Home / 2018 / March / 19

Daily Archives: March 19, 2018

ဒုတိယအကြိမ်​ ပဲခူးတိုင်းဒေသကြီးလွှတ်​​တော်​ နဝမပုံမှန်​အစည်းအ​ဝေး (၁၁)ရက်​​မြောက်​​နေ့တွင်​ ကျင်းပပြုလုပ်

29356238_1943572322624030_8387313015820648448_n

ပဲခူး မတ်လ ၁၉ =================== မတ်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁)ရက်နေ့မြောက်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ (၇၅)ဦးအနက်(၆၁)ဦး တက်ရောက်ကာ အစည်းအဝေး မတက်ရောက်နိုင်သော ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော် အဆုံးအဖြတ်ခံယူ၍ အစည်းအဝေး စတင်သည်။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးတစ်ဦး ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် အမည်စာရင်းပါ ဒေါ်ခင်မာဆွေအား လွှတ်တော်သို့တင်ပြရာ တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုဆုံးဖြတ်ပေးသည်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် အကြံပေးအဖွဲ့ သက်တမ်းတိုးမြှင့် ဖွဲ့စည်းခြင်းအား လွှတ်တော်မှ သဘောထားရယူကာ အကြံပေးအဖွဲ့ဝင် တိုးချဲ့ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအား အမည်စာရင်း တင်သွင်နိုင်ကြောင်းပြောကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့မှ တင်သွင်းသည့် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအား အမည်စာရင်း …

Read More »

သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်နည်းပြသင်တန်း (၁/၂၀၁၈)ဖွင့်လှစ်

FI

မတ် ၁၉ (ပဲခူး) ================================== မတ်လ(၁၉)ရက်နေ့ နံက်(၉)နာရီအချိန်က ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ YMBAခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများပူးပေါင်းပြီး သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်နည်းပြသင်တန်း (၁/၂၀၁၈)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းအား သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ တိုးပွားလာစေရန်၊ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာများပြည့်ဝစွာသိရှိပြီး ကိုယ်တိုင်လိုက်နာ ဆောင်ရွက်နိုင်ရုံမျှသာမက ရပ်ရွာဒေသတွင်းရှိ ပြည်သူလူထုထံသို့လည်း ကျယ်ပြန့်ထိရောက်စွာ ဆင့်ပွားဖြန့်ဝေပေးနိုင်ရန်၊ သဘာဝဘေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ ကြုံတွေ့ရပါက (Early Warning)ကို အချိန်မီထိရောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်၊ အရေးပေါ်ရင်ဆိုင်တုံ့ပြန်ရေး ဆောင်ရွက်ရာတွင် အခြားသောဦးစီးဌာနများ၊ အဖွဲ့အစည်းများနှင့် အတူလက်တွဲပူးပေါင်းပြီး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မတ်လ(၁၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ မြို့နယ်(၂၈)မြို့နယ်မှ …

Read More »