Home / 2018 / February / 23

Daily Archives: February 23, 2018

အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ်အကြောင်း သိကောင်းစရာနှင့် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၂၃ (ပဲခူး) =================================== ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံက်(၉:၃၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်းပြီး အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ်အကြောင်း သိကောင်းစရာနှင့် စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဌေးအောင်က စားသုံးသူများ၏ အခွင့်အရေးဆိုင်ရာများကို ဟောပြောပြီး ဦးစီးအရာရှိ ဦးဝင်းနိုင်က စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာချစ်စုဝင်းအောင်နှင့် ဒေါက်တာကောင်းမြတ်ထွန်းတို့က အစားအသောက်၏ ဘေးအန္တရာယ်များနှင့် ဆေးဝါး၏ဘေးအန္တရာယ်များအကြောင်းကို ဟောပြောကြပြီး ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ စားသုံးသူများ၏ အခွင့်အရေးဆိုရာမှာ ကုန်ပစ္စည်းကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်မှု၊ ရွေးချယ်နိုင်ခြင်းနှင့် ဝန်ခံကတိပြုမှု၊ အာမခံနိုင်မှုအတိုင်းရရှိခြင်း၊ သတင်းအချက်အလက် ပြည့်စုံစွာရရှိစေခြင်းစသည့် အချက်အလက်တွေပါဝင်ပြီး လက်ရှိတွင်စားသုံးသူတွေအနေဖြင့် သူတို့ရဲ့အခွင့်အရေးတွေကို …

Read More »

နိုင်ငံပိုင်မြေနှင့် အဆောက်အဦများအား ငှားရမ်းခနှုန်းထားများ ခေတ်နှင့်အညီ ပြင်ဆင်သတ်မှတ်ရန် စီစဉ်ဆောင်ရွက်

FI

ဖေဖော်ဝါရီ ၂၃ (ပဲခူး) ===================== ဖေဖော်ဝါရီလ (၂၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲရုံး၊ တော်ဝင်ဟံသာခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေ၊ အဆောက်အဦ၊ စက်ရုံများ နှစ်ရှည်(B.O.T)စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီ များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယခင်အစိုးရခေတ်အဆက်ဆက်တွင် စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေ၊ အဆောက်အဦ၊ စက်ရုံများအား ပုဂ္ဂလိကကုမ္ပဏီများသို့ နှစ်ရှည် (B.O.T)စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ယခုအခါ ကုမ္ပဏီများက သတ်မှတ်ထားသည့် စာချုပ်ပါအချက်များအတိုင်း လုပ်ကိုင်နေခြင်း ရှိ/မရှိ၊ ငှားရမ်းထားသည့် စျေးနှုန်းများသည် ခေတ်နှင့် အညီ ဖြစ်/မဖြစ် စသည့်အခြေအနေများကို သုံသပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ပြုပြင်ပြောင်း လဲမှုများ ဆောင်ရွက်နေရာတွင် လုပ်ငန်းရှင်များအတွက်လည်း အကျိုးရှိပြီး တိုင်းပြည်အတွက် …

Read More »