Home / 2017 / October / 31

Daily Archives: October 31, 2017

ပဲခူးမြို့၊ ဘာသာပေါင်းစုံမှ စတုတ္ထအကြိမ်မြောက် ဆုတောင်းပွဲအခမ်းအနားကျင်းပ

FI

အောက်တိုဘာ ၃၁(ပဲခူး) ======================= အောက်တိုဘာလ(၃၁)ရက်နေ့၊ ညနေ(၆)နာရီအချိန်က ပဲခူးမြို့၊ရွှေသာလျောင်းဘုရားဝင်းအတွင်းရှိ သုဝဏ္ဏရွှေဘုံ မဟာမင်္ဂလာဗိမာန်တော်၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအောင်မြင်ရေးအတွက်ဘာသာပေါင်းစုံမှ စတုတ္ထအကြိမ်မြောက် ဆုတောင်းပွဲ အခမ်းအနားကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့သီရိစန္ဒာရုံကျောင်းတိုက် ဆရာတော် အရှင်သုန္ဒရ မှသဘာပတိအဖြစ်ဆောင်ရွက်ကာ ငြိမ်းချမ်းရေးမီးအလင်းတန်း မီးတိုင်ထွန်းညှိပြီး အခမ်းအနား ဖွင့်လှစ်သည်။ ထို့နောက် သဘာပတိဆရာတော်ဘုရားမှဩဝါဒကထာ မြွတ်ကြားပြီးနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ အစ္စလမ်ဘာသာမှ ဆရာတော် အလ်ဟဂျ်ခလီဖွာ ဆရာဦးအေးလွင်(M.Sc)အစ္စလမ်ဗိမာန် ဦးဆောင်ဆော်ဩရေးမှူး (ရန်ကုန်မြို့)မှ ငြိမ်းချမ်းရေးဥယျောဇဉ် ဆုတောင်းမေတ္တာ ပို့သခြင်းကိုလည်းကောင်း၊ ဟိန္ဒူဘာသာမှ ဓမ္မဆရာတော် ဦးဆန်းမင်းနိုင် (ဟိန္ဒူဓမ္မသင်ကြားပို့ချရေး ဗဟိုကော်မတီအစည်းအရုံးရေးမှူး၊ ရန်ကုန်မြို့)မှ ငြိမ်းချမ်းရေး ဥယောဇဉ်ဆုတောင်းမေတ္တာ ပို့သခြင်းကိုလည်းကောင်း၊ ခရစ်ယန်ဘာသာမှ သိက္ခာတော်ရဆရာတော် ဦးလူအေး မက်ဒရစ်အသင်းတော် …

Read More »

ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အဋ္ဌမအကြိမ် အစည်းအဝေးသို့ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ တက်ရောက်

23131787_1526061204149442_8432403924315175033_n

အောက်တိုဘာ ၃၁ (ပဲခူး) ===================================================== ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ၏ အဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ ဦးစွာပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြတ်ကျော်နှင့် ကော်မတီ ဒုတိယဥက္ကဋ္ဌများက အမှာစကားများ ပြောကြားကြသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များက သတ္တမအကြိမ် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို အသီးသီးရှင်းလင်း ဆွေးနွေးညှိနှိုင်းကြပြီး အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ္တမအကြိမ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

FI

အောက်တိုဘာ ၃၁ (ပဲခူး) =================================== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီအချ်န်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုး၍ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ) ဘဒ္ဒန္တဂန္ဓမာထံမှ ကထိန်နုမောဒနာတရား နာကြားကြသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော် ရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံစိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဌာနဆိုင်ရာ အသီးသီးမှ ပဲခူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆရာ၊ဒါယကာ အစီအစဉ်အနေဖြင့် …

Read More »