Home / 2018 / February / 05

Daily Archives: February 5, 2018

ပဲခူးအထွေထွေရောဂါကုဆေးရုံးကြီးတွင် တိုးချဲ့ဆောက်လုပ်မည့် (၄)ထပ်အဆောက်အဦ မြေနေရာအား ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

FI

ဖေဖော်ဝါရီ ၅ (ပဲခူး) =================================== ဖေဖော်ဝါရီလ ၅ ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးဝန်းအတွင်း တိုးချဲ့ဆောက်လုပ်မည့် အောင်သုခ ဆေးရုံဆောင် (၄)ထပ် အဆောက်အဦ မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးအထွေထွေရောဂါကုဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ရန်ပုံငွေရရှိသည့် ကျပ်သိန်း(၄၇၄)သိန်းဖြင့် ဆေးရုံအဆောက်အဦ အတွင်း/အပြင် ဆေးသုတ်နေ သည့် လုပ်ငန်းများကိုလည်းကောင်း၊ ပြင်ပလူနာနှင့် အရေးပေါ်ဌာနတို့၏ လုပ်ငန်းဆောင်ရွက်နေမှု များကိုလည်းကောင်း၊ Magnetic Resonance Imaging (MRI) တည်ဆောက်မည့်နေရာနှင့် အောင်သူခဆေးရုံဆောင်(၄)ထပ် အဆောက်အဦ မြေနေရာတို့အား လိုက်လံပြသခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ လူဦးရေတိုးတက်များပြားလာခြင်းဖြစ် ပြီး ဆေးရုံ/ဆေးခန်းများလည်း တိုးချဲ့ရန်လိုအပ်လာပြီဖြစ်ကြောင်း၊ လူနာနှင့် ဆေးရုံ/ဆေးခန်း အချိုး၊ ဆရာဝန်နှင့်လူနာအချိုး သတ်မှတ်ထားသည့်အတိုင်း ညီမျှရန်လိုအပ်ကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် အနာဂတ်အခြေအနေများကိုလည်း မျှော်မှန်းတည်ဆောက်ရန်လိုအပ်ကြောင်း၊ …

Read More »

တရားမဝင်သစ်ဖမ်းဆီးရမိမှု

FI

ဖေဖော်ဝါရီ ၅ (ပဲခူး) =====================           ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၃၀.၁.၂၀၁၈) ရက်နေ့မှ (၄.၂.၂၀၁၈) ရက်နေ့အတွင်း တရားမဝင်သစ်ဖမ်းဆီးမှုဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ ရေတာရှည် မြို့နယ်နှင့် အုတ်တွင်းမြို့နယ်၊ ပဲခူးခရိုင် ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ နတ္တလင်းမြို့နယ်နှင့် လက်ပံတန်းမြို့နယ်၊  ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့၌ တရားမဝင်သစ်ဆောင်ရွက်နေမှု (၁၂) မှု တွေ့ရှိခဲ့ပြီး  စုစုပေါင်း ကျွန်း (၅၄.၇၇၄၀ တန်)၊ သစ်မာ (၁၃.၁၆၆၄ တန်)၊ အခြားသား (၃၃.၉၈၃၀ တန်) နှင့် ဆက်စပ်ပစ္စည်းများအဖြစ် တရားခံ (၃)ဦးနှင့် ကား (၅) စီးအား ဖမ်းဆီးရမိခဲ့ပါသည်။               အဆိုပါဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Read More »

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

FI

ဖေဖော်ဝါရီ ၅ (ပဲခူး) ================================= ဖေဖော်ဝါရီလ (၅)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ “ပဲခူးတိုင်းဒေသကြီး ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ” လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြို့သည် အခြားပြည်နယ်/တိုင်းဒေသကြီးများသို့ ဖြတ်သန်းသွားရာ လမ်းကြောင်းပေါ်တွင် ကျရောက်လျက်ရှိသော လမ်းဆုံမြို့တစ်ခုဖြစ်ပြီး ယာဉ်အစီးရေများပြားစွာ ဖြတ်သန်းသဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ဖြစ်ပေါ်ရကြောင်း၊ ယာဉ်တိုက်မှုကြောင့် တန်ဖိုးရှိသော လူစွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနေရကြောင်း၊ လမ်းများသည် လမ်းအင်္ဂါရပ်နှင့် အညီ၊ ယာဉ်များသည် ယာဉ်တစ်စီး၏အင်္ဂါရပ်နှင့်အညီ ပြည့်စုံကောင်းမွန်ရန် လိုအပ်ကြောင်း၊ ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်ဆိုသည့် စကားရပ်အတိုင်း လမ်းဧရိယာအတွင်း ကျူးကျော်များ၊ စျေးဆိုင်များမရှိစေရန် စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ပေးရန်၊ မြို့တွင်း၌ သတ်မှတ်  ထားသည့် မိုင်နှုန်းအတိုင်း ကျော်လွန်မောင်းနှင်ခြင်းမရှိစေရေး ယာဉ်ထိန်းရဲများမှ ထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် ပဲခူးမြို့အတွင်း …

Read More »