်ပွားလျက်ရှိကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာရေး၊ လူမျိုးရေး …

Read More »

ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းနားကျင်းပ

FI

အောက်တိုဘာ ၁၂ (ပဲခူး) =================================== အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ရုံးခန်းမ၌ ၂၀၁၇ခုနှစ် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင် အဖွင့်အမှာစကား ပြောကြားရာတွင် “မျက်စိမမြင်ခြင်းသည် ဝေဒနာရှင်နဲ့ သူ၏အသိုင်းအဝိုင်းကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသဖြင့် မျက်စိမမြင်ခြင်းကို ကာကွယ်ကုသနိုင်မှ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းပြီး လူမှုရေးသုခနှင့် ပြည့်စုံသော နိုင်ငံသာများဖြစ်လာကာ နိုင်ငံတော် ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်နိုင်မှာဖြစ်ကြောင်း” ပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၏ မိန့်ခွန်းကို ဖတ်ကြားသည်။ ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဒေသဆိုင်ရာ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးက မျက်စိရောဂါအကြောင်း သိကောင်းစရာများအား ပညာပေးရှင်းလင်းတင်ပြခြင်းကို ဗွီဒီယိုဖိုင်ဖြင့်ပြသပြီး ထူးချွန်သူများနှင့် အသင်းအဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ကြကာ …

Read More »