Home / 2017 / October / 23

Daily Archives: October 23, 2017

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီအစည်းအဝေးသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

FI

အောက်တိုဘာ ၂၃ (နေပြည်တော်) =========================== အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် (၉)နာရီအချိန်က နေပြည်တော်၊ ရုံးအမှတ်(၃၉)၌ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ (တတိယအကြိမ်) အစည်းအဝေး ကျင်းပပြုလုပ်သည်။ အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်များ၊ သံယဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ကော်မတီဝင် ညွှန်ကြားရေးမှူးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ တို့ တက်ရောက်ခဲ့သည်။ အခမ်းနား၌ အဏ္ဏဝါဂေဟေစနစ်၊ ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်နိုင်ရေးနှင့် သစ်တောဂေဟစနစ် ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန် စီမံချက်တို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read More »

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေး (ပထမ)နေ့သို့ ဝန်ကြီးချုပ် တက်ရောက်

FI

အောက်တိုဘာ ၂၃ (ပဲခူး) =================================== ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေးအား အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးအနက် (၆၈)ဦးတက်ရောက်ကြသည်။ ရှေးဦးစွာ အစည်းအဝေး မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခြင်းများ ဆောင်ရွက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိန့်ခွန်းပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသည့် မေးခွန်းများမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားများကို ပြုလုပ်ကြရာ အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပြန်လည်ဖြေကြားကြသည်။ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဌမပုံမှန်အစည်းအဝေး (ပထမ)နေ့တွင် မှတ်တမ်းတင်ခြင်း(၁)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု၊ အစီရင်ခံစာ(၁)နှင့် အဆိုတင်သွင်းခြင်း(၁)ခုတို့ ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ …

Read More »