Home / 2018 / February / 01

Daily Archives: February 1, 2018

ကျောင်းဝတ်စုံဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Presentation1

ဖေဖော်ဝါရီ ၁ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးအောက်ရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/ သူများအတွက် ကျောင်းဝတ်စုံများ ဝယ်ယူရန်ရှိပါသဖြင့် စိတ်ဝင်စားသည့် ပြည်တွင်း မြန်မာနိုင်ငံသားကုမ္ပဏီ/လုပ်ငန်းရှင်များမှ စာရင်းပေးသွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ အိတ်ဖွင့်တင်ဒါလျှောက်လွှာအား ရုံးချိန်အတွင်း ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံး၊ ပဲခူးမြို့ တွင် ဝယ်ယူရရှိနိုင်ပါသည်။ တင်ဒါစတင်ရောင်းချမည့်ရက် (၂၉-၁-၂၀၁၈) တင်ဒါပိတ်မည့်ရက်                (၉-၂-၂၀၁၈) ဆက်သွယ်ရန်၊ 052-2201050၊052-2221924 အချက်အလက်အပြည့်အစုံကြည်ရှုရန်————————-

Read More »

ပဲခူးမြို့တွင် (၇၁)ကြိမ်မြောက်မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဖေဖော်ဝါရီ ၁ (ပဲခူး) ================================== ပဲခူးမြို့၊ ရွှေမော်ဓောဘုရားအနောက်ဘက်မုခ်ရှိ မွန်ဓမ္မာရုံ၌ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က (၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် မွန်အမျိုးသားအလံတို့အား အလေးပြုကြပြီး သဘာပတိ နိုင်ရဲအောင်မြင့်က အဖွင့်အမှာစကား ပြောကြားကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ထံမှ ပေးပို့သော မွန်အမျိုးသားနေ့ သဝဏ်လွှာတို့ကို အငြိမ်းစားဥပဒေအရာရှိ ဒေါ်မြင့်မြင့်ဝေနှင့် ပဲခူးမြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ နိုင်မင်းချစ်အောင်တို့က ဖတ်ကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က မိန့်ခွန်းအသီးသီး ပြောကြားကြပြီး မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဥက္ကဌ နိုင်စိုးသိန်းမှ မွန်အမျိုးသားနေ့ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် စာပေထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ မွန်လူမျိုးတို့၏ …

Read More »

မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ Mobile Application မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၁ (ပဲခူး) ================================= ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံက်(၉)နာရီအချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျန်းမာရေး အသိပညာပေး “Love Question – Life Answer” “အချစ်ပုစ္ဆာဘဝအဖြေရှာ” မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ Mobile Application မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက သုတေသနတွေ့ရှိချက်အရ ဆယ်ကျော်သက်လူငယ်များတွင် ကိုယ်ဝန်ဆောင်မှု၊ မွေးဖွားမှုများမြင့်တက်လာခြင်း၊ HIV/AIDS ဆိုင်ရာ ဗဟုသုတနည်းပါးနေခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာ များရှိနေခြင်းတို့သည် အဓိကစိန်ခေါ်မှုများဖြစ်သဖြင့် ဝိုင်းဝန်းကိုင်တွယ် ဖြေရှင်းဖို့လိုအပ်ကြောင်း၊ လူငယ်ဆိုတဲ့အတိုင်း သူ့သဘာဝအလျောက် လေ့လာရင်းစူးစမ်းရင်းကနေ လမ်းမှားကို ရောက်မသွားအောင် ကြိုတင်ကာကွယ်ပေးကြဖို့လိုကြောင်း၊ လူငယ်ထုအတွင်း ကျန်းမာရေးအသိပညာ မြင့်မားစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် Mobile Application အကြောင်းကို Health Literacy Promotion …

Read More »