Home / 2017 / October / 21

Daily Archives: October 21, 2017

ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမားရေးအတွက် အခမဲ့ကွင်းဆင်းကုသမှုအား ဝန်ကြီးချုပ်ဦးဝင်းသိန်း ကြည့်ရှုအားပေး

FI

အောက်တိုဘာ ၂၁ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်ခန့်က တာဝန်ရှိသူများနှင့် အတူ ထန်းတပင်မြို့နယ် လှည်းလမ်းကူး အခြေခံပညာအထက်တန်းကျောင်းတွင် တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်များမှ ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ကွင်းဆင်းကုသပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ကွင်းဆင်းကုသရာ၌ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ဦးဆောင်သော ခွဲစိတ်၊ အရိုး၊ ကလေး၊ သားဖွားမီးယပ်၊ မျက်စိ၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ ဓါတ်မှန်၊ နား/နှာခေါင်း/လည်ချောင်း အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ ကင်ဆာ၊ အရေပြား၊ ရောဂါဗေဒ၊ သွားရောဂါကုဆရာဝန်များ၊ ဆေးပေးဝန်ထမ်းများ စုစုပေါင်း(၆၀)ဦးတို့သည် ထန်းတပင်မြို့နယ် လှည်းလမ်းကူး၊ မဲဖလံ၊ သရက်တန်း၊ ကြို့ပင်သာ၊ ဘုမ္မတီ၊ တလိုင်းအိုင်စသည့် ကျေးရွာအုပ်စု(၆)အုပ်စုနှင့် ကျောက်ကြီးမြို့နယ်တွင်းရှိ ပြည်သူများ၏ အထွေထွေရောဂါများကို အခမဲ့ကွင်းဆင်းကုသ ပေးခြင်းဖြစ်သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …

Read More »

ကယားတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် စုပေါင်းအဲဒိုပေါ်မီပွဲတော် ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၂၁(ပဲခူး) =================================== အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ရွှေတန်ဆောင်းကျေးရွာ၌ ကယားတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် ၂၀၁၇ခုနှစ် စုပေါင်းအဲဒိုပေါ်မီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရွှေတန်ဆောင်းကျေးရွာ ကျောင်းထိုင်ဘုန်းတော်ကြီးက ဆုတောင်းမေတ္တာပို့သပြီး ကယားတိုင်းရင်းသားများက ကယားရိုးရာ အဲဒိုပေါ်မီအကဖြင့် သီဆိုကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ထန်းတပင်မြို့နယ် ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ခူးဂျော့ဂျေက အမှာစကားပြောကြားပြီး တက်ရောက်လာသော ဧည့်သည်များက မိတ်ဆက်ကာ ကော်မတီအတွင်းရေးမှူး ခူးညွန့်ရယ်က အဲဒိုပေါ်မီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကျင်းပရသည့်အကြောင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တိုင်းရင်းသားလူမျိုးအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးချစ်ဇော်လင်းတို့က အားပေးအမှာစကားပြောကြားပြီး ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကကြီး ကအဲဒိုပေါ်မီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကယားဘာသာစကားဖြင့် ရှင်းလင်းပြောကြားကာ …

Read More »