Home / 2018 / March / 09

Daily Archives: March 9, 2018

ဘတ်ဂျက်လျာထားရေးဆွဲရာတွင် အုပ်ချုပ်မှုစရိတ်များ လျော့ချပြီး ကုန်ထုတ်လုပ်မှုကဏ္ဍများအတွက် ဦးစားပေးလျာထားရေးဆွဲရန် ဝန်ကြီးချုပ်မှာကြား

FI

မတ် ၉ (ပဲခူး) ==================           မတ်လ ၉ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း (ပထမအကြိမ်)လျာထား လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်အား အကန့်အသတ်ဖြင့် သုံးစွဲနေရကြောင်း၊ ပြည်သူများအတွက် လိုအပ်ချက်အားလုံးကို ဆောင်ရွက်ပေး လိုသော်လည်း ရရှိသည့် ဘဏ္ဍာငွေအပေါ်မူတည်၍ ပထမဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယ ဦးစားပေး စသည့်ဖြင့် ခွဲခြားရေးဆွဲရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် အုပ်ချုပ်မှုစရိတ်များ လျော့ချပြီး ကုန်ထုတ်လုပ်မှုကဏ္ဍာများအတွက် ဦးစားပေးလျာထားရေးဆွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျေးလက်မီးလင်းရေး၊ လမ်း/တံတား၊ စည်ပင်စသည့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဦးစားပေးအစီအစဉ်များတွင် ထည့်သွင်းရေးရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ စိုက်ပျိုး/မွေးမြူရေး ကဏ္ဍများ …

Read More »

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူ ဒါန်းခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီးမှ ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

FI

မတ် ၉ (ပဲခူး) ==================================        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မတ်လ(၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ၂၀၁၈ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီးမှ ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ နမောတဿ     သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပြည်မြို့၊ ကံဦးကျောင်းတိုက် ပဓာနနာယဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်တော်မူကြသည်။            ထို့နောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်ကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဂုဏထုထိ တေးထပ်ရတုပိုဒ်စုံတို့ဖြင့် ဘွဲ့ရဆရာတော်ကြီးများအား သီကျူးပူဇော်သည်။            ယင်းနောက် ဘွဲ့ရဆရာတော်ကြီးများ၏ ထေရုပ္ပတ္တိအကျဉ်းကို …

Read More »

ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့ ပဲခူးမြို့ အထက(၁)နှင့်(၃) စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သင်္ချာဘာသာရပ်)ဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး

FI

မတ် ၉ (ပဲခူး) ================================= ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့သည် မတ်လ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်တို့နှင့်အတူ ပဲခူးမြို့ အထက(၁)နှင့် အထက(၃)စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ(သင်္ချာဘာသာရပ်) ဖြေဆိုနေမှုအား လိုက်လံကြည့်ရှု စစ်ဆေးကြသည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးကျော်ဆင့်နှင့် ကြီးကြပ်ရေးမှူးတို့က လိုက်လံရှင်းလင်း ပြသကြသည်။ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာဖြေခန်း(၄၀)ရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သင်္ချာဘာသာရပ်)တွင် စာရင်းရှိ(၁၁၈၆)ဦး၊ ဖြေဆိုသူ(၁၁၅၁)ဦး၊ ပျက်ကွက်သူ(၃၅)ဦးရှိသည်။ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာဖြေခန်း(၃၆)ခန်းရှိပြီး စာရင်းရှိ(၁၀၁၄)ဦး ဖြေဆိုသူ(၉၂၄)ဦး၊ ပျက်ကွက်သူ(၉၀)ဦး ရှိကြောင်းသိရသည်။ …

Read More »