Home / 2018 / January / 01

Daily Archives: January 1, 2018

ပဲခူးမြို့၊ ဗိမာန်ရှင်မျက်စိကုသဆောင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၁ (ပဲခူး) =================================== ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ တိဿလမ်းရှိ ဗိမာန်ရှင်လူမှုရေးနှင့် နာရေးကူညီမှုအသင်းရုံး ပရဝဏ်အတွင်း၌ ဇန်နဝါရီလ(၁)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ဗိမာန်ရှင်မျက်စိကုသဆောင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မျက်စိကုသဆောင်အား နာယကသြဝါဒစရိယ ဆရာတော်ကြီးများဖြစ်သော သာသနာ့မဏ္ဍိုင်ကျောင်းတိုက်ဆရာတော်၊ အောင်ဇေယျာစာသင်တိုက်ဆရာတော်၊ ချမ်းမြေ့ရိပ်မြိုင်ဆရာတော်၊ ပတ္တမြားဆရာတော်နှင့် အဆောက်အဦအလှုရှင် ဦးမျိုးလွင်မိသားစုတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။ ဗိမာန်ရှင်မျက်စိခွဲစိတ်ကုသဆောင်သည် အလျား(၃၃)ပေ၊ အနံ(၂၃)ပေ (၁)ထပ်RCအဆောက်အဦဖြစ်ပြီး ပဲခူးမြို့နေ ဦးမျိုးလွင်+ဒေါ်တင်တင်ပြုံး မိသားစုမှ ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်ပြီး မျက်စိခွဲစိတ်စမ်းသပ်မည့် စက်ကိရိယာပစ္စည်းများ ပတ္တမြားဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် တပည့်ဒါယကာ၊ ဒါယိကာမများမှ လှူဒါန်းပေးကြောင်း သိရသည်။ အဆိုပါမျက်စိကုသခွဲစိတ်ဆောင်၌ မျက်စိဝေဒနာရှင်များ ၂၀၁၈ခုနှစ် ဇန်နဝါရီလမှစတင်ပြီး မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦး ဦးဆောင်ကာ မျက်စိကျန်းမာရေးဝန်ထမ်းများက ဗိမာန်ရှင်လူမှုရေးနှင့် နာရေးကူညီမှုအသင်းကြီးမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး အခမဲ့ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးကြမည်ဖြစ်ရာ ဆင်းရဲနွမ်းပါးသော မျက်စိဝေဒနာရှင်များအတွက် မျက်စိအလင်းဒါန လှူဒါန်းကုသိုလ်ပြု …

Read More »