Home / 2017 / October / 14

Daily Archives: October 14, 2017

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအား အစိုးရနှင့်ပြည်သူ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နိုင်ရန် ပြည်သူလူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁၄ (ပဲခူး)  ========================= အောက်တိုဘာလ (၁၄)ရက်နေ့၊ မွန်းလွဲ (၁)နာရီအချိန်က ညောင်လေးပင်မြို့နယ်၊ သီရိရတနာ ခန်းမ၌ ညောင်လေးပင်မြို့နယ်၊ ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ညောင်လေးပင်မြို့နယ်ရှိ ပြည်သူများ၏ လိုအပ်ချက်အသံများ ကြားသိလို၍ ဒုတိယအကြိမ်မြောက် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ချက်ချင်းဆောင်ရွက် ပေးနိုင်သည့် ကိစ္စရပ်များရှိပါက ဌာနဆိုင်ရာများနှင့် တစ်ပါတည်း ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မှန်ကန်သောဆုံးဖြတ်ချက်များကို အကောင်းဆုံးအကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးမရရှိပါက မည်သည့်ဒေသမဆို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ဒါကြောင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် (၂၁)ရာစု ပင်လုံညီလာခံကို နိုင်ငံတော်မှ ဦးဆောင် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရသည် ပြည်သူဗဟိုပြုသည့် အစိုးရဖြစ်၍ ပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများ ဖြည့်ဆည်းဆောင်ရွက်ပေး ရန်တာဝန်ရှိကြောင်း၊ …

Read More »

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး ပန္နက်တော်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁၄ (ပဲခူး) ==================================== ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၅)ရပ်ကွက်၊ ဓမ္မစေတီလမ်းနှင့် သစ်တောရိပ်သာလမ်းထောင့်ရှိ ရုံးအဆောက်အဦမြေနေရာ၌ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဦးစီးဌာနများဖြစ်သော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့၏ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအယ်လ်တူးမိန်းဂေါင်က ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် အင်ဂျင်နီယာချုပ်(အဆောက်အဦဦးစီးဌာန) ဦးသန်းနိုင်အောင်တို့က သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တင်ပေးကြကာ မင်္ဂလာပန်းစည်းများ ချည်နှောင်ပြီး ရွှေမိုးငွေမိုးရွာသွန်းဖြိုးပေးခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုကိုထိန်းသိမ်းခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေခြင်း၊ တိုင်းရင်းသားများ၏ လူမှုဘဝမြင့်မားတိုးတက်စေရန် မျှော်မှန်းချက်ထားရှိခြင်းနှင့်အညီ တိုင်းဒေသကြီး၊ …

Read More »