Home / 2018 / April / 04

Daily Archives: April 4, 2018

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၈)သို့ ဝန်ကြီးချုပ် တက်ရောက်

FI

နေပြည်တော် ဧပြီ ၄ =================== လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၈)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမ၌ ကျင်းပရာ လယ်ယာမြေနှင် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်တီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဒေါက်တာအောင်သူ၊ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဦးခင်မောင်ချို၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအနေဖြင့် ယခင်ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်၊ လမ်းညွှန်ချက်များနှင့် ပတ်သက်၍ မြေပြင်တွင်ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် …

Read More »

e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ်တက်ရောက်

FI

နေပြည်တော် ဧပြီ ၄ ========================= e-Government ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ e-Government ပတ်သက်လို့ ကျွန်မတို့ အစကတည်းက စီးပွားရေးနဲ့ ပတ်သက်ပြီး ချထားတဲ့ မူဝါဒ ၁၂ ချက်ထဲမှာ တစ်ချက်ပါဝင်ပါတယ်။ အဲဒီအထဲမှာ ဖြစ်မြောက်အောင် လုပ်မယ်ဆိုတာ ပါဝင်ပါတယ်။ ဒါကို e-Government ဖြစ်မြောက်အောင် လုပ်မယ်ဆိုရင်လည်း ကျွန်မတို့ရဲ့ ဒီနှစ်အတွင်းမှာ အဲဒီဘက်က နှောင့်နှေးနေတာကိုလည်း သတိပြုမိပါတယ်။ e-Government မြန်မြန်လုပ်ဖို့၊ တိုးတက်ဖို့ဆိုရင် အချက် ၃ ချက်က …

Read More »

မင်းလှမြို့၊ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း ဖွင့်လှစ်ထားရှိ

FI

ဧပြီ ၄ (မင်းလှ) =========           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဧပြီလ(၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ရွှေဝါမြိုင်အုပ်စု၊ ရွှေဝါမြိုင်ကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း ဖွင့်လှစ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်၊ မင်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းအောင်စိုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း ဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။           ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က တောင်သူများ မိမိတို့ ကိုယ်တိုင်စိုက်ပျိုးရာတွင် ပိုမိုအထွက်နှုန်းတိုးအောင်မြင်ဖြစ်ထွန်းစေရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များရရှိအောင် လူထုအခြေပြုလေ့လာမှုစခန်းကို အားကိုးပြီး လေ့လာဆည်းပူးနိုင်ကြောင်း အမှာစကားပြောကြားပြီး တိုင်းဒေသကြီး …

Read More »

ပဲခူးမြို့၊ ဆုတောင်းပြည့်ဂဝံသံပတ်စေတီတော် မူလဌာပနာတော်သွင်း မဟာမင်္ဂလာအခမ်းအနားနှင့် နဂါးရုံဘုရား အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

FI

ဧပြီ ၄ (ပဲခူး) =============================== ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ အမှတ်(၇၇)ခြေမြန်တပ်မအနီး၊ ရွှေပန်းတောရ ရွှေပရိယတ္တိစာသင်တိုက်အတွင်း တည်ထားကိုးကွယ်သော ဆုတောင်းပြည့် ဂဝံသံပတ်စေတီတော် မူလဌာပနာတော်သွင်း မဟာမင်္ဂလာနှင့် နဂါးရုံဘုရား အနေကဇာတင် မင်္ဂလာအခမ်းအနားကို ဧပြီလ(၄)ရက်နေ့ နံနက်(၇)နာရီအချိန်က ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ သီရိမင်္ဂလာကြခတ်ဝိုင်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တေဥယျဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ ပိဋကတ္တယပါရဂူ၊ နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင်)နှင့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ရန်ကုန်မြို့နေ ဦးနေဝင်းထွဋ် + ဒေါ်သီရိတင်ထွဋ် မိသားစုတို့မှ တည်ထားလှူဒါန်းသော နဂါးရုံဘုရားအား ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ကာ ဖွင့်လှစ်ပေးတော်မူကြပြီး အလှူရှင် ကမ္ဗည်းမော်ကွန်း ကျောက်စာအား အမွှေးနံသာနည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် ဂဝံသံပတ်စေတီတော်အား သတ္တဌာန မူလဌာပနာတော်သွင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဒုတိယဥက္ကဌ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဘုရားဒါယိကာ ဒါယိကာမ အလှူရှင်များက …

Read More »