Home / 2018 / March / 05

Daily Archives: March 5, 2018

ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြစ်ရေပေးရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

FI

မတ် ၄ (ပြည်) ================================== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂျပန်နိုင်ငံအကြား ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ပြယုဂ်အဖြစ် ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ဆိုင်ရာ ချေးငွေJICA ODA loan ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းဆောင်ရွက်သော ပြည်မြို့ ရေပေးဝေရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို မတ် (၄ )ရက်နေ့ညနေ( ၄) နာရီအချိန်က ပြည်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြည်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မှ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည့် လမ်း/ တံတား/ ရေပေးဝေရေး/ သာယာလှပရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာသည်။ ထို့နောက် မြို့ရေပေးဝေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား တိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး ၊ …

Read More »

ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီးအား ထီးတော်တင် မင်္ဂလာအခမ်းအနား ကျင်းပ

FI

ပြည် မတ် ၄ ============================================== ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်ရှိ သမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား ကျိုက်ထီးဆောင်းဆရာတော်ကြီး၏ ဆန္ဒနှင့်အညီ ၅ဝ၁ ဆူပြည့် ရွှေထီးတော်သစ် တင်လှူပွဲ အခမ်းအနားကို ပြည်မြို့ တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း ယနေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်သြဝါဒါစရိယ ဆရာ တော်များ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိုင်းသံဃနာယက ဆရာတော်များ၊ ကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနာဂဒီပ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ကျိုက်ထီးဆောင်းငါးသုံးလီမိသားစု၊ ပြည်ပနိုင်ငံများမှ ဆရာတော်များ၊ ရွှေဘုံသာမုနိ …

Read More »