Home / 2018 / March / 10

Daily Archives: March 10, 2018

ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့ (၅ဝဝ)ကေဗွီ ဘုရားကြီး(ပဲခူး)ပင်မဓာတ်အားခွဲရုံ တည်ဆောက်မည့်နေရာနှင့် ဇောင်းတူရေအားလျှပ်စစ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

FI

မတ် ၁၀ (ပဲခူး) ================================== လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့သည် မတ်လ(၁၀)ရက်နေ့ နံနက်(၆:၃၀)နာရီအချိန်က ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်-နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၉)အနီးတွင် (၅ဝဝ)ကေဗွီ ဘုရားကြီး(ပဲခူး)ပင်မဓါတ်အားခွဲရုံ တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ တိုက်ကြီးကျေးရွာအနီးရှိ ဇောင်းတူရေအားလျှပ် စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုရာ ဝန်ကြီးဌာနတာဝန်ရှိသူများနှင့် စက်ရုံတာဝန်ခံတို့က ရှင်းလင်းတင်ပြခြင်း၊ ဝန်ကြီးချုပ်မှ ဇောင်တူးကျေးရွာအနီးတွင် ဇောင်တူးရေအားလျှပ်စစ် ဓာတ်အားစက်ရုံတည်ရှိသော်လည်း ဇောင်တူကျေးရွာ လျှပ်စစ်မီးမရရှိသေးခြင်းနှင့် ပတ်သက်၍တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးချုပ်တင်ပြသော ဇောင်းတူကျေးရွာအား မီးလင်းအောင်ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များ ဌာနတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က စက်ရုံဝန်ထမ်းများအား ရိက္ခာဆန်များထောက်ပံ့ပေးအပ်ပြီး ရေအားလျှပ်စစ် စက်ရုံအားလှည့်ပတ်ကြည့်ရှုခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …

Read More »