Home / 2018 / February

Monthly Archives: February 2018

တောင်ငူမြို့နယ် ပန်းပဲတိုးချဲ့ကြိုးဝိုင်းနှင့် ခပေါင်းကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

FI

ဖေဖော်ဝါရီ ၂၈ (ပဲခူး) ==================           ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်(၃)၏ သတင်းဖော်ထုတ်ချက်အရ (၂၇-၂-၂၀၁၈) ရက်နေ့တွင် (သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် စီမံခန်ခွဲရေး)ဦးဆောင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တောင်ငူ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ အုတ်တွင်းမြို့နယ်၊ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်များမှ ဦးစီးအရာရှိများ၊ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ တောင်ငူမြို့နယ်၊ ပန်းပဲတိုးချဲ့ကြိုးဝိုင်းနှင့် ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်း/သစ်မာ၊ သစ်လုံး/ခွဲသား စုစုပေါင်း (၄၆)တန်ခန့်နှင့် တရားမဝင် သစ်စက်အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါတရားမဝင်သစ်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ဆက်လက်၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Read More »

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှ ဝင်္ဂဘော်ဆင်စခန်းအား လာရောက်ကြည့်ရှု

FI

ဖေဖော်ဝါရီ ၂၈ (ပဲခူး) ==================           ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ညနေ(၄)နာရီအချိန်က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှ ပဲခူး မြို့နယ်၊ ဝင်္ဂဘော်ကျေးရွာ၊ ဝင်္ဂဘောဆင်စခန်းသို့ ရောက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများ၊ ဝင်္ဂဘော် ဆင်စခန်း တာဝန်ခံတို့နှင့် တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ မြန်မာ့သစ်လုပ်ငန်း၊ အထွေထွေမန်နေဂျာ(ရုံးချုပ်) ဦးလှမိုးအောင်နှင့် ဒုတိယ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးတို့က ဝင်္ဂဘော်ဆင်စခန်းနှင့်ပတ်သက်သည့် အချက်အလက်များ Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ ဒုတိယ သမ္မတက လိုအပ်သည်များ ဖြည့်စွက် လမ်းညွန်မှာကြားခဲ့ပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဝင်္ဂဘော်ဆင်စခန်းမြေ အမည်ပေါက်ရရှိရေး၊ ခြံစည်းရိုးကာရံနိုင်ရေးတို့ ဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။           ထို့နောက် ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝင်္ဂဘော်ဆင်စခန်းအတွင်းရှိ ဆင်များအား …

Read More »

ဒီမိုကရေစီကူးပြောင်းချိန်၌ ပဲခူးတိုင်း​​ဒေသကြီး၏ အဓိကဦးစားပေး ဆောင်ရွက်ချက်များအား သိရှိနိုင်ရန် အမေရိကန်သံအမတ်ကြီး လာရောက်တွေ့ဆုံ

FI

ဖေဖော်ဝါရီလ ၂၈ (ပဲခူး) ===========================           ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ အမေရိကန်သံရုံးမှ သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ဝန်ကြီးချုပ်ထံ လာရောက်တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ အမေရိကန်သံရုံးမှ သံအမတ်ကြီး H.E. Mr. Scot Marciel က ဒီမိုကရေစီကူးပြောင်းချိန်၌ ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ၊ အဓိကဦးစားပေး ဆောင်ရွက်ချက်များနှင့် မြေယာကိစ္စရပ်များအား မေးမြန်းခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်က ဒီမိုကရေစီကူးပြောင်းချိန်တွင် အဓိကစိန်ခေါ်မှုများအနက်မှ အရေးကြီးဆုံးသည် ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်မှာလည်း (၂၁)ရာစု ပင်လုံညီလာခံ ဆောင်ရွက်ခဲ့သလို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ကြောင်း၊ စီးပွားရေးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ခဲ့သော အင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၂၈ (ပဲခူး) ======================= ဖေဖော်ဝါရီလ(၂၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ခဲ့သော အင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က အင်္ဂလိပ်ဘာသာစကားသည် ယနေ့အချိန်၌ မည်သည့်လူ့အဖွဲ့အစည်း အတွက်မဆို အလွန်အရေးပါလျက်ရှိကြောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများဖြင့် ချိတ်ဆက်ဆောင်ရွက် ရာတွင် ဌာနဆိုင်ရာများအနေဖြင့် အင်္ဂလိပ်စာစွမ်းရည် မြင့်မားနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုပတ်ဝန်းကျင်တွင် အင်္ဂလိပ်စာ ဘာသာစကားနှင့် ဆက်နွယ်နေမှုများရှိကြောင်းနှင့် ယခုလို ဌာနဆိုင်ရာဝန်ထမ်းများအား အင်္ဂလိပ်စာ စွမ်းရည်မြှင့် သင်တန်းပို့ချပေးခဲ့သော သင်တန်းဆရာ ဦးဖြိုးဇာနည်ဝင်းအား ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဆရာ ဦးဖြိုးဇာနည်ဝင်းမှ သင်တန်းအတွေ့အကြုံများအား ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပြီး၊ ဝန်ကြီးချုပ်က သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်နှင့် သင်တန်းဆရာအား အမှတ်တရဂုဏ်ပြုလက်မှတ် …

Read More »

ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်ပကုမ္ပဏီ(၂)ခု လာရောက်တွေ့ဆုံ

FI

ဖေဖော်ဝါရီ ၂၇ (ပဲခူး) ========================              ဖေဖော်ဝါရီလ (၂၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီ:အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမသို့ ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်ပ ကုမ္ပဏီ(၂)ခုမှ လာရောက်တွေ့ဆုံသည်။               ရှေးဦးစွာ PT. Amerta Indah Otsuka Company မှ ပဲခူးမြို့နယ်အတွင်း POCARI အားဖြည့်အချိုရည် ထုတ်လုပ်သည့်စက်ရုံကိုလည်းကောင်း၊ HANSAE ကုမ္ပဏီမှ ပဲခူးမြို့နယ်အတွင်း အထည်အလိပ်နှင့်ပတ်သက်သည့် အထည်ချုပ်စက်ရုံအကြီးစား ဆောက်လုပ်နိုင်ရေးကိုလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့သည်။                 ရှေးဦးစွာ ဝန်ကြီးချုပ်က အဆွေတော်တို့ လုပ်ကိုင်ဆောင်ရွက်မည့် စီမံကိန်းများသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာဖြစ်ပေါ်စေနိုင်ကြောင်း၊ တိုင်းပြည် အတွက်လည်း အခွန်ဘဏ္ဍာငွေများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စက်ရုံများတည်ဆောက်မည့် ဒေသ၌ လမ်းပန်းဆက်သွယ်ရေးများ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစသည့် အခြေခံအချက်အလက်များ ရရှိ ခံရမည်ဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် …

Read More »

ပြည်သူလူထုအား တိုင်းရင်းဆေးဖြင့် အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ ပဲခူးမြို့တွင်ဖွင့်လှစ်

FI

ဖေဖော်ဝါရီ ၂၇ (ပဲခူး) ================================== ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၇)ရပ်ကွက်၊ ဓမ္မစေတီလမ်းတွင် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူလူထုအား တိုင်းရင်းဆေးဖြင့် အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဦးမောင်မောင်ရွှေ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ တိုင်းရင်းဆေးပညာဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးကျော်သိန်းဌေး၊ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးစိုးမိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အဆောက်အဦသစ် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ ကြေးပြားကမ္ဗည်းမော်ကွန်းကို နံ့သာရည်များ ပက်ဖြန်းပြီး အဆာက်အဦအတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားပြောကြားပြီး Diamond City ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အဆောက်အဦသစ်နှင့် (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာတို့ကို ဒုတိယ …

Read More »

ပြည်ထောင်စုအဆင့် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု ပဲခူးတိုင်းဒေသကြီး ဒုတိယဆုရရှိ

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) ======================== ၂ဝ၁၇ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ဓါတ်ပုံပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် အတက်ကြွဆုံး လှုပ်ရှားပါဝင်ခဲ့သည့် မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီ အချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကား ပြောကြားကာ ဆုများချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင် နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာ ရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ကယားပြည်နယ်၊ စည်ပင်သာယာရေးနှင့်လူမှုရေး ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန …

Read More »

တရားမဝင်သစ်ဖမ်းဆီးရမိမှုသတင်း

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) ======================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၁၉.၂.၂၀၁၈) ရက်နေ့မှ (၂၅.၂.၂၀၁၈) ရက်နေ့အတွင်း တရားမဝင်သစ် ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်နှင့် လက်ပံတန်းမြို့နယ်၊  ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့၌ တရားမဝင်သစ် ဆောင်ရွက်နေမှု (၁၄)မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်းကျွန်း (၃၅.၂၁၈၃ တန်)၊ သစ်မာ (၄၆.၁၉၆၆ တန်)၊ အခြားသား (၂.၉၅၂၈ တန်)၊ မီးသွေး (၂၆.၄၈၄၈ တန်)နှင့် ဆက်စပ်ပစ္စည်းများအဖြစ် တရားခံ (၂) ဦး၊ ဆိုင်ကယ် (၉) စီးနှင့် ကား (၁) စီးအား ဖမ်းဆီးရမိခဲ့ပါသည်။             အဆိုပါတရားမဝင်သစ်နှင့် …

Read More »

ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၂၆  (ပဲခူး) ================================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ Renaissance Instituteနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်မိတ်ဆက် ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေတို့က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းစာစောင် (Citizen Budget)ကို ထုတ်ဝေခြင်းနှင့် ၎င်း၏အရေးပါသည့် အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ Renaissance Institute နှင့် The Asia Foundation တို့မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ရသုံးမှန်ခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးက တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း စာစောင်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသူများက …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၂၆ (ပဲခူး) ================           ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ဖေဖော်ဝါရီလ (၂၆)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအဆင့် လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် လူငယ်ထုဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါလှသော လူငယ်ရေးရာမူဝါဒအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် မိတ်ဆက်ဖြန့်ချိပေးခဲ့ပြီးဖြစ်သလို ယခုအခါ ပဲခူးတိုင်းဒေသကြီးတွင်လည်း ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ (၃၅.၅၈%)သည် အသက် (၁၅)နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များသည် နိုင်ငံ အတွက် တန်ဖိုးမဖြတ်နိုင်သော လူစွမ်းအား အရင်းအမြစ်များဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး၊  မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ပြန်လည်ထူထောင်ရေး စသည့် လူငယ်ထုနှင့် နိုင်ငံတော်အတွက် အလွန်အကျိုးဖြစ်ထွန်းစေသော လုပ်ငန်းစဉ်များအား ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်းနှင့် လူငယ်ရေးရာမူဝါဒနှင့်အတူ ဖြစ်ပေါ်လာမည့် လူငယ်ကိုယ်စားလှယ်များ …

Read More »