Home / 2018 / January / 10

Daily Archives: January 10, 2018

ပဲနို့ကြိတ်စက်ဝယ်ယူရန် အလှူငွေလာရောက်လှူဒါန်း

FI

ဇန်နဝါရီ ၁၀ (ပဲခူး) =========================== ဇန်နဝါရီလ ၁၀ ရက်နေ့၊ ညနေ(၄:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ရုံးခန်းသို့ ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများအတွက် ပဲနို့ကြိတ်စက်များ ဝယ်ယူနိုင်ရန် ရန်ကုန်မြို့၊ ရွှေမိုးဝေကုမ္ပဏီလီမိတက်(စက်ပစ္စည်းတင်သွင်းခြင်းလုပ်ငန်း)၊ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းဝင်းမှ အလှူငွေကျပ် (၄၂)သိန်းတိတိအား ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းငွေ (၄၂)သိန်းအား မြို့နယ်(၂၈)မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအတွက် ပဲနို့ကြိတ်စက် (၁)မြို့နယ်လျှင် စက်(၁)လုံးစီ ဝယ်ယူထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Read More »

မြန်မာ့စီးပွားရေးဘဏ်မှ SME လုပ်ငန်းရှင်များသို့ နှစ်လတ်ချေးငွေထုတ်ချေးရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

FI

ဇန်နဝါရီ ၁၀ (ပဲခူး) ================================= ဇန်နဝါရီလ(၁၀)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ်မှ SME လုပ်ငန်းရှင်များသို့ နှစ်လတ်ချေးငွေ ထုတ်ချေးရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေတို့က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်များမှ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ ငွေစုဘဏ်လုပ်ငန်းနှင့် ဖွံ့ဖြိုးရေးချေးငွေဌာန၊ အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရည်က SME နှစ်လတ်ချေးငွေများဆိုင်ရာကိုလည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်း ပဲခူးတိုင်းဒေသကြီး တိုင်းတာဝန်ခံက အာမခံထားရှိခြင်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသော SME လုပ်ငန်းရှင်များက သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း SME မှတ်ပုံတင်လက်မှတ်ရ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင် ယနေ့အထိ စုစုပေါင်း(၁၁၀၀)ကျော်ရှိပြီး မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်စေရန်ရည်ရွယ်ပြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

ဇန်နဝါရီ ၁၀ (ပဲခူး) ============================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၃.၁.၂၀၁၈) ရက်နေ့ မှ (၈.၁.၂၀၁၈) ရက်နေ့အတွင်း တရားမဝင်သစ်ဖမ်းဆီးမှု ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ ရေတာရှည် မြို့နယ်နှင့် အုတ်တွင်းမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ရွှေကျင်မြို့နယ်၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ လက်ပံတန်း မြို့နယ်နှင့် မင်းလှမြို့နယ်၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၃) မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၃၁.၇၄၂၄ တန်)၊ သစ်မာ (၅.၅၄၆၄ တန်)၊ အခြားသား (၇.၀၅၅၄ တန်)၊ မီးသွေး (၁၂.၉၀၆၆ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် အင်ဂျင်(၁)လုံး၊ ထော်လာဂျီ(၁)စီးနှင့် တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါ တရားမဝင်သစ်ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ …

Read More »

ပဲခူးမြို့တွင် ကလေးစာပေပွဲတော် ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၁၀ (ပဲခူး) ========================= ဇန်နဝါရီ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့ကွင်းပြင်၌ ပဲခူးမြို့ စာပေချစ်သူများအဖွဲ့မှ ဦးဆောင်၍ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၁)နှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဘင်ခရာ၊ပန်းပွားအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး ကလေးစာပေပွဲတော်အခမ်းအနားအား ထူးချွန်ကျောင်းသား/သူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် စာပေချစ်သူများအဖွဲ့ နာယက ဦးသိန်းဒန်က နှုတ်ခွန်းအမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်က ကလေးစာပေပွဲ(ပဲခူး)ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောညိုဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။ “မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့် ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ အပြောအဆိုနှင့် နှုတ်မှုရေးရာ စွမ်းရည်များမြင့်မားလာစေရန်၊ စာပေနှင့်ရင်းနှီးပြီး ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် ဖန်တီးပေးရန်” စသည့် ရည်ရွယ်ချက်များဖြင့် ပဲခူးစာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဇန်နဝါရီလ(၁၀)ရက်နေ့မှ …

Read More »