Home / 2017 / December / 07

Daily Archives: December 7, 2017

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

FI

ဒီဇင်ဘာ ၇ (ပဲခူး) ================================== ဒီဇင်ဘာလ(၇)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ မြို့လယ်ကံကြီးဘုန်တော်ကြီးကျောင်း၊ ကန်ကြီးဣစ္ဆာသယဗိမာန်တော်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကာလှူ ဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိနှင့်အဖွဲ့သည် သာဂရနယ်ဒေသအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသခံများကလည်း မိမိတို့ဒေသအတွက် လိုအပ်နေသော ဖွံ့ဖြိုးရေးကိစ္စရပ်များအား ပွင့်လင်းစွာတင်ပြပေးရန်နှင့် တာဝန်ရှိဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန်၊ ဒေသဖွံ့ဖြိုးရန်အတွက် ပြည်သူများက စည်းကမ်းရှိစွာ၊ စည်းစနစ်ရှိစွာဖြင့် ဝိုင်းဝန်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ ယင်းနောက် တက်ရောက်လာကြသော ကြာအင်းကုန်း၊ ဒေါင့်အင်းကုန်း၊ ဝဲဒေါင့်၊ ကျိပ္ပတီး၊ မြို့လှ၊ ကက္ကူ …

Read More »

ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပေါ်ရှိ စစ်တောင်းတံတား တည်ဆောက်နေမှုနှင့် တောင်ငူမြို့ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

FI

ဒီဇင်ဘာ ၇ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ စစ်တောင်းတံတား တည်ဆောက်နေမှုလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ ရှေးဦးစွာ အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-နေပြည်တော်အမြန်လမ်းနှင့် ဆက်သွယ်သော အရှည်(၂)မိုင်(၂)ဖာလုံရှိ မြေစီးရွာသစ်-သိုးကြီးကရင်လမ်းနှင့် အရှည်(၂)မိုင် (၂.၅)ဖာလုံရှိ ကျွဲပွဲ-မြို့စိုးလမ်း၊ အရှည်(၁၂)မိုင် (၄)ဖာလုံရှိ ဝဲဒေါင့်-ရေလောင်း ကျောက်ချောလမ်းတို့အား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား(မြို့စိုး) တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းနှင့် တံတားအထူးအဖွဲ့(၁၀) ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်ဝင်းတို့က စစ်တောင်းတံတား တည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အထူးဂရုစိုက်လုပ်ဆောင်ကြရန်၊ ဒေသခံပြည်သူများနှင့် နိုင်ငံတော်၊ တိုင်းဒေသကြီးအတွက် အကျိုးဖြစ်ထွန်းစေမည့် …

Read More »

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီအစည်းအဝေး (၁/၂၀၁၇)ကျင်းပပြုလုပ်

FI

ဒီဇင်ဘာ ၇ (ပဲခူး) ======================== ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ အစည်းအဝေး (၁/၂၀၁၇)ကို ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ဒီဇင်ဘာလ(၇) ရက်နေ့၊ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီ ဥက္ကဌ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်မှ အမျိုးသမီးများတန်းတူ အခွင့်အရေးရရှိစေရန်၊ မတရားခွဲခြားဆက်ဆံမှုများ အကြမ်းဖက်မှုများ၊ အမျိုးသမီးများလုံခြုံစိတ်ချစွာ မိမိတို့လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန်၊အမျိုးသမီးများ အားကိုးအားထိုက်သော အဖွဲ့အစည်းဖြစ်ရန်အတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးသုတမှ ကော်မတီ၏လုပ်ငန်းတာဝန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြောကြားကာ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ ပညာရေး၊ ကျန်းမာရေး၊ လေ့ကျင့်ပေးရေး၊ အကြမ်းဖက်မှု အရေးပေါ်အခြေအနေများ၊ စီးပွားရေး အခြေအနေများနှင့်စပ်လျဉ်း၍ အလုပ်အကိုင် အခွင့်အလမ်းအခြေအနေများ၊ မီဒီယာမှတစ်ဆင့် အသိပညာပေးဆောင်ရွက်ချက်များ၊ လူမှောင်ခိုကူးမှုများ ပပျောက်စေရန် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်းစသည်တို့ကို အသီးသီးဆွေးနွေးတင်ပြကြသည်။ …

Read More »