Home / 2018 / February / 13

Daily Archives: February 13, 2018

ပေါင်းတည်မြို့ ခရီးစဉ်၌ ဒေသအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ ဆောင်ရွက်ရန် ဝန်ကြီးချုပ်မှာကြား

FI

ဖေဖော်ဝါရီ ၁၃(ပေါင်းတည်) =========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့နံနက်(၁၁)နာရီအချိန်က ပြည်ခရိုင် ပေါင်းတည်မြို့နယ် ရွှေကျောင်းကြီးတိုတ် သဒ္ဓမဇောတ်ကာရုံစာသင်တိုတ် ပဓာန နာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မဟာဂန္တဝါစက ပဏ္ဍိတဆရာတော် ဘဒ္ဒန္တပါရဂူ ဆရာတော် ဘုရားကြီးအား လှူဖွယ်နှင့်ဝထ္ထု ဆက်ကပ်လှူဒါန်း၍ ဖူးမျှော်ကြည်ညိုကာ သကျမုနိမိုးဃ်းကောင်းဘုရားကြီး ဗုဒ္ဓမြတ်စွယ်တော်တိုတ် မင်းလက်ဝဲမင်းလက်ယာ ဘုရားကြီးတို့အား လှည့်လည်ဖူးမျှော်ကြည်ညိုခဲ့သည်။ ထို့နောက်ဝန်ကြီးချုပ်သည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ပေါင်းတည်စခန်း ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များကိုဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် ပေါင်းတည်မြို့ မင်းကွက်(၃)ရပ်ကွက် ရွှေတောင်လမ်းရှိ အမှတ်(၉၃)သစ်စက်ဝန်းအားကြည့်ရှု့၍ ဒေသအကျိုး ဖြစ်ထွန်းမည့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

Read More »

ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်များ ပင့်ဆောင်တင်လှူနိုင်ရေး အစီအမံများရေးဆွဲ

FI

ဖေဖော်ဝါရီ ၁၃ (ပဲခူး) ===================================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ မွန်းလွဲ (၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်များ ပင့်ဆောင်တင်လှူနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး၊ ထီးတော်ပင့်ဆောင်ရာတွင် ဖြတ်သန်းသွားမည့် မြို့နယ်များအလိုက် ကြိုဆိုရေးအစီအစဉ်၊ လုံခြုံရေးအစီအစဉ်များအား သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတို့က အသီးသီးတင်ပြခဲ့ကြသည်။ ထို့နောက် ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူ ဦးရဲအောင်က ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး အတွက် ထီးတော်ပင့်ဆောင်ရေး၊ ထီးတော်တင်လှူပူဇော်ရေး၊ ရှင်သာမဏေနှင့် သီလရှင်စုစုပေါင်း (၁၀၇၄)ပါးအား သသနာ့ဘောင်သို့ သွတ်သွင်းခြင်း၊ ပြည်မြို့၌ သာသနာ့ဗိမာန် ပန္နက်တင်အခမ်းအနား ကျင်းပမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။ ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအတွက် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ …

Read More »