Home / 2018 / February / 02

Daily Archives: February 2, 2018

ပဲခူးမြို့နယ်အတွင်း စက်မှုဇုန်လုပ်ငန်းများ ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်

FI

ဖေဖော်ဝါရီ ၂ (ပဲခူး) ========================= ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နံနက်(၁၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ စက်မှုဇုန်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကိုရီးယားနိုင်ငံအခြေစိုက် Korea Industrial Complex Co., Ltd (KIC), Representative Director & CEO, Mr.Baeho Cho ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက် တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Mr.Baeho Cho က မိမိတို့ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံ အတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ကုမ္ပဏီတွင် အင်ဂျင်နီယာပေါင်း(၇၀၀)ကျော်ဖြင့် မီးရထားလမ်း၊ ကားလမ်းနှင့် တံတားများအား တာဝန်ယူတည်ဆောက်လျက်ရှိပါကြောင်း၊ စီးပွားရေးကို အဓိကမထားပဲ မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများ၊ ဒေသအတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိနိုင်ရေးကို ကြိုးစားဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တင်ပြဆွေနွေးခဲ့သည်။ ထို့နောက် …

Read More »

ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ်ပွဲကျင်းပ

FI

ဖေဖော်ဝါရီ ၂ (ပဲခူး) ================================== ဖေဖော်ဝါရီလ(၂)ရက်နေ့၊ နံနက်(၉)နာရီအချိန်က မြန်မာ့မီးရထားဌာန၊ ပဲခူးဘူတာကြီး(ဧည့်ရိပ်သာခန်းမ)၌ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံးရေးရုံးမှ လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ရင်း မတော်တဆ ထိခိုက်ဒဏ်ရာရ သေဆုံးသွားသူ၏ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံ ဦးချစ်ကိုကိုက ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်ရရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံးရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ရင်း မတော်တဆထိခိုက်ဒဏ်ရာရ သေဆုံးသွားသည့် ဒိုက်ဦးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထားဌာနမှ၊ အာမခံအလုပ်သမား ဦးစောထူးမွန်အောင်၏ နာရေးစရိတ် ထောက်ပံ့ငွေကျပ်(၃)သိန်းခွဲကျော်နှင့် ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ငွေလုံးငွေရင်း(၄ဝ)သိန်းကျော် စုစုပေါင်းငွေကျပ် (၄၄)သိန်းကျော်ကို ဝန်ကြီးက သေဆုံးသူ၏ ဇနီးနော်မေနှင်းရွှေထံပေးအပ်ပြီး မြန်မာ့မီးရထားဌာန လက်ထောက်အထွေထွေမန်နေဂျာ ဦးယဉ်မင်းဦးက ကျေးဇူးတင်စကား …

Read More »