Home / 2017 / December

Monthly Archives: December 2017

ကျေးရွာသစ်လှုပ်ရှားမှု တောင်သူစုကျေးရွာ ကွန်ကရစ်ကျောင်းလမ်းဖွင့်လှစ်

FI

ဒီဇင်ဘာ ၃၁ (ပဲခူး) ================================== ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာအုပ်စု၊ တောင်သူစုကျေးရွာ၌ မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှု အစီအစဉ်အရ ကွန်ကရစ်ကျောင်းလမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေ၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးလှမြင့်နှင့် ကတွင်းခြံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဦးတို့က ကွန်ကရစ်ကျောင်းလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက အမှာစကားအသီးသီးပြောကြားပြီး ကွန်ကရစ်လမ်းဘေးဝဲ/ယာ မြေအလှုရှင်များနှင့် ထည့်ဝင်ငွေအလှုရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ကျေးရွာနေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ကိုရီးယာနိုင်ငံ မြန်မာဆယ်မားအူးလ်အွန်ဒုံကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းအား ၂၀၁၅-၁၆ခု ဘဏ္ဍာရေးနှစ်တွင် စတင်ခဲ့ပြီး ပဲခူးမြို့နယ်အတွင်းမှ မယင်း၊ ထားဝယ်အင်း၊ တောင်သူစု၊ စျေးညောင်ပင်၊ ပြည်တော်သာ စသည့်ကျေးရွာ(၅)ရွာရရှိကာ ကျေးရွာနေပြည်များနှင့် ပူးပေါင်းပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ အဆိုပါလမ်းသည် …

Read More »

ဒီဇင်ဘာလနောက်ဆုံးပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၃၀ (ပဲခူး) =================================== ဒီဇင်ဘာလနောက်ဆုံးပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်(၅:၃၀)နာရီအချိန်က ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည်။ စုပေါင်းလူထုလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ဝန်ကြီးများ၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းနှင့် ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ခရိုင်/မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ပြည်သူများ စုစုပေါင်းအင်အား (၃၂၀၀၀)ကျော် တက်ရောက်ကြပြီး တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးမှူးရုံးရှေ့တွင် စုရပ်လုပ်ကာ ရွှေမော်ဓောဘုရားလမ်း၊ ရှင်စေပုလမ်း၊ သနပ်ပင်မ်းနှင့် ရုံးရှေ့ဗိုလ်ချုပ်ကြေးရုပ်မှ အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်သည်။ ထို့နောက် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် လမ်းလျှောက်သူများသည် အားကစားကွင်းအတွင် ကိုယ်လက်ကြံ့ခိုင်ရေး သွေးပူလေ့ကျင့်ခန်းအတွဲ (၁)နှင့်(၂)အား စုပေါင်းလေ့ကျင့်ပြုလုပ်ကြကြောင်း သတင်းရရှိသည်။

Read More »

ဇောင်းတူရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

FI

ဒီဇင်ဘာ ၂၉ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၉)ရက်နေ့၊ ညနေ(၃:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးတို့လိုက်ပါလျက် ပဲခူးမြို့နယ်၊ ဇောင်းတူရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဇောင်းတူရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ စက်ရုံမှူး ဦးဇော်ထွန်းက ဇောင်းတူရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ စက်ရုံအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေမှုအား ကြည့်ရှုစစ်ဆေး ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲလာကြပြီဖြစ်၍ စက်ရုံအား ရာသီမရွေး၊ သတ်မှတ်သည့် မဂ္ဂါဝပ်အပြည့် လည်ပတ်နိုင်ရေး၊ စက်ယန္တရားများ ကြံ့ခိုင်နေစေရန် အမြဲစစ်ဆေးသွားရန်နှင့် လျှပ်စစ်မီးအန္တရာယ်ကိုလည်း ဂရုတစိုက်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။          …

Read More »

ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၉ (ပဲခူး) =================== ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက်(၁၀:၄၅)အချိန်က ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာ၊ ရွှေကျင်နိကာယ သာသနဝေပုလ္လဘုန်းတော်ကြီးကျောင်း၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဇောင်းတူကျေးရွာ သာသနဝေပုလ္လကျောင်းတိုက် ဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဇောင်းတူကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးတင့်ဝေက ကျေးရွာဆိုင်ရာ အချက်အလက်များအား တင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က မိမိတို့သည် ဇောင်းတူကျေးရွာအုပ်စုရှိ ပြည်သူများ၏ လိုလားချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ဇောင်းတူကျေးရွာသည် ဘုရားကြီး – ဘောနတ်ကြီး – ဇောင်းတူ- ဖားရွှေကျော် (ဖားရွှေကျော် ဖြတ်လမ်း) ဖောက်လုပ်နေပြီဖြစ်၍ ကျေးရွာနေ ပြည်သူများ၏ လူမှုဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာတော့မည်ဖြစ်ကြောင်း၊ တိုင်းပြည်သည် အပြောင်းအလဲတစ်ခုကို သွားနေပြီဖြစ်၍ ပြည်သူများကလည်း တိုင်းပြည်တိုးရေး ကျရာအခန်းကဏ္ဍမှ အသိတရားဖြင့် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဘုရားကြီး-ဘောနတ်ကြီး-ဇောင်းတူ- ဖားရွှေကျော်(ဖားရွှေကျော် ဖြတ်လမ်း) ဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

ဒီဇင်ဘာ ၂၉ (ပဲခူး) ============================== ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဘုရားကြီး-ဘောနတ်ကြီး-ဇောင်းတူ- ဖားရွှေကျော်(ဖားရွှေကျော်ဖြတ်လမ်း) လမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဘုရားကြီး-ဘောနတ်ကြီး-ဇောင်းတူ- ဖားရွှေကျော်(ဖားရွှေကျော်ဖြတ်လမ်း) လမ်းအား တာဝန်ယူဖောက်လုပ်နေသည့် ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်ထွန်းက လမ်းဖောက်လုပ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း စီမံချက်များအား ရှင်းလင်းပြတင်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က လမ်းဖောက်လုပ်ခြင်းသည် ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ဒေသများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးသည် အဓိက ဖြစ်ကြောင်း၊ ကုန်စည်အပြန်အလှန် ကူးလူးဆက်ဆံနိုင်မှသာ ဒေသခံပြည်သူများ စီးပွားရေး ပိုမို အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ လမ်းဖောက်လုပ်ရာတွင် သစ်တောဧရိယာအတွင်းရှိ စိုက်ခင်း များ ပါဝင်သောကြောင့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် သွားရန်၊ တစ်ချိန်တည်းမှာဘဲ …

Read More »

ပဲခူးတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၉ (ပဲခူး) ================================== ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း အားကစားကွင်း၌ ၂၀၁၇-၂၀၁၈ခု ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့မှ သရုပ်ပြဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများသည် ညီအစ်ကို မောင်နှမများဖြစ်သောကြောင့် တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက ခွင့်လွှတ်ပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြိုင်ပွဲများ အောင်မြင်ချောမွေ့စွာ ကျင်းပပြီးမြောက်နိုင်ရေးအတွက် အနိုင်အရှုံး ပဓာနမထားပဲ ယှဉ်ပြိုင်ခြင်းသည်သာ အဓိကဟူသည့် အတိုင်း စိတ်ဓာတ်အပြည့်နှင့် ယှဉ်ပြိုင်သွားကြဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်များမှ အားစကားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ မူလတန်းအဆင့်(မ) မီတာ(၅၀)အပြေးပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ တွင် …

Read More »

ပဲခူးမြို့အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

ဒီဇင်ဘာ ၂၈ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၈)ရက်နေ့၊ ညနေ(၄:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပဲခူးမြို့အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)၊ လ.လက(၇) စာသင်ကျောင်း ဘောလုံးကွင်းမြေနေရာအား သွားရောက်ကြည့်ရှုခဲ့ပြီး မြေပြင်အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ကျိုက်ပွန်ဘုရားသို့ ရောက်ရှိခဲ့ပြီး ဘုရားဝန်းကျင်နှင့် ဘုရားပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ကျိုက်ပွန်ဘုရားလမ်းအား ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ပြန်လည် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လျာထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။          ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့ရှောင်လမ်းသို့ ရောက်ရှိခဲ့ပြီး မြို့ရှောင်လမ်းမှ ကျောက်တွင်းကုန်းလမ်းဆုံအထိ ဆက်သွယ်ဖောက်လုပ်မည့် လမ်းမြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ရာ၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ …

Read More »

တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

ဒီဇင်ဘာ ၂၈ (ပဲခူး) ===========================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၂၂.၁၂.၂၀၁၇ ရက်နေ့ မှ ၂၇.၁၂.၂၀၁၇ ရက် နေ့အတွင်း တရားမဝင်သစ်ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်၊ ပြည်ခရိုင် ပြည်မြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် သဲကုန်းမြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၃)မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၁၃.၀၉၆၂ တန်)၊ သစ်မာ (၂၅.၅၁၁၂ တန်)၊ အခြားသား (၁၆.၇၇၁၆ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် အင်ဂျင် (၁) လုံး၊ ဆိုင်ကယ် (၂) စီး၊ ကား (၂) စီးနှင့် တရားခံ (၁၀) ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။ …

Read More »

နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၂၇ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၇)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာကော်မတီများ ဖွဲ့စည်းထားခဲ့ပြီးဖြစ်၍ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ အခက်အခဲများနှင့် အကြံပြုတင်ပြချက်များကိုလည်း ဆွေးနွေးပေးစေလိုကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး နော်ပွယ်စေးက အလံတင်အခမ်းအနားနှင့် ညစာစားပွဲ အခမ်းအနားတွင် မွန်ရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် ကရင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့တို့မှ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။          ထို့နောက် ဘဏ္ဍာရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ဧည့်ခံရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ၊ အလံတင်အခမ်းအနားနှင့် အလေးပြုရေးဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ၊ လျှပ်စစ်မီးလင်းရေးနှင့် မီးအလှဆင်ရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ …

Read More »

သဘာဝသယံဇာတ ထုတ်ယူမှုနောက်ကွယ်မှ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုအား အထူးလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးကြောင်း ဝန်ကြီးချုပ် ပြောကြား

FI

ဒီဇင်ဘာ ၂၇ (ပဲခူး) ==================================        ဒီဇင်ဘာလ(၂၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ကညောထူးဒိုစိုးကုမ္ပဏီလီမိတက်မှ ဒေါက်တာသီဟစိုးနှင့် ဦးနိုင်ညီဝင်းတို့မှ ရွှေကျင် မြို့နယ်အတွင်း ရွှေသတ္တုတူးဖော်နိုင်ရေး လာရောက်တွေ့ဆုံသည်။           ရှေးဦးစွာ ဒေါက်တာသီဟစိုးက ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာအုပ်စု၊ အရှေ့မြောက်ဘက် (၁၆)ကီလိုမီတာအကွာ ခူလာတောင်ပတ်ဝန်းကျင်ရှိ ဘုရားဒကာလုပ်ကွက် မြေဧရိယာ(၂၀)ဧကတွင် ရွှေသတ္တုတူးဖော်နိုင်ရေးအတွက် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ မြေပြင်တွင် (၄)ပေ ပတ်လည် ကျင်း(၂)ကျင်း တူးဖော်ပြီး မြေအောက်လှိုင်ခေါင်းစနစ်ဖြင့် တူးဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ကျွန်းပင်များ ပြန်လည်စိုက်ပျိုးပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့လုပ်ကွက်၏ (၂)ကီလိုမီတာပတ်လည်အတွင်း ကျေးရွာများ၊ စိုက်ပျိုးမြေများ၊ ရှေးဟောင်း ယဉ်ကျေးမှု အဆော်အဦများမရှိပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။          ထို့နောက် ဝန်ကြီးချုပ်က သဘာဝသယံဇာတ ထုတ်ယူမှုနောက်ကွယ်မှ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုအား အထူးလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် …

Read More »