Home / 2018 / April / 03

Daily Archives: April 3, 2018

ပဲခူးမြို့၊ ရန်ကုန် – မန္တလေးလမ်း – ဘုရားလမ်း – ဆေးရုံလမ်း – လမ်း(၃၀)တို့ဆုံရာတွင် မီးပွိုင့်အသစ်တစ်ခု တပ်ဆင်ရန် စတင်ဆောင်ရွက်

FI

ဧပြီ ၃ (ပဲခူး) ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် ပဲခူးမြို့၊ ရန်ကုန် – မန္တလေးလမ်း – ဘုရားလမ်း – ဆေးရုံလမ်းနှင့် လမ်း(၃၀)တို့ဆုံရာတွင် မီးပွိုင့်အသစ်တစ်ခုအား ၂၀၁၈ ခုနှစ်၊ သင်္ကြန်ရက်များမတိုင်မီ ပြီးစီးနိုင်ရန် ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ယူကာ ဧပြီလ (၃)ရက်နေ့၊ နံနက်ပိုင်းမှစတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။           နာရီစင်လမ်းဆုံရှိ မီးပွိုင့်အား ပြန်လည်တပ်ဆင်သွားမဟုတ်ပါ၊ သနပ်ပင်လမ်းအား နာရီစင် လမ်းဆုံမှ လမ်း(၃၀)အထိ တစ်လမ်းမောင်း(One Way)အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ သနပ်ပင် ဘက်မှ လာမည်ဆိုလျှင် လမ်း(၃၀)မှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းသို့ ၀င်ရောက်လာရမည်ဖြစ် သည်။ ရန်ကုန်မှ သနပ်ပင်မြို့သို့သွားလျှင် နာရီစင်လမ်းဆုံ၌ (Free Way) လမ်းကြောင်းအတိုင်း ၀င်ရောက်ရမည် ဖြစ်သည်။           မီးပွိုင့်တပ်ဆင်သွားမည့် ယခင်လမ်းလယ်ကျွန်းနေရာမှ အကျယ်(၃၀)ပေခန့်  ပြန်လည်တူးဖော်ပြီး …

Read More »