Home / 2018 / February / 16

Daily Archives: February 16, 2018

(၁)ရက်လျှင် အမှိုက်တန်(၁၀၀)ခြေဖျက်နိုင်သည့် စက်ရုံတည်ဆောက်ရန် ဆွေးနွေး

FI

ဖေဖော်ဝါရီ ၁၆ (ပဲခူး) ====================           ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ မွန်းလွဲ(၄)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးမြို့တွင် (၁)ရက်လျှင် အမှိုက်တန်(၁၀၀)ခြေဖျက်နိုင်သည့် စက်ရုံ တည်ဆောက်ရန် ထိုင်းနိုင်ငံအခြေစိုက်၊ Organics Co., Ltd မှ Mr. A. Hoffmann von Waldau  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြသည်။           ရှေးဦးစွာ Mr. A. Hoffmann von Waldau မိမိတို့ကုမ္ပဏီသည် အင်္ဂလန်နိုင်ငံထုတ် စက်ပစ္စည်းများဖြင့်သာ တပ်ဆင်အသုံး ပြုသွားမည်ဖြစ်ပြီး တစ်ရက်လျှင် အမှိုက်တန်(၁၀၀)ခန့် ဖျက်ဆီးပေးနိုင်ပြီး၊ လောင်စာထောင့်များနှင့် အခြား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပြန်လည်ထုတ်လုပ် ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြ ဆွေးနွေးခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်က ပဲခူးမြို့သည် နောင်အနာဂတ်တွင် စီးပွားရေး မဟာဗျူဟာအရ အရေးပါလာမည့် မြို့တော်တစ်ခုဖြစ်လာနိုင်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် …

Read More »

ပဲခူးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ (၂/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၁၆ (ပဲခူး) ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က  ပဲခူးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ (၂/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးမြေ/စစ်ကော်မတီအနေဖြင့် သိမ်းဆည်းမြေယာအမှုတွဲများအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ရမည်မဟုတ်ပဲ အောက်ခြေကော်မတီအဆင့်ဆင့်မှ တင်ပြလာမှုများကို သုံးသပ်ပြီး ဗဟိုမြေ/စစ် အဖွဲ့သို့ အကြံပြုတင်ပြပေးရမှာဖြစ်ကြောင်း၊ အောက်ခြေမြေ/စစ်ကော်မတီများကိုလည်း စာရင်းအင်း အချက်အလက်များ မှန်ကန်မှုရှိစေရန်နှင့် ပြန်လည်စွန့်လွှတ်သည့်မြေများကို ပြဌာန်းထားသည့် မြေယာ ဥပဒေနှင့်အညီ မူလတောင်သူများထံသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးမင်းသိန်းမှ …

Read More »