Home / 2018 / February / 04

Daily Archives: February 4, 2018

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း သရုပ်ပြခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဖေဖော်ဝါရီ ၄ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူးပြီး ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ဥဿာမြို့သစ်၊ (၈)ရပ်ကွက်၊ မြို့ရှောင်လမ်းဘေးရှိ အငြိမ်းစားဝန်ထမ်းအိမ်ရာတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း (သီဟဟင်္သာ)သရုပ်ပြသခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ UN – HABITAT မှ ဒေါ်သိမ့်ရီစိုးက ငလျင်အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးပြီး ငလျင်လှုပ်ခတ်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲရမည့်လုပ်ငန်းစဉ်များ၊ ကယ်ဆယ်ရှင်းလင်းရေး လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ ကျန်းမာရေးစောင့်ရှောက်ရမည့် လုပ်ငန်းစဉ်များ၊ ဒဏ်ရာရရှိသူများနှင့် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ် ဘေးကင်းရာအရောက်ပို့ဆောင်ရမည့် လုပ်ငန်းများနှင့် ငလျင်လှုပ်ပြီးနောက် လူနေအိမ်မှဝါယာရှော့ဖြစ်၍ မီးလောင်ငြိမ်းသတ်ခြင်းဆောင်ရွက်ပုံများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ လာရောက်အားပေးခြင်း၊ ကူညီစောင့်ရှောက်ထောက်ပံ့ခြင်း လုပ်ငန်းများအား ပူးပေါင်းဌာနများက ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသပေးသည်။ ငလျင်လှုပ်ခတ်ပြီးနောက် မိမိ၏မိသားစုဝင်များကို စစ်ဆေးပါ၊ မိသားစုဝင်များ ပျောက်ဆုံးသွားပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ၊ ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ဆေးပြီးလိုအပ်သော အကူအညီများပေးပါ၊ သက်ဆိုင်ရာအစိုးရဌာနမှ …

Read More »