Home / 2017 / October / 13

Daily Archives: October 13, 2017

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူး-သနပ်ပင်ကားလမ်း (၄)လမ်းသွား တိုးချဲ့ဆောင်ရွက်မည့်အခြေအနေအား ကွင်းဆင်းကြည့်ရှု

FI

စက်တင်ဘာ ၁၃ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၁၃)ရက်နေ့ ညနေ(၄)နာရီအချိန်က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ-သံလျင်ကားလမ်း (၄)လမ်းသွား တိုးချဲ့ဆောင်ရွက်မည့် အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ပဲခူး-သနပ်ပင်ကားလမ်းသည် (၂)လမ်းသွား ကားလမ်းဖြစ်ပြီး ယခုအခါ ယာဉ်ကြောရှုပ်ထွေး ကြပ်တည်းနေသောကြောင့် ပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ်၊ ပွင့်လင်းရာသီ၌ ပြည်ထောင်စု ငွေလုံးငွေရင်း ရံပုံငွေကျပ်သန်း (၈၆၀)၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရံပုံငွေကျပ်သန်း (၁၂၉၀)တို့ဖြင့် (၄၈)ပေအကျယ် (၄)လမ်းသွား ကတ္တရာကွန်ကရိ (AC)အမျိုးအစားနှင့် ကွန်ကရိလမ်းConcrete pavement အမျိုးအစားတို့ဖြင့် ပဲခူးမြို့ နာရီစင်ရှေ့ မိုင်(၀/၀)မှစတင်၍ ကမာနတ်ကျေးရွာထိပ် စိန်သာလျောင်းဘုရားလမ်းဆုံ မိုင်(၁/၇)အထိ အဆင့်မြှင့်တင် ခင်းပေးသွားမည်ဖြစ်သည့်အပြင် လမ်းအင်္ဂါရပ်နှင့် ညီညွတ်စေရန် ရေမြောင်း platformများ၊ road furniture …

Read More »

ပဲခူးမြို့တော်အား Smart City (နေချင်ဖွယ်မြို့တစ်ခုအဖြစ်) အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

အောက်တိုဘာ (၁၃) ပဲခူး ========================================== အောက်တိုဘာလ (၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ပဲခူးမြို့တော်အား Smart City (နေချင်ဖွယ်မြို့တစ်ခုအဖြစ်) အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရန် ကိုရီးယားနိုင်ငံအခြေစိုက်၊ Korea Smart City Association  မှ ပညာရှင် Mr. Jun-Cheol Kwon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ Mr. Jun-Cheol Kwon က Smart City တစ်ခု ဖြစ်ပေါ်ရန်အတွက် အခြေခံအဆောက် အဦ၊ လမ်း/တံတားများ၊ လျှပ်စစ်ဓာတ်အား၊ အင်တာနာချိတ်ဆက်မှု စသည့်တို့ ပြည့်စုံရမည်ဖြစ်ပါ ကြောင်း၊ Smart City ပြုလုပ်ရန်အတွက် တက်ရောက်လာသည့် တာဝန်ရှိသူများအနေဖြင့် ဦးစားပေးစတင်ဆောင်ရွက်မည့် နေရာအား ဖော်ပြပေးစေလိုပါကြောင်း၊ ပဲခူးမြို့တော်အား Smart City အဖြစ်အဆင်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် လိုအပ်ချက်များကို …

Read More »

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ (၁၃) ပဲခူး ========================================== အောက်တိုဘာလ (၁၃)ရက်နေ့၊ နံနက်(၉)အချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ်(၆၄/၂၀၁၇)အရ အောက်တိုဘာလ (၁၃)ရက်နေ့ ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်များ လျော့ပါးရေးနေ့ International Day for Disaster Reduction(IDDR)အဖြစ် သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ် အခမ်းအနားကို ကမ္ဘာ့နိုင်ငံ အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစတင်ကာ နိုင်ငံတော် အခမ်းအနားတစ်ရပ်အနေဖြင့် ကျင်းပပြလုပ်ခဲ့ရာ ယခုနှစ်မှာဆိုရင် (၈)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် (၅)ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ပြီဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးနေ့ အခမ်းအနားဆောင်ပုဒ်ကတော့ “Home Safe Home (ထိတွေ့ဘေးဒဏ်လျှော့ချမှ လုံခြုံစိတ်ချတို့ဘဝ)” …

Read More »