Home / 2017 / December / 05

Daily Archives: December 5, 2017

ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

ဒီဇင်ဘာ ၅ (ပဲခူး) ===============================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၃၀.၁၁.၂၀၁၇ ရက်နေ့ မှ ၄.၁၂.၂၀၁၇ ရက်နေ့အတွင်း တရားမဝင်သစ်ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ အုတ်တွင်း မြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင် ကျောက်တံခါးမြို့နယ်၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်များ၌ တရားမဝင်သစ် ဆောင်ရွက် နေမှု (၇)မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၁၁.၅၃၂၈ တန်)၊ သစ်မာ (၃.၇၆၈၀ တန်)၊ အခြားသား (၁.၉၅၉၆ တန်)၊ မီးသွေး (၆၃.၉၇၇၈ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် စက်လှေ (၁)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

ပဲခူးစာအုပ်လမ်း (Bago Book Street)ဖွင့်ပွဲသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဒီဇင်ဘာ ၅ (ပဲခူး) ================================== ဒီဇင်ဘာလ(၅)ရက်နေ့ ညနေ(၄)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့၌ စာပေချစ်မြတ်နိုးသူများအတွက် ပဲခူးစာအုပ်လမ်း (Bago Book Street)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှုးများအဖွဲ့ဝင် ဦးဝင်းထိန်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဌ ဦးသိန်းဒန်က ပဲခူးစာအုပ်လမ်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် စတုဒီသာကျွေးမွေးလှူ ဒါန်းပေးသော 5BBကုမ္ပဏီမိသားစုနှင့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် စာအုပ်လမ်းဖြစ်မြောက်ရေးကော်မတီတို့အား ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်နှင့် ဝန်ကြီးချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် ပဲခူးစာအုပ်လမ်း (Bago Book Street) ပွဲတော်အား ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ …

Read More »

ဝန်ကြီးချုပ်ဖလား တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၅ (ပဲခူး) ================================== ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ ဟင်္သာတင်းနစ်အားကစားကွင်း၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နေ့လည်(၁၂:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးဖလား မြို့နယ်ကလပ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တတိယရရှိသော ဟင်္သာကလပ်(က)အသင်းအား ပဲခူးတိုင်းဒေသကြီး တင်းနစ်ကော်မတီ နာယက ဦးအောင်ဝင်းမှလည်းကောင်း၊ ဒုတိယရရှိသော ပြွန်တန်ဆာကလပ်အသင်းအား ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ငယ်မှလည်းကောင်း၊ ပထမရရှိသော ဟင်္သာကလပ်(ခ)အသင်းအား ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များအား အသီးသီးချီးမြှင့်သည်။ ထို့နောက် ပထမတံခွန်စိုက်ဆုဖလားရရှိသော ဟင်္သာကလပ်(ခ)အသင်းအား သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံမှ တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုပေးအပ်ချီးမြှင့်သည်။ အဆိုပါ တင်းနစ်ပြိုင်ပွဲအား ဒီဇင်ဘာလ(၂)ရက်နေ့မှ (၅)ရက်နေ့အထိ ကျင်းပပြုလုပ်ပြီး ဟင်္သာကလပ်(က)အသင်း၊ ဟင်္သာကလပ်(ခ)အသင်း၊ ဟင်္သာကလပ်(ဂ)အသင်း၊ ပြွန်တန်ဆာကလပ်အသင်း၊ ဇေယျဝတီကလပ်အသင်း စသည့်အသင်း(၅)သင်း ပါဝင်ကာ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြပြီး …

Read More »