Home / 2018 / April

Monthly Archives: April 2018

တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဧပြီ ၂၉ (တောင်ငူ) ================================ ၁၃၈ဝခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၁၈ခုနှစ် ဧပြီ(၂၉)ရက်နေ့ ညနေ(၅)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကြီး၏ ဦးဆောင်နာယကများဖြစ်ကြသော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းတို့က အဖွင့်အမှာစကားနှင့် မုဒိသာစကားပြောကြားကြပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအတွင်းရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှုးအမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ယာရစ်(၃)ပတ် ပတ်ပြီး မြတ်စွာဘုရားပွင့်တော်မူခဲ့သော မဟာဗောဓိပင်ကို အာရုံပြုရည်မှန်း၍ ဗောဓိညောင်ပင်တွင် ညောင်ရေများသွန်းလောင်းပူဇော်ကြပြီး မေတ္တာပို့အမျှအတမ်း ပေးဝေကြသည်။ ယင်းနောက် တောင်ငူမြို့ပေါ်ရပ်ကွက် (၂၃)ခုမှ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် အတီး၊ အမှုတ်၊ အက၊ အခုန်၊ ဆင်အကတို့ဖြင့် ပါဝင်ယှဉ်ကြရာ ပထမဆုရရှိသော အမှတ်(၂)ရပ်ကွက်အသင်းအား ငွေသားဆုကျပ်(၂)သိန်းကို …

Read More »

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (၆၈)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်

FI

ဧပြီ ၂၉ (ပဲခူး) ================================= မြတ်စွာဘုရားပွင့်တော်မူသော မဟာဗောဓိပင်ကိုရည်မှန်း၍ ၁၃၈ဝခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၁၈ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့ နံက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဗောဓိညောင်ပင်တွင် (၆၈)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မဟာဗောဓိပင် ဘုရားရှိခိုးရွတ်ဆို၍ မဟာဗောဓိပင်ကိုရှိ ခိုးပူဇော်ကြပြီး ပတျာဝတ္တဂါထာရွတ်ဆိုကာ ဗဟာဗောဓိပင်ကို ပန်း၊ရေချမ်းဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် ဗဟာဗောဓိပင်ပတ်ပတ်လည်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီး ဦးညွှန့်ရွှေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များက ဒုက္ခပတ္တာစနိဒုက္ခာဂါထာတော်ကို (၃)ခေါက်ရွတ်ဆိုမေတ္တာပို့သပြီး ညောင်ရေတော်များ သွန်းလောင်းအမျှဝေ သာဓုခေါ်ဆိုကြသည်။ ယင်းနောက် အရပ်ရှစ်မျက်နှာရှိ (ပထမ)အမျိုးသမီးငယ်(၈)ယောက်မှ ကိုယ်စိတ်နှစ်ဝချမ်းသာကြပါစေ အစဂါထာ(၃)ခေါက်ရွတ်ဆို၍လည်းကောင်း၊ ဒုတိယအမျိုးသမီးငယ်(၈)ယောက်မှ ကိုယ်စောင့်နတ်၊ ဗောဓိပင်စောင့်နတ် အစရှိသည်တို့ကိုရွတ်ဆို၍လည်းကောင်း၊ တတိယအမျိုးသမီးငယ်(၈)ယောက်မှ အရပ်လေးမျက်နှာ၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းအတွင်းရှိ တက္ကသိုလ်များမှ ပါချုပ်များ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

1

ဧပြီ ၂၈ (တောင်ငူ) ================================= ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဧပြီလ(၂၈)ရက်နေ့ ည(၈)နာရီအချိန်က တောင်ငူမြို့၊ စိုက်ပျိုးရေးရိပ်သာ အစည်းဝေးခန်းမ၌ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့သည်။ တွေ့ဆုံလမ်းညွှန်မှုပြုလုပ်ရာတွင် ပဲခူးမြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ပဲခူးတက္ကသိုလ်မှ လွှဲပြောင်းပေးမည့်မြေကိစ္စ၊ ၂၀၁၈ခုနှစ် (ဧပြီလမှစက်တင်ဘာလအထိ) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်မှ ပညာရေးဝန်ကြီးဌာနရရှိသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေးကိစ္စ၊ ပဲခူးတက္ကသိုလ်နယ်မြေအတွင်း ကျူးကျော်နေထိုင်ခြင်းကိစ္စများနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးလမ်းညွှန်ပေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ဧပြီမှစက်တင်ဘာလအထိ ( ၆) လ ဘတ်ဂျက်လုပ်ငန်းများအတွက် လုပ်ငန်းအပ်နှံဆောင်ရွက်ရန်အတွက် ကော်မတီများဖွဲ့စည်းပေးမည်ဖြစ်ကြောင်း၊ ကျူးရှင်းလင်းရေးကိစ္စများကိုလည်း အုပ်ချုပ်ရေးပိုင်းနှင့် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုလုပ်ပေးခဲ့သည်။ တွေ့ဆုံရာတွင် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ် Drသိန်းဝင်း၊ ပဲခူးတက္ကသိုလ်ပါချုပ် ဒေါ်အေးအေးထွန်း၊ တောင်ငူတက္ကသိုလ်ပါချုပ် Dr တင်ထွန်း၊ တောင်ငူကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး Dr အိအိလှိုင်၊ …

Read More »

ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး မှုများနှင့်ပတ်သက်၍ ထောက်ပံ့ငွေပေးအပ်

0-02-06-3399684a3497023914430eedeff90c0dbcd19db215d51315a48f3aa60a988075_4980cbca

ဧပြီ ၂၇ (ပဲခူး) ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည်၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဌေးအောင်၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူး များ လိုက်ပါလျက် ဧပြီလ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းက ရေတာရှည်မြို့နယ်၊ အမြန်လမ်း မိုင်တိုင်(၁၆၄)ရှိ ကွင်းကြီးကျေးရွာအုပ်စု၊ သိုင်းဝကျေးရွာ စာသင်ကျောင်း၌ ဧပြီလ (၂၄)ရက်နှင့် (၂၅)ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်သည် မျှော်မှန်း၍မရသော်လည်း ထိခိုက်ခံရမှု အနည်းဆုံးဖြစ်အောင် ကြိုတင်စီမံထား၍ ရရှိပါကြောင်း၊ နှစ်စဉ် ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက် ပေးနိုင်ရန် စီစဉ်ထားရှိပြီးလည်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးပါက ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေးလုပ်ငန်းများ …

Read More »

စက်ယန္တရားမောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း ဖွင့်လှစ်

FI

ဧပြီ ၂၇ (ပဲခူး) ==================           ပဲခူးတိုင်းဒေသကြီးစည်ပင်သယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ (၂၇)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သော Doosan Excavator များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စက်မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက မိမိတို့အစိုးရအဖွဲ့အနေဖြင့် အမှိုက်သိမ်းဆည်းရေးစီမံချက်၊ ရေစီးရေလာ ကောင်းမွန်ရေးစီမံချက်တို့အရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များတွင် အသုံးပြုရန်လိုအပ် သော ယာဉ်၊ စက်ယန္တရားများနှင့် ဝန်ထမ်းအင်အားများကို မပြတ်စောင့်ကြည့်၍ လိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် Excavator (၃၃)စီး၊ Dump Truck (၁၁၉)စီး၊ Garbage Truck (၂၇)စီး၊ ဘလိတ်ပါထွန်စက် (၂)စီး၊ ဘီးတပ်အမှိုက်ပုံးကြီး (၁၈၀) လုံးတို့အား စုစုပေါင်းငွေကျပ် (၅၄၁၅.၅၅)သန်းဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် နိုင်ငံခြားကုမ္ပဏီ(၂)ခုတို့ စာချုပ် ချုပ်ဆိုခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဧပြီ ၂၇ (ပဲခူး) =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဧပြီလ (၂၇)ရက်နေ့၊ နံနက် (၉)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် နိုင်ငံခြားကုမ္ပဏီ(၂)ခုတို့ စာချုပ် ချုပ်ဆိုခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က အဆွေတော်တို့ ကုမ္ပဏီများသည် ပြည်ပနိုင်ငံများ၌ နာမည်ကောင်းများကြားသိရသော ကုမ္ပဏီများဖြစ်ကြောင်း၊ အခြားတိုင်းပြည်များတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအပေါ်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့မှလည်း လိုအပ်သည်များ ဥပဒေနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုတိုင်းမှာ အောင်မြင်မှုများ ရရှိခံစားကြရပါစေကြောင်း ပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် နိုင်ငံခြားကုမ္ပဏီ(၂)ခုတို့ စာချုပ်လက်မှတ်ရေးထိုးခြင်းအား ဆောင်ရွက်ခဲ့ပြီး၊ Perfect Companion (Myanmar) Co., Ltd …

Read More »

၂၀၁၈ ခုနှစ်၊ လူရည်ချွန်လူငယ် ကျောင်းသား/သူများက သြဝါဒခံယူပွဲ ကျင်းပပြုလုပ်

FI

ဧပြီ ၂၇ (ပဲခူး) ===================           ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ဧပြီလ (၂၇)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ၂၀၁၈ ခုနှစ်၊ လူရည်ချွန်လူငယ် တွေ့ဆုံပွဲသို့ စခန်းဝင်မည့် ကျောင်းသား/သူများက သြဝါဒခံယူပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က မြန်မာနိုင်ငံအား အေးချမ်းသာယာပြီး စည်းကမ်းပြည့်ဝသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ပေါ်စေရေးအတွက် ပြည်သူလူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးပုံစံဖြင့် ကြိုးပမ်းဆောင်ရွက်နေချိန်ဖြစ်ကြောင်း၊ ယနေ့လူငယ်များ သည် နောင်တစ်ချိန်တွင် နိုင်ငံတာဝန်ကို ပခုံးပြောင်း တာဝန်ယူကြရမှာဖြစ်၍ အခြေခံကျသည့် စာရိတ္တ၊ ပညာရေး၊ အတွေးအခေါ်၊ အလေ့အကျင့်၊ အပြုအမူစသည်တို့ မြင့်မားစေရန် လိုအပ် ကြောင်း၊ သက်ဆိုင်ရာ အပန်းဖြေစခန်းများရောက်တဲ့အခါ တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီမှု၊ ညီရင်းအစ်ကို၊ မောင်ရင်းနှမစသည့်  စိတ်ဓာတ်ကို လက်ကိုင်ပြုထားရမှာဖြစ်ကြောင်း၊ အနာဂတ်တိုင်းပြည်အတွက် အားထားရတဲ့ လူချွန်လူကောင်းများအနေဖြင့် လူ့အဖွဲ့အစည်းတန်ဖိုးကို …

Read More »

ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်ခြင်းနှင့် ကျုံးပတ်လမ်းဖောက်လုပ်ခြင်း စီစဉ်ဆောင်ရွက်နေ

FI

ဧပြီ ၂၆ (ပဲခူး) ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ ၂၆ ရက်နေ့၊ နံနက်(၁၀) နာရီအချိန်က ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်ခြင်းနှင့် ကျုံးပတ်လမ်း ဖောက်လုပ်ခြင်း ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ဟံသာဝတီမြို့ဟောင်း ကျုံးပြန်လည်တူးဖော်ခြင်းသည် ပဲခူးတိုင်းဒေသကြီးအတွက် သမိုင်း မှတ်တိုင်တစ်ခု စိုက်ထူနိုင်မည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ဘုရင့်နောင်မင်းတရားကြီး၏  ဘုန်းမီးနေလထွန်းတောက်ချိန်တွင် မြို့ပြများ၊ နန်းမြို့ရိုးများ၊ ကျုံးများ မည်သို့တည်ဆောက် ထားရှိခဲ့သည်ကို သိရှိစေရန်နှင့် အရှေ့တောင်အာရှ၏ အကြီးမားဆုံး မြို့ပြနိုင်ငံတစ်ခု ဖြစ်ခဲ့သည်ကို မြန်မာနိုင်ငံသူ/သားများ တန်ဖိုးထားတတ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။           ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ရှေးဟောင်းကျုံးပြန်လည်တူးဖော်ခြင်း၊ မြို့တံခါးများနှင့် ကျုံးပတ်လမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား Power …

Read More »

ကျန်းမာရေးဌာနများ ဆုချီးမြှင့်ပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဧပြီ ၂၅ (ပဲခူး) ==================================         ဧပြီလ(၂၅)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ၂၀၁၇ခုနှစ် ထူးချွန်ဆုရ မြို့နယ်/တိုက်နယ်ဆေးရုံနှင ကျန်းမာရေးဌာနများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူလူထု၏ ယုံကြည်အားထားရသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုရရှိရေးအတွက် ပြည်သူ့ဆေးရုံ များနှင့် ကျန်းမာရေးဌာနများတွင် ဆေးကုသမှုအရည်အသွေး ပြည့်ဝစေရန်နှင့် သန့်ရှင်းသပ်ရပ်မှု ပိုမိုကောင်းမွန်ရေးတို့အတွက် ဆေးကုသရေးလုပ်ငန်း၊ စီမံခန့်ခွဲရေးလုပ်ငန်း၊ သန့်ရှင်းသာယာရေး လုပ်ငန်းများအတွက် ကုသမှုအရည်အသွေးနှင့် စီမံခန့်ခွဲမှုအရည်အသွေး တိုးတက်စေမည့် သင်တန်းများဆောင်ရွက်ခြင်း၊ လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ လမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ လိုအပ်သော ဆေးရုံသုံးပစ္စည်းများကို ဝယ်ယူနိုင်ရန်ပံ့ပိုးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်သူလူထုမှ ယုံကြည်ကိုးစား အားထားသည့် ဆေးရုံများ၊ ကျန်းမာရေးဌာနများ ဖြစ်ပေါ်လာအောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။             …

Read More »

ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၁၈)ဖွင့်လှစ်

FI

ဧပြီ ၂၅ (ပဲခူး) ========================== ပဲခူးမြို့၊ မြို့သစ်(ဂ)ရပ်ကွက်၊ ရှမ်းတန်း(၆)လမ်းရှိ ကြခတ်တောရကျောင်းတိုက်တွင် ဧပြီလ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပညာဒါနနှင့် လူမှုအထောက်အကူပြု ကွန်ယက်ကြခတ်တောရကျောင်းတိုက်တို့ပူးပေါင်း၍ ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၁၈)ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးတို့က အမှာစကားပြောကြားကြပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်က သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းအား ဧပြီလ(၂၅)ရက်နေ့မှ မေလ(၂၅)ရက်နေ့အထိ ဖွင့်မည်ဖြစ်ရာ သင်တန်းသူ(၅၀)ဦး တက်ရောက်ပြီး တောင်ငူအိမ်တွင်းမှု အသက်မွေးလုပ်ငန်း ပညာကျောင်းမှ နည်းပြဆရာမများက လက်တွေ့သင်ကြား ပြသပေးသွားမည်ဖြစ်သည်။ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပညာဒါနနှင့် လူမှုအထောက်အကူပြုကွန်ယက် ကြခတ်တောရကျောင်းတိုက်တို့ပူးပေါင်း၍ အမျိုးသမီးများ အသက်မွေးပညာရပ်အဖြစ် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်မှာ တစ်နှစ်တာကာလအတွင်း သင်တန်းအမှတ်စဉ်(၃)အထိ သင်တန်းသူ(၁၈၀)ဦး ကျော်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အမျိုးသမီးများအနေဖြင့် ဖွံ့ဖြိုးတိုးတက်နေသော ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်စေရန်၊ …

Read More »