Home / 2017 / October / 20

Daily Archives: October 20, 2017

ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးပြုလုပ်

FI

အောက်တိုဘာ ၂၀ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကို အောက်တိုဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဌကိုယ်စား တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးကော်မတီ အတွင်းရေးမှူး ဦးလင်းလင်းကျော်က အဖွင့်အမှာစကားပြောကြားရာတွင် “၁၉၉၃ခုနှစ် ကလေးသူငယ်ဥပဒေနဲ့ ၂၀၀၁ခုနှစ် ကလေးသူငယ် နည်းဥပဒေများကိုပြဌာန်းပြီး ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးလျှက်ရှိကြောင်း၊ ကလေးများအနေနှင့် အခွင့်အရေးရပိုင်ခွင့်များရှိသလို လိုက်နာရမည့်အချက်များကိုလည်း ကလေးသူငယ်ဥပဒေမှာ ထည့်သွင်းပြဌာန်းထားပြီးဖြစ်လို့ ရပိုင်ခွင့်နှင့် တာဝန်ကိုသိရှိအောင် အသိပညာပေးသွားဖို့လိုအပ်ကြောင်း” ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသုတက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြီး ပဲခူးမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ မြို့နယ်၏ လုပ်ငန်းဆောင်ရွက်ချက်များ ကိုတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးကော်မတီ …

Read More »

(JICA Two Step Loan) ချေးငွေဖြင့် ဝယ်ယူသော လယ်ယာသုံးစက်ကိရိယာများအား တောင်သူများသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၂၀ (ပဲခူး) ================================ အောက်တိုဘာလ (၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးသမဝါယမ ရုံးဝင်းအတွင်း ရှင်စောပုခန်းမ၌ လယ်ယာလုပ်ငန်းကဏ္ဍနှင့် လယ်ယာမြေကို အခြေခံသော စီးပွားရေးလုပ်ငန်းကဏ္ဍများ တိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း (JICA Two Step Loan) ချေးငွေဖြင့် ဝယ်ယူသည့်လယ်ယာသုံး စက်ကိရိယာများအား တောင်သူများသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေမှူး ဦးမင်းသူနှင့် JICA Myanmar Office မှ Representative Mr. Masayuki Nakamura တို့က Two Step Loan နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် Two Step Loan ချေးငွေဖြင့် ဝယ်ယူခဲ့သည့် တောင်သူများလက်ဝယ်သို့ …

Read More »

​ ​နေပြည်​​တော်​ သင်္ဂဟ Hotel ၌ Launching of the Birth and Death Registration Manual and workshop on Developing Vital statistics system အစည်းအဝေးသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

FI

အောက်တိုဘာ ၂၀ (ပဲခူး) ======================================== ၂၀. ၁၀.၂၀၁၇  ရက်နေ့ (၀၈:၃၀)     နာရီအချိန် နေပြည်တော် သင်္ဂဟ Hotel တွင်UNICEF နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော Launching of the Birth and Death Registration Manual and workshop on Developing Vital statistics system ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနား၌ မွေးဖွားမှု၊ သေဆုံးမှုဆိုင်ရာမှတ်ပုံတင်ခြင်း၊ စီမံကိန်းများ၊ဆောင်ရွက်မှုကိစ္စရပ်များဆွေးနွေးခဲ့ကြသည်။ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များမှ ၀န်ကြီးချုပ်များ၊ စီးပွားရေးဝန်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီးဦးညွန့်ရွှေ၊စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဦးမောင်မောင်လွင်တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

မုန်တိုင်းငယ်(Depression) အခြေအနေနှင့် မိုးလေဝသခန့်မှန်းချက်သတင်း

Raing

(၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ============================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ လေဖိအားနည်းရပ်ဝန်းအဖြစ် တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ ကွက်ကျား၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ …

Read More »