Home / 2017 / October / 30

Daily Archives: October 30, 2017

တရားမဝင်သစ် ဖမ်းဆီးရမိမှုသတင်း

FI

အောက်တိုဘာ ၃၀ (ပဲခူး) ==============================               ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၂၆.၁၀.၂၀၁၇) ရက်နေ့ မှ (၂၉.၁၀.၂၀၁၇) ရက်နေ့ အတွင်း တရားမဝင်သစ်ဖမ်းဆီးမှု ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ရွှေကျင်မြို့နယ်၊ သာယာဝတီ ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ်၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပေါင်းတည် မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့၌ တရားမဝင်သစ် ဖမ်းဆီးရမိမှု (၁၅) မှု၊  စုစုပေါင်း ကျွန်း (၁၈.၇၅၉၈ တန်)၊ သစ်မာ (၂.၇၃၇၂ တန်)၊ အခြားသား (၄.၅၅၁၂ တန်)၊ မီးသွေး (၃၁.၂၂၄၄ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် နွား (၂) ကောင်၊ လှည်း (၁) …

Read More »

ဒိုက်ဦးမြို့နယ်ရှိ ဘောနီဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၃၀ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီဌာနမှကြီးမှူး၍ အောက်တိုဘာလ(၃၀)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ဘောနီဆည်အတွင်း ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ်အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း နှစ်စဉ်တိုးပွားလာသော လူဦးရေနှင့်အညီ ငါးစားသုံးမှုမှာလည်း ပိုမိုမြင့်မားလာသည့်အတွက် ဒေသတွင်း ငါးထုတ်လုပ်မှု  ပိုမိုတိုးတက်လာစေရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်နိုင်ရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် ဒေသခံပြည်သူများ၊ ရေလုပ်သားများအနေဖြင့် ရေချိုငါးလုပ်ငန်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ စည်းကမ်းချက်များနှင့် အညီစနစ်တကျ၊ စည်းကမ်းတကျ ဖမ်းဆီးကြရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ငါးမျိုးစိုက်ထည့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဘောနီဆည်အတွင်းသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် တက်ရောက်လာကြသူများက ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ သုံးသိန်းငါးသောင်းအား စုပေါင်းစိုက်ထည့်ကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် …

Read More »