Home / 2018 / March / 14

Daily Archives: March 14, 2018

ဝန်ကြီးချုပ်မှ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေတင်လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

FI

 မတ်လ ၁၄ (ရေတာရှည်) =================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ်လ(၁၄)ရက်နေ့ ညနေပိုင်းအချိန်က ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေတင်လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ အင်တိုင်းကျေးရွာအုပ်စုတွင် စစ်တောင်းမြစ် ကမ်းပါးပြိုကျနေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မြစ်ကမ်းပါပြိုကျမှုသည် သဘာဝဘေးအန္တရာယ်ဖြစ်သောကြောင့် ပြိုကျမှုမရှိအောင် တားဆီး၍မရသော်လည်း ဆက်လက်ဖြစ်ပွားမှုမရှိအောင်၊ ပျက်စီးဆုံးရှုံးမှုနည်းအောင် လူသားများအနေဖြင့် ကြိုတာကွယ်အစီအမံများ ပြုလုပ်၍ရကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စနစ်တကျ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ စစ်တောင်းမြစ် ကမ်းပြိုကျမှုကြောင့် ရေတာရှည်မြို့နယ်အတွင်းရှိ အင်တိုင်းကျေးရွာအုပ်စု၊ ဆင်ဂွေကျေးရွာအုပ်စု၊ ပီတူးကျေးရွာအုပ်စုနှင့် ဝါးရုံတောကျေးရွာအုပ်စုအတွင်းမှ လယ်မြေဧက (၄၀၀၀) ခန့်ပျက်စီးသွားနိုင်ကြောင်း သိရသည်။ ထို့နောက် ဝန်ကြီးချုပ်သည် အင်ဒိုင်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုရာ အဆိုပါမြစ်ရေတင်လုပ်ငန်းသည် ၂၀၁၇-၂၀၁၈ခုနှစ် အင်ဒိုင်းကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်ဧက(၂၅၀)အား ရေဖြန့်ဝေပေးထားကြောင်း …

Read More »

မသန်စွမ်းသူများနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ငွေပေးအပ်

FI

မတ်လ ၁၄ (ကျောက်တံခါး) ================================= မတ်လ(၁၄)ရက်နေ့၊ နံက်(၉)နာရီအချိန်က ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူများနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်မှ ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် နေထိုင်ကြသော မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် အမြင်အာရုံချို့တဲ့သူ ၊အကြားအာရုံချို့တဲ့သူ ၊ကိုယ်အင်္ဂါမသန်စွမ်းသူ၊ ဉာဏ်ရည်မပြည့်ဝသူများမှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ သက်ဆိုင်ရာထောက်ခံချက်များနှင့်အတူ စာရင်းပေးတင်ပြထားခဲ့ခြင်းအပေါ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်ဖြစ်၍ ယခုလို ပြည်သူများလက်ဝယ်အရောက် စီစစ်ကာ လာရောက်ပေးအပ်ရကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၆၄)အုပ်စုတွင် နေထိုင်ကြသော အမြင်အာရုံချို့တဲ့သူ၊ အကြားအာရုံချို့တဲ့သူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ ညဏ်ရည်မပြည့်ဝသူနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း(၁၇၄)ဦးအတွက် တစ်ဦးလျှင် …

Read More »

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ရေတာရှည်မြို့တွင် အခမဲ့မျက်စိကျန်းမာရေး စစ်ဆေးကုသမှု လုပ်ငန်းများဆောင်ရွက်

FI

မတ် ၁၄ (ရေတာရှည်) ================================== တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ စိုင်းတမော့ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့မျက်စိကျန်းမာရေး စစ်ဆေးကုသမှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုအား မတ်လ(၁၄)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ အဆိုပါ အခမဲ့မျက်စိကျန်းမာရေး စစ်ဆေးကုသမှုလုပ်ငန်းအား အစိုးရအဖွဲ့နှင့်အတူ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်းဒေသကြီး(၄) ပဲခူးမြို့မှ မျက်စိအထူးကုဆရာဝန်ကြီး၊ ဒုတိုင်းဒေသကြီး ပြည်သူကျန်းမာရေးဦးစီးဌာနမှူး (စီမံဘဏ္ဍာ)ဒေါက်တာကိုဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဂျင်ဗောဓိတရားကျင့်ကြံမှု အလင်းရောင်ပေးပို့ခြင်း ပရဟိတအဖွဲ့တို့ပူးပေါင်း၍ မတ်လ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ရေတာရှည်မြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ပေါက်ချောင်းကျေးရွာအုပ်စု၊ ကြံသနွယ်ကျေးရွာအုပ်စု၊ ပိတောက်ခင်ကျေးရွာအုပ်စု၊ ဆင်ဂွေကျေးရွာအုပ်စု၊ ကျွဲရိုင်းပြင်ကျေးရွာအုပ်စု၊ ဝါးရုံးတောကျေးရွာအုပ်စုတို့မှ ပြည်သူများနှင့် တောင်ငူမြို့နယ် ကေတုမတီမြို့သစ်မှ ပြည်သူများ စုစုပေါင်း မျက်စိဝေဒနာရှင် (၈၀၈)ဦး လာရောက်ပြသရာ ခွဲစိတ်ကုသရန်လိုအပ်သော အတွင်းတိမ်နှင့် ရေတိမ်လူနာ(၁၈၂)ဦး၊ …

Read More »

ပဲခူးမြို့၏ အိုင်တီ၊ မိုဘိုင်း၊ CCTVနှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ ကျင်းပပြုလုပ်

FI

မတ် ၁၄ (ပဲခူး) =================================== ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာအသင်းမှဦးစီး၍ မတ်လ(၁၄)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်၊ စိတ္တသုခခန်းမတွင် ပဲခူးမြို့၏ အိုင်တီ၊ မိုဘိုင်း၊ CCTVနှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးထင်အောင်ခိုင်၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဒုဥက္ကဌ(၁) ဦးထွဋ်ခိုင်၊ ပဲခူးတိုင်းဒေသကြီး ကွန်ပျူလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးမျိုးဝင်းဆက်နှင့် တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဌ ဦးထိုက်လင်းတို့က ပြပွဲအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး ပြခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါပြပွဲအား အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများ တစ်နေရာတည်း ရွေးချယ်ဝယ်ယူနိုင်ရန်အတွက် မတ်လ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မိုဘိုင်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ လုံခြုံရေးCCTVကင်မရာစသည့် အီလက်ထရောနစ် ပစ္စည်းများကို ကုမ္ပဏီပေါင်း(၃၂)ခုမှ လာရောက်ပြသ ရောင်းချခြင်းဖြစ်ကြောင်း …

Read More »

စီမံကိန်းနှင့်ဘဏ္ဍာ​ရေးဝန်ကြီးမှ အ​ဆောက်​အဦ​ဆောက်​လုပ်​​ပြီးစီးမှုအ​ခြေအ​နေအား ကွင်းဆင်းစစ်​​ဆေး

FI

မတ် ၁၄ (ပဲခူး) =================================== မတ်လ(၁၄) ရက်နေ့ နံနက် (၀၉:ဝ၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေသည် သက်ဆိုင်ရာဦးစီးဌာနမှ တင်ဒါစိစစ်ရေးကော်မတီဝင်များနှင့်အတူ ၂၀၁၇ -၂၀၁၈ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် တည်ဆောက်လျှက်ရှိသော ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ထားရှိမှု (၁၀၀%)ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါ တည်ဆောက်နေမှုနှင့်ပတ်သက်၍ ဝန်ကြီးမှ တာဝန်ရှိဌာနဆိုင်ရာကော်မတီဝင်များ၊ ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင်နီယာများအား စံချိန်စံညွန်းနှင့်အညီ ဆောက်လုပ်မှု၊ အရည်အသွေးစစ်ဆေးရေးကော်မတီ၏ ထောက်ခံချက်၊ BRCCA ၏ ထောက်ခံချက်များနှင့် အမှန်တကယ်အရည်အသွေးပြည့်ဝသော အဆောက်အဦကောင်း ဖြစ်/မဖြစ် သွားရောက်စစ်ဆေး၍ စိစစ်လက်ခံရန် မှာကြားခဲ့ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဌာန ဝန်ထမ်းအိမ်ယာသည် အလျား(၇၁)ပေ၊ အနံ(၂၈)ပေ (၄)ခန်းတွဲ(၄)ထပ် အဆောက်အဦဖြစ်ပြီး ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုငွေကျပ် (၁၇၅.၅)သန်းဖြင့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ …

Read More »

တောင်ငူမြို့၊ ထီးလှိုင်တံတား တည်ဆောက်နေမှုနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး

FI

မတ် ၁၄ (ပဲခူး) ================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မတ်လ(၁၄)ရက်နေ့ နံနက်(၈)နာရီအချိန်က တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေး ကော်မတီဝင်များနှင့်အတူ တောင်ငူမြို့၊ ကျုံးမြောက်ဘက်ရှိ ထီးလှိုင်တံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။ အဆိုပါ ထီးလှိုင်တံတားသည် ယခင်က သစ်သားတံတားဖြစ်ပြီး နှစ်ကာလကြာမြင့်သဖြင့် ဟောင်းနွမ်းဆွေးမြေ့ ပျက်စီးလာသောကြောင့် ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၃၀၀)၊ အများပြည်သူ ထည့်ဝင်လှူဒါန်းငွေ ကျပ်(၃၄၁)သိန်း၊ စုစုပေါင်း(၆၄၁)သိန်းဖြင့် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရှည်(၂၀)ပေ၊ အကျယ်(၁၄)ပေ ဘိုးပိုင်ဖောင်ဒေးရှင်း ကွန်ကရစ်တံတားအဖြစ် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်(၁၄၇)မှ တောင်ငူမြို့တွင်းသို့ အနီးဆုံးလမ်းအဖြစ် လာရောက်နိုင်မည်ဖြစ်သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ် အထက-နတ်စင်ကုန်း စာစစ်ဌာနနှင့် ရေတာရှည်မြို့ အထက-ရေတာရှည်၊ အထက(ခွဲ) ရွှေကြက်ယက် စာစစ်ဌာနတို့တွင် …

Read More »