Home / 2017 / November

Monthly Archives: November 2017

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် (၁၀၀)ပေပတ်လမ်းအတွင်း ပါဝင်သွားသော ရာဘာခြံရှင် များအား လျော်ကြေးငွေပေးချေနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

 နိုဝင်ဘာ ၃၀ (ပဲခူး) ===================================      နိုဝင်ဘာလ ၃၀ ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် (၁၀၀)ပေပတ်လမ်း အတွင်း ပါဝင်သွားသော ရာဘာခြံရှင်များအား လျော်ကြေးငွေပေးချေနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ယခု လျော်ကြေးငွေ ပေးချေနိုင်ရေးအတွက် မြေပြင်အခြေအနေ ကွဲလွဲချက်များအား ထပ်မံကွင်းဆင်း စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လျော်ကြေးငွေပေးလျော်ခြင်းသည် နိုင်ငံတော်ဘဏ္ဍာငွေဖြစ်၍ အလေအလွင့်မရှိ စနစ်တကျဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လေဆိပ်စီမံကိန်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်၏ အကျိုးစီးပွား များစွာဖြစ်ထွန်းနိုင်မည်ဖြစ်၍ ရာဘာခြံရှင်များ အနေဖြင့် မိမိတို့အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းနှင့် ကွင်းဆင်းစိစစ် ခြင်း၊ လျော်ကြေးငွေ ပေးချေခြင်းလုပ်ငန်းများအား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ရာဘာပင်အလိုက် သက်တမ်းကွာခြားချက်များအား ရာဘာလုပ်ငန်းရှင်များအသင်း …

Read More »

အုတ်ဖိုမြို့ ပြည်သူ့ဆေးရုံ (၂)ထပ်ကုသဆောင်နှင့် (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုအား ကြည့်ရှုစစ်ဆေး

FI

နိုဝင်ဘာ ၂၈ (ပဲခူး) =================================== နိုဝင်ဘာလ(၂၈)ရက်နေ့ မွန်လွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌတို့သည် တာဝန်ရှိသူများနှင့်အတူ အုတ်ဖိုမြို့၊ ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်နေသော (၂)ထပ်ကုသဆောင်နှင့် (၆)ခန်းတွဲ (၄)ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။ ယင်းသို့ စစ်ဆေးရာတွင် ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး၊ အဆောက်အဦ ဆောက်လုပ်သည့် ကုမ္ပဏီအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန်၊ အရည်အသွေးပြည့်မီစေရန်နှင့် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ (၂)ထပ်ကုသဆောင်သည် (၁၃၄’×၅၆’)ရှိပြီး ၂၀၁၅-၁၆ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် (၃၁၆၈)သိန်းကျော်ဖြင့်လည်းကောင်း (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာသည် ခွင့်ပြုငွေကျပ် (၅၆၄၂)သိန်းကျော်ဖြင့်လည်းကောင်း SUN SU CONSTRUCTION CO;LTD မှ တာဝန်ယူတည်ဆောက်လျက်ရှိပြီး ၂၀၁၇ခုနှစ် ဒီဇင်ဘာလအကုန်တွင် လုပ်ငန်းအားလုံးပြီး စီးမည်ဖြစ်ကြောင်း သိရသည်။

Read More »

အုတ်ဖိုမြို့ ဗုဒ္ဓမြတ်စွယ်တော် ဂန္ဓကုဋီတိုက်ဖွင့်ပွဲနှင့် ရွှေကြာပလ္လင်ထက်သို့ ပင့်ဆောင်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၂၈ (ပဲခူး) ================================== နိုဝင်ဘာလ(၂၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က အုတ်ဖိုမြို့၊ မြို့လယ်ဓမ္မာရုံ၌ (၂၁)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဂန္ဓကုဋီတိုက်ဖွင့်ပွဲ၊ မြတ်စွယ်တော်အား အပူဇော်ခံရွှေကြာပလ္လင်ထက်သို့ ပင့်ဆောင်ခြင်းနှင့် ဗုဒ္ဓမြတ်စွယ်တော် မြို့လယ်နှစ်ထပ်ဓမ္မာရုံ သာသနာ့ဗိမာန်တော်ကြီး ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာန မောတဿ     သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌ အမှုးပြုသော ဧည့်ပရိတ်သတ်များက နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ထို့နောက် မြို့နယ်သံဃနာယက ဥက္ကဌနှင့် သာသနာ့ဗိမာန် သြဝါဒါစရိယ ဆရာတော်ကြီးက သြဝါဒကထာ ချီးမြှင့်ပြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဗုဒ္ဓမြတ်စွယ်တော် ဂန္ဓကုဋီတိုက်တော် မဂ္ဂင်သော့များကို နာယကကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက ဖွင့်လှစ်ပေးပြီး အပူဇော်ခံ ရွှေကြာပလ္လင်ထက်သို့ ဆရာတော်ကြီးများ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် …

Read More »

ဇီးကုန်းမြို့နယ်၊ သပြေစိန်ကျေးရွာ လျှပ်စစ်မီးလင်းမှုအခြေအနေနှင့်ပတ်သက်၍ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

 နိုဝင်ဘာ ၂၈ (ပဲခူး) ===================================      နိုဝင်ဘာလ (၂၈)ရက်နေ့၊ နံနက် (၈:၃၀)နာရီအချိန်က ဇီးကုန်းမြို့၊ စာတိုက်လမ်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သပြေစိန်ကျေးရွာ လျှပ်စစ်မီးလင်းမှု အခြေအနေနှင့်ပတ်သက်၍ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းပြည်တစ်ခု တည်ဆောက်ရာတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရကြောင်း၊ ကျေးရွာလူထု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်မီးလင်းရေးသည်လည်း တစ်ခုအပါအဝင်ဖြစ်၍ မိမိတို့ကျေးရွာသူ/ကျေးရွာသား များအနေဖြင့် ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် ဇီးကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက သပြေစီန်ကျေးရွာမီးလင်းရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များတင်ပြခဲ့ပြီး၊ ဇီးကုန်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန် အခြေအနေများအား တင်ပြဆွေးနွေး ခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် သပြေစိန်ကျေးရွာမှ လျှပ်စစ်မီးရရှိရေးအတွက် လိုအပ် ချက်များအား …

Read More »

ပြည်သူလူထုတစ်ရပ်လုံး အားကစားလှုပ်ရှားမှု ပိုမိုဆောင်ရွက်နိုင်ရေးအတွက် (ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၂၅ (ပဲခူး) =================================== နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှူးရုံးရှေ့မှစတင်ပြီး ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ၂၀၁၇ခုနှစ် ပဲခူးတိုင်းဒေသကြီး လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယပတ်) ကျင်းပပြုလုပ်သည်။ စုပေါင်းလမ်းလျှောက်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဥပဒေချုပ်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့့်် ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူ စုစုပေါင်းအင်အား (၃၂၁၅၀)ကျော်တို့သည် ရွှေမော်ဓောဘုရားလမ်းမှစတင်ပြီး သနပ်ပင်လမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့ကွင်း၌ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် သွေးပူလေ့ကျင့်ခန်း အတွဲ(၁/၂)တို့အား စုပေါင်းပြုလုပ်ကြသည့်အပြင် ကျောင်းသား/သူများက မိုးလုံလေလုံအားကစားခန်းမတွင် ဘောလုံးဂိုးကျင်း၊ ကြက်တောင်၊ ဘတ်စကတ်စသည့် အားကစားနည်းများကို ပါဝင်ကစားကြကြောင်း သိရသည်။

Read More »

ပြည်တက္ကသိုလ်ဝန်းအတွင်း (၃)ထပ်ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုအား ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

FI

နိုဝင်ဘာ ၂၄ (ပဲခူး) ==================================== နိုဝင်ဘာလ(၂၄)ရက်နေ့ မွန်းလွဲ(၃:၃၀)နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ပြည်မြို့၊ ပြည်တက္ကသိုလ်ဝန်းအတွင်း (၃)ထပ်ဘက်စုံသုံးခန်းမ အဆောက်အဦတည်ဆောက်နေသည့် လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါ ဘက်စုံသုံးခန်းမဆောင်သည် (၁၉၀’×၁၆၄’)ရှိပြီး ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၆၁၇.၄၄၀)သန်းဖြင့် အဆောက်အဦစီးဌာန၊ တည်ဆောက်ရေး(၁)၊ အဆောက်အဦအထူးအဖွဲ့(၃)မှ တာဝန်ယူကာ နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်တည်ဆောက်လျှက်ရှိပြီး ၂၀၁၈ခုနှစ် ဇွန်လတွင် လုပ်ငန်းအားလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

Read More »

ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာနှင့် မြေဝါကုန်းကျေးရွာတို့၌ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲပြုလုပ်

FI

 နိုဝင်ဘာ ၂၄ (ပဲခူး) ===================================      နိုဝင်ဘာလ (၂၄)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာနှင့် မြေဝါကုန်းကျေးရွာတို့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းပြည်တစ်ခု တည်ဆောက်ရာတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နေသလို တစ်ဘက်မှာလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တည်ဆောက်နေရကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ၊ ပြည်တွင်အခွန်ငွေများဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ယခုခါ ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာတွင် ရေနံစမ်းသပ်ရှာဖွေရန် အခြေအနေပေးသောကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြုလုပ်ရခြင်းဖြစ်ပြီး အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေများ ပါဝင်ပျက်စီးသွားမည်ကို စိုးရိမ်စိတ်ပူမှုများ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်ရွှေဆံတော်ဘုရား ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်ရန် အလှူငွေပေးအပ်လှူဒါန်း

FI

နိုဝင်ဘာ ၁၄ (ပဲခူး) ==================================== နိုဝင်ဘာလ(၂၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံနှင့်အတူ ပြည်မြို့၊ ရွှေဆံတော်ဘုရားသို့ သွားရောက်ဖူးမျှော်ပြီး ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ ဘက်စုံပြုပြင်မွမ်းမံမှုများ ပြုလုပ်နိုင်ရန်အတွက် ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့သည်။ ဝန်ကြီးချုပ်မှ ရွှေဆံတော်ဘုရား ရင်ပြင်တော်ရှိ အာရုံခံတန်ဆောင်းများ ရှေးမှုမပျက် ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရန် ဂေါပကအဖွဲ့အား မှာကြားခဲ့ကြောင်း သိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

နိုဝင်ဘာ ၂၃ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင် သစ်တောထွက်ပစ္စည်းများ ရောင်းဝယ်ယူမရှိစေရေး အရှိန်အဟုန်ဖြင့် ဖမ်းဆီးလျက်ရှိရာ သစ်တောဦးစီးဌာနမှ (၁၇.၁၁.၂၀၁၇) ရက်နေ့ မှ (၂၂.၁၁.၂၀၁၇) ရက်နေ့အတွင်း တရားမဝင်သစ် ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ် တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၁)မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၃၃.၄၆၉၈ တန်)၊ သစ်မာ (၂၉.၁၆၈၆ တန်)၊ အခြားသား (၄၇.၂၀၉၂ တန်)၊ မီးသွေး (၂၉.၈၇၅ တန်)နှင့် ဆက်စပ်ပစ္စည်းများအဖြစ် ကား (၃)စီး၊ ဆိုင်ကယ် (၃)စီးနှင့် တရုတ် စက်လွှ(၁) အား …

Read More »

အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

FI

နိုဝင်ဘာ ၂၃ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှုးဖွင့်လှစ်သည့် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်)သင်တန်း ဆင်းပွဲအခမ်းအနားအား နိုဝင်ဝင်ဘာလ(၂၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်သည်။ ထို့နောက် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ သူနာပြုသားဖွားသင်တန်းသူများနှင့်အ ခြေခံပညာ ကျောင်းများမှ သင်တန်းသူများက အခြေခံ(၅၀)ကွက်ကိုလည်းကောင်း၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းတို့မှ သင်တန်းသူများက အခြေခံ(၅၃)ကွက်ကိုလည်းကောင်း သရုပ်ပြသကြသည်။ အဆိုပါ သင်တန်းအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းမှသည် အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် သင်တန်းမှတဆင့် ဗီဇပါရမီရင့်သန်၍ …

Read More »