Home / 2017 / October / 27

Daily Archives: October 27, 2017

ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

FI

အောက်တိုဘာ ၂၇(ပဲခူး) ========================== အောက်တိုဘာလ ၂၇ ရက်နေ့ (၀၉:၃၀)နာရီအချိန်ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ အဆိုပါအခမ်းအနား၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက မိုးညိုမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ၊ အားသာချက်၊ အားနည်းချက်များ တင်ပြခဲ့ရာ၊ ဝန်ကြီး က UNDP အကူညအညီ အထောက်အပံ့ဖြင့် မိုးညိုမြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အမှန်တကယ်အကျိုးရှိရှိ အသုံးပြုနိုင်ရေး မှာကြားခဲ့သည်။ အခမ်းနားသို့ ဝန်ကြီး ဦးညွန့်ရွှေ၊ UNDP မှMs.Anki Dellnas နှင့် တာဝန်ရှိ ဌာနေကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိုးညိုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

စီမံ(၁)လျှောက်လွှာ ခေါ်ယူမှု အသိပေးခြင်း

GAD

လျှောက်လွှာတင်သွင်းရာတွင် ပါဝင်ရမည့်အချက်များ ကြည့်ရှုရန်—————— သတိပြုရန်- ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၁)/ ဒုတိယဦးစီးမှူးရာထူးလျှောက်လွှာများ ပေးပို့/ လျှောက်ထားတင်သွင်းရာတွင်- ၁။     လျှောက်လွှာများ ထုတ်ပေးခြင်း/ လက်ခံဆောင်ရွက်ခြင်းများကို ရုံးဖွင့်ရက်များ တွင် နံနက်(၁၀:၀၀)နာရီမှ ညနေ(၁၆:၀၀)နာရီထိ လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ၂။     လျှောက်လွှာများကို (၃၀.၁၁.၂၀၁၇)ရက်နေ့ (၁၆:၀၀)နာရီ နောက်ဆုံးအထိသာ လက်ခံမည်ဖြစ်ပြီး၊ (၁၆:၀၀)နာရီထက် ကျော်လွန်သော လျှောက်လွှာများအား လက်ခံဆောင်ရွက်ပေးမည်မဟုတ်ပါ။

Read More »