Home / 2018 / April / 05

Daily Archives: April 5, 2018

ပြည်မြို့တွင် တောင်သူမျိုးစေ့ သန့်စင်စက်ဖွင့်ပွဲကျင်းပ

FI

ဧပြီ ၅ (ပြည်) ============================ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၊ လက်ခုပ်ပင်စခန်းနယ်မြေတွင် ဧပြီလ (၅)ရက်နေ့၊ နံနက် (၉) နာရီအချိန်က တောင်သူမျိုးစေ့ သန့်စင်စက် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးအောင်ဇော်နိုင်က “ စိုက်ပျိုးထုတ်လုပ်ရရှိသော မျိုးစေ့များမှာ မျိုးကောင်း မျိုးသန့်ဖြစ်ရုံနှင့်မပြီးပဲ သန့်စင်ဖို့လိုအပ်ကြောင်း ၊ ဒေသအလိုက်စိုက်ပျိုးထွက်ရှိလာသည့်မျိုးစေ့များအား စံချိန်စံညှွန်းမီစေရေးအတွက် မျိုးစေ့ သန့်စင်ခြင်းမဖြစ်မနေဆောင်ရွက်နိုင်ရန် မျိုးစေ့သန့်စင်စက်များကို ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း” ပြောကြားပြီးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်ကတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် မျိုးစေ့သန့်စင်စက်များဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် …

Read More »

ပဲခူးမြို့၊ သနပ်ပင်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ရန်ကုန် – မန္တလေးလမ်း – ဘုရားလမ်း – ဆေးရုံလမ်းနှင့် လမ်း(၃၀)တို့ဆုံရာတွင် မီးပွိုင့်အသစ်တပ်ဆင်နေမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

1

ဧပြီ ၅ (ပဲခူး) ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အတွင်းရေးမှူးရုံးခန်း၌ ဧပြီလ (၅)ရက်နေ့၊ နံနက် (၉)နာရီခွဲ အချိန်က ပဲခူးမြို့၊ သနပ်ပင်လမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းနှင့် ရန်ကုန် – မန္တလေးလမ်း – ဘုရားလမ်း – ဆေးရုံလမ်းနှင့် လမ်း(၃၀)တို့ဆုံရာတွင် မီးပွိုင့်အသစ်တပ်ဆင်နေမှုနှင့်ပတ်သက်၍ လုပ်ငန်းများအားလုံး သတ်မှတ်အချိန်မီ ပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ဦးဇော်ထွန်းက ရန်ကုန် – မန္တလေးလမ်း – ဘုရားလမ်း – ဆေးရုံလမ်းနှင့် လမ်း(၃၀)တို့ဆုံရာတွင် မီးပွိုင့်အသစ်တစ်ခု ဆောက်လုပ်နေမှုနှင့် သနပ်ပင်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က သနပ်ပင်လမ်း ရေစီးရေလာ ကောင်းမွန်စေရေး၊ ပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရန် ရေမြောင်းများ၊ ပလပ်ဖောင်းများ …

Read More »