Home / 2018 / April / 06

Daily Archives: April 6, 2018

ရေတာရှည်မြို့နယ်ခန်းမ တည်ဆောက်နေမှုအား ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

FI

ဧပြီ ၆ (ရေတာရှည်) ================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဧပြီလ(၆)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က တာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် မြို့နယ်ခန်းမ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ရေတာရှည်မြို့နယ်ခန်းမအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၏ ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် (၁၆၈.၂၄၉)သန်းဖြင့် အလျား(၁၀၅)ပေ၊ အနံ(၆၀)ပေ၊ အမြင့်(၁၄)ပေ သံကူကွန်ကရစ် (၁)ထပ်ခန်းမ အဆောက်အဦအဖြစ် အာရှဓနစွမ်းအားသစ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်သည်။ ထို့နောက် ဝန်ကြီးချုပ်သည် ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် တောင်ငူခရိုင် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးခင်မောင်ဌေး၊ ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးအောင်မြင့်ဌေးနှင့် ဝန်ထမ်းများ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးလမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »