Home / 2018 / March

Monthly Archives: March 2018

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်၊ သံဃာအပါး(၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

FI

မတ် ၃၁ (ပဲခူး) ================================== မတ်လ(၃၁)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်နှင့် အနောက်ဖက်စောင်းတန်းတို့၌ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၀)ပြည့်နှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ဘုရားအမှုးပြုသော သုံးဂိုဏ်းဝင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပါး(၅၀၀)တို့အား (၆၄)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြူလုပ်သည်။ မြတ်စွာဘုရားအမှုးပြုသော ပဲခူးမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပါး(၅၀၀)တို့အား ဝန်ကြီးချုပ် အမှူးပြုသော ဝန်ကြီးများ၊ အစိုးရအဖွဲ့ ရုံးဝန်ထမ်းများ၊ လွှတ်တော်ဥက္ကဌ အမှူးပြုသော လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များ၊ ဂေါပကအဖွဲ့များက ဆွမ်းဆန်တော်၊ နဝကမ္မ၊ စာရေးတံမဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လောင်းလှူပူဇော်ကြသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းကာ မတ်လ(၁၈)ရက်နေ့ကလည်း ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ရင်ပြင်တော်တွင် ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (၁၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ

FI

မတ် ၃၀ (တောင်ငူ) ============== ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ [JMC-S (ပဲခူး)] ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ JMC-S (ပဲခူး) ဥက္ကဋ္ဌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိယဥက္ကဋ္ဌ (၁) KNU/KNLA တပ်မဟာ (၃) တပ်မဟာမှူးတို့ အပါအဝင် ကော်မတီဝင်များ၊ လေ့လာသူများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် JMC-S (ပဲခူး) ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ မတ်လအတွင်း JMC-S (ပဲခူး) နယ်မြေတွင် ထိတွေ့မှုအချို့ ရှိခဲ့ကြောင်း၊ အဆိုပါထိတွေ့မှုကို ညှိနှိုင်းဖြေရှင်းရန်အတွက် သက်ဆ်ိုင်ရာ နယ်မြေဒေသသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့ကိုလည်း ကျေးဇူးတင်ပါကြောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် KNU/KNLA တပ်မဟာ …

Read More »

ပဲခူးမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

FI

မတ် ၂၉ (ပဲခူး) ==============           မတ်လ (၂၉)ရက်နေ့၊ ညနေ(၄)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ လိုက်ပါလျက် အစိုးရစက်မှု လက်မှုသိပ္ပံ(ပဲခူး) တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးထွန်းက ပဲခူးတက္ကသိုလ်မှ စွန့်လွှတ်မည့် မြေဧရိယာ(၁၆၀)ဧကအတွင်း ပညာရေးဝန်ကြီးဌာနမှ ဆောက်လုပ်မည့် အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) မြေနေရာနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့သည်။           ထို့နောက် ဝန်ကြီးချုပ်က အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)အတွက်  မြေနေရာအတိအကျ သတ်မှတ်နယ်နိမိတ် ကျောက်တိုင်များ စိုက်ထူရန်၊ တက္ကသိုလ်ပတ်လမ်းနှင့် တက္ကသိုလ်အဝင်လမ်း စတင်ဖောက်လုပ်မည့်နေရာများအား လျာထားသတ်မှတ်ပေးခဲ့ပြီး၊ နောင်အနာဂတ် မြို့ပြစီမံကိန်းနှင့် လိုက်လျော်ညီထွေမှုဖြစ်စေရန် လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)တည်ဆောက်ခြင်းအားဖြင့် နိုင်ငံတော် တည်ဆောက် ရေးအတွက် လိုအပ်လျက်ရှိသော အင်ဂျင်နီယာများ ပေါ်ထွက်လာခြင်း၊ ဒေသခံကျောင်းသားများ အင်ဂျင်နီယာဘာသာရပ်အား …

Read More »

ပဲခူးမြို့တွင် အကြီးဆုံး သာသနာချီးမြှောက်သည့် အခမ်းအနားတွင် ပါဝင်ကူညီလှူဒါန်းသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်

FI

မတ်လ ၂၉ (ပဲခူး) ========================             မတ်လ ၂၉ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ၊ စာအောင် သံဃာများ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာတော်အပါး(၁၈၀၀)တို့အား ဆွမ်းဆန်တော် လောင်းလှူပွဲများတွင် ပါဝင်ကူညီလှူဒါန်းသော အလှူရှင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ မတ်လ (၁၈)ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ၊ စာအောင်သံဃာများ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာတော်အပါး(၁၈၀၀)တို့အား ဆွမ်းဆန်တော် လောင်းလှူပွဲသည် ပဲခူးမြို့တွင် တစ်ကြိမ်တစ်ခါမှ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ ယခုလို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆောင်ရွက်သလို မြို့ခံပြည်သူများ မှလည်း ပူးပေါင်းကူညီဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ပဲခူးမြို့တွင် အကြီးဆုံး သာသနာချီးမြှောက် သည့် အခမ်းအနားတစ်ခု အောင်မြင်စွာ …

Read More »

ပဲခူးမြို့နယ်အတွင်း စက်မှုဇုန်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင်ဒေသအခြေစိုက် CCCHL မှ တာဝန်ရှိသူများ ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံ

FI

မတ် ၂၉ (ပဲခူး) ===========           မတ်လ ၂၉ ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးမြို့နယ်အတွင်း စက်မှုဇုန်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင် ဒေသအခြေစိုက် City Credit Capital Holdings Limited (CCCHL) မှ General Manager, Mr.Chow Chi On ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ Mr. Chow Chi On က မိမိတို့ကုမ္ပဏီသည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်း မြို့နယ်တွင် စက်မှုလုပ်ငန်း(အထည်ချုပ်) လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူ (၁၀၀၀) ဦးခန့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် မြေနေရာ ရှားပါးလာခြင်း၊ ကုန်ပစ္စည်းသယ်ယူရာတွင် ယာဉ်ကြောကြပ်တည်းမှုများရှိနေသဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန် အဆင်မပြေနိုင်ပါကြောင်း၊ ပဲခူးဒေသသည် …

Read More »

ပဲခူးမြို့နယ်၏ အနုပညာဂုဏ်သိက္ခာ မြှင့်တင်ပေးနိုင်ရန် ပန်းချီပြပွဲ ကျင်းပပြုလုပ်

FI

မတ် ၂၉ (ပဲခူး) ================================= မတ်လ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး (ပဲခူးမြို့နယ်-မြို့မ)၏ ပန်းချီဆရာများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်တို့ပူးပေါင်း၍ ပဲခူးပန်းချီပြပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီး ပြန်ဆက်ဦးစီးမှူး ဦးစိုးပိုင်နှင့် ပဲခူးမြို့နယ် ပန်းချီပန်းပုအစည်းအရုံး မြို့မဥက္ကဌ ဦးယုစိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြသထားသော ပန်းချီရုပ်ပုံကားချပ်များအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ ပန်းချီနှင့်ပတ်သက်၍ နိုင်ငံနှင့် လူမျိုး၏ဂုဏ်သိက္ခာသည် ပန်းချီပညာရပ်တွင် အများကြီးသက်ရောက်မှုရှိသောကြောင့် ပန်းချီပညာရပ်အား မရှိမဖြစ်မြှင့်တင် လုပ်ဆောင်ပေးကြရန်လိုအပ်ကြောင်း၊ ပန်းချီပညာရပ်အား နိုင်ငံတော်အပိုင်းမှ ထိရောက်စွာ ပံ့ပိုးပေးစေလိုကြောင်း၊ ပံ့ပိုးပေးမှသာလျှင်လည်း ပန်းချီဆရာများအနေဖြင့် ကြိုးစားရကျိုးနပ်မည်ဖြစ်ကြောင်း ပဲခူးမြို့နယ် ပန်းချီးပန်းပုအစည်းအရုံး မြို့မဥက္ကဌ ဦးယုစိန်က ပြောကြားသည်။ အဆိုပါ ပန်းချီပြပွဲအား ပဲခူးမြို့နယ်အတွင်းရှိ ပန်းချီပညာရှင်များအားလုံး …

Read More »

အသိပေး နှိုးဆော်ခြင်း

f

မတ် ၂၈ (ပဲခူး) ======================   တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ အုန်းခြံရပ်ကွက်၊ (YGW) ရတနာအလင်းရောင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဘိုးဘွားရိပ်သာသည် တောမီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ သို့ဖြစ်ပါ၍ (YGW) ရတနာအလင်းရောင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား ကူညီ ပံ့ပိုး လှူဒါန်းလိုပါက အောက်ပါဖုန်းနံပါတ်များဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်- ဖုန်း-09780411195, 09420300133 အသေးစိတ်ကြည့်ရှုရန်————————

Read More »

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန် ဝန်ကြီးချုပ်နှင့် NCDC မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

FI

မတ် ၂၈ (ပဲခူး) ===========           မတ်လ ၂၈ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးတိုင်းဒေသကြီးအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန် ဝန်ကြီးချုပ်နှင့် NCDC မှ တာဝန်ရှိသူများ တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ နေပြည်တော်စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်၊ မန်နေးဂျင်းဒါရိုက်တာ ဦးကောင်းမြတ်လင်းက ပဲခူးမြို့တွင် “အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီပေးနိုင်ပြီး ကျွမ်းကျင်မှု မြင့်မားတိုးပွားရေးအတွက် အထောက်အကူပြုသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များ လေ့ကျင့်သင်ကြားပေးနိုင်သည့် လုပ်ငန်းများ” စုပေါင်းထားသောရပ်ဝန်း စီမံကိန်း (One-Stop Vocational Academic Complex Project) အား အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ သင်တန်းရောက်လိုသူများအနေဖြင့် တစ်နေရာတည်း မိမိကြိုက်နှစ်သက်ရာ သင်တန်းများအား ရွေးချယ်တက်ရောက်နိုင်ရန် စီစဉ်ထားရှိပေးသွားမည်ဖြစ်ပါ ကြောင်း၊ သင်ကြားရေးဘာသာရပ်များအနေဖြင့် သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာ၊ …

Read More »

တောင်သူများအတွက် အဆင့်မြင့်ဆန်စက်ပစ္စည်းများ မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပပြုလုပ်

FI

မတ် ၂၈ (ပဲခူး) ================================= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၂၈)ရက်နေ့ နံနက်(၉)နာရီအချိန်က အဓိပတိလယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးလီမိတက်နှင့် ဂျပန်နိုင်ငံ SATAKE ကော်ပိုရေးရှင်းလီမိတက်တို့ ပူးပေါင်းပြီး အဆင့်မြင့်ဆန်စက်ပစ္စည်းများ မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် လယ်ယာကဏ္ဍကို အဓိကအားထားရသော တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ဆန်စပါးအဓိကစိုက်ပျိုးသော တိုင်းဒေသကြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးစပါးနှင့် နွေစပါးစုစုပေါင်း ဧကသိန်း(၃၀)နီးပါး နှစ်စဉ်လျာထား စိုက်ပျိုးလျှက်ရှိပြီး စပါးတင်းသိန်းပေါင်း (၂၀၀၀)ကျော် နှစ်စဉ်ထွက်ရှိလျှက်ရှိကြောင်း၊ ဆန်စပါးကြိတ်ခွဲသည့် ဆန်စက်လုပ်ငန်းရှင် အများအပြားရှိကြောင်း၊ ဆန်အရည်အသွေးကောင်းမွန်ဖို့ မူလစတင်စိုက်ပျိုးသည့် မျိုးကောင်းဘို့လိုအပ်သကဲ့သို့ ထွက်ရှိလာသည့် စပါးများအား ကြိတ်ခွဲရာတွင်လည်း အရည်အသွေးကောင်းမွန်သည့် ဆန်များရရှိရန်အတွက် ကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်များ၏ အရည်အသွေး ကောင်းမွန်ဘို့သည်လည်း အဓိကကျလျှက်ရှိကြောင်း၊ ကြိတ်ခွဲထုတ်လုပ်သည့် ဆန်များအရည်အသွေး ကောင်းမွန်မှသာ နိုင်ငံတကာ စျေးကွက်ဝင် အရည်အသွေးမီ ဆန်များ ပိုမိုရောင်းချလာနိုင်ခြင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး လယ်ယာထွက်ကုန်သီးနှံ ပဲခူးကုန်စည်ဒိုင်ဖွင့်လှစ်

FI

မတ် ၂၈ (ပဲခူး) ================================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းကာ ပဲခူးမြို့၊ ကမာနတ်ကျေးရွာ၊ ပဲခူး-သနပ်ပင်ကားလမ်းဘေးရှိ ရွှေလင်းယုန်ဆန်စက်အနီးတွင် မတ်လ(၂၈)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး လယ်ယာထွက်ကုန်သီးနှံ ပဲခူးကုန်စည်ဒိုင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်တို့က အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လယ်ယာထွက်ကုန်သီးနှံ ပဲခူးကုန်စည်ဒိုင်ဥက္ကဌ၊ တိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း (ပဲခူးအရှေ့)ဥက္ကဌ ဦးကြည်ထွန်းက ပဲခူးကုန်စည်ဒိုင်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ၊ UMFCCT ဒုတိယဥက္ကဌ ဦးရဲမင်းအောင်နှင့် ပဲခူးကုန်စည်ဒိုင်ဥက္ကဌ ဦးကြည်ထွန်းတို့က ပဲခူးတိုင်းဒေသကြီး လယ်ယာထွက်ကုန်သီးနှံ ပဲခူးကုန်စည်ဒိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း …

Read More »