Home / 2018 / March / 12

Daily Archives: March 12, 2018

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုနွေရာသီ မွန်းမံသင်တန်းများဖွင့်လှစ်ရန် ထောက်ပံ့ငွေများပေးအပ်

FI

မတ် ၁၂ (ပဲခူး) =================================== မတ်လ(၁၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ မွန်စံပြအလယ်တန်းကျောင်းခွဲတွင် တိုင်းရင်းသားမွန်စာပေနှင့် ယဉ်ကျေးမှုနွေရာသီ မွန်းမံသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးက အဖွင့်အမှာစကားပြောပြီး တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာမြင့်က ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ တာဝန်ရှိသူများက မြို့နယ်အလိုက် တိုင်းရင်းသားစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးမှ ပဲခူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့အတွက် နွေရာသီမွန်စာပေသင်ကြားရေးအတွက် ထောက်ပံ့ငွေကျပ် သိန်း(၂၀)အား ပေးအပ်သည်။ ယင်းနောက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးသည် တာဝန်ရှိသူများနှင့်အတူ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့သို့ သွားရောက်ပြီး ရှမ်းတိုင်းရင်းသားစာပေ (၁၀)မြို့နယ်နှင့် ပအိုဝ်းတိုင်းရင်းသားစာပေ (၅)မြို့နယ် နွေရာသီမွန်းမံသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် …

Read More »

အသိပေးနှိုးဆော်ခြင်း

Slide1

မတ် ၁၂ (ပဲခူး) ==================== ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား၊ စာအောင်သံဃာတော်များ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာတော်အပါး (၁၈၀၀) တို့အား ဆွမ်းဆန်တော် လောင်းလှူပွဲတွင် စေတနာရှင် ပြည်သူများမှ ကုသိုလ်ပြု ပါ၀င်လှူဒါန်းနိုင်ပါ ကြောင်း

Read More »

ဒေသထွက်ကုန်များ ပြခန်းဖွင့်လှစ်ခြင်း၊ ရောင်းချခြင်းနှင့် သဘာဝခရီးသွားလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန် Chindwin River Project Co., Ltd မှ လာရောက်တွေ့ဆုံ

FI

မတ်လ ၁၂ (ပဲခူး) ========================= (၁၂.၃.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၅:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ Chindwin River Project Co., Ltd ဥက္ကဋ္ဌ ဒေါ်စိုးယုဝေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဒေါ်စိုးယုဝေက မိမိတို့ကုမ္ပဏီအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်များ၊ သဘာဝအရင်းအမြစ်များအပေါ် အခြေခံသည့် ခရီးသွားအပန်းဖြေစခန်း တစ်ခုအဖြစ် ဆောင်ရွက်လို၍ လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ လက်ရှိမိမိတို့ကုမ္ပဏီမှ ဆောင်ရွက်မည့် မြေနေရာသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး မိုင်တိုင်(၇၆)မိုင်ရှိ မြေဧရိယာ(၂၂.၅)ဧကတွင် ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ ၎င်းဧရိယာအတွင်း ဒေသထွက် ပန်းချီ၊ ပန်းပုကဲ့သို့ အလှဆင်ပစ္စည်းများ၊ ပရိဘောဂများ၊ အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် အခြားဒေသထွက်ကုန်များ ရောင်းချသည့်အဓိကနေရာ ဖြစ်လာ စေရန်၊ စိုက်ပျိုးသီးနှံများနှင့် မွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်ရောင်းချသည့် နေရာဖြစ်လာစေရန်၊ စိုက်ခင်းတွင် မှီခိုအားထားလျက်ရှိသော ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ …

Read More »

ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး ဖွင့်ပွဲကျင်းပပြုလုပ်

FI

မတ် ၁၂ (ပဲခူး) ==================================  မတ်လ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၇)ရပ်ကွက်၊ ကျိုက်ပေါဘုရားလမ်းတွင် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးသစ်အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကြေးပြားကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြကာ အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုကြသည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှုးချူပ်တို့က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ယနေ့ဖွင့်ပွဲမှစတင်ပြီး ပြည်သူလူထု၏ ကျန်းမာရေးနှင့် အကျိုးစီးပွားအတွက် အကောင်းဆုံး အထောက်အကူပြုပေးနိုင်မည့် ဝန်ထမ်းအဖွဲ့အစည်းအဖြစ် ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားကြပြီး ရုံးသစ်ဖွင့်ပွဲ အမှတ်တရလက်ဆောင် ပေးအပ်ကြသည်။             အဆိုပါရုံး အဆောက်အဦသည် …

Read More »