Home / 2018 / April / 09

Daily Archives: April 9, 2018

ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခိုးထုတ်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများအား ထိထိရောက်ရောက် ဖမ်းဆီးအရေးယူ အပြစ်ပေးနိုင်ရန်စီစဉ်

FI

ဧပြီ ၉ (ပဲခူး) ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ဧပြီလ (၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးရိုးမအတွင်း တရားမဝင်သစ်ခိုးထုတ်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတို့ကို ကာကွယ်တားဆီးရေးကြီးကြပ်မှုကော်မတီ (၁/၂၀၁၈) အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ နှင့် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။           ထို့နောက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း သစ်တောဦးစီးဌာနအနေဖြင့် တရားမဝင်သစ်ခိုးထုတ်မှုများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက် မှုများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။           ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းက သစ်ခိုးထုတ် မှုများနှင့်ပတ်သက်၍ အဓိကအားဖြင့် တရားဝင်သစ်စက်များတွင် တရားမဝင်သစ် ဝယ်ယူမှု မရှိစေရေးကြီးကြပ်ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများအား သစ်တောဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးရန်၊ သစ်ခုတ်ခြင်း၊ …

Read More »

ဝန်​ကြီး ဦးညွန့်​ရွှေ စားသုံးသူအငြင်းပွားမှု​ဖြေရှင်း​ရေးအဖွဲ့၏ (၂/၂၀၁၈)လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေး တက်​​ရောက်​

30441332_1009859175836410_4031050287329312768_n

ဧပြီ ၉ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေသည် (၉.၄.၂၀၁၈)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ (၂/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီအနေဖြင့် စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိကျသော မူဝါဒများချမှတ်၍ အလေးပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ချမှတ်ပြီး ဆောင်ရွက်နေသော လုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များ သုံးသပ်၍ ထိရောက်သော အကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် ကော်မတီအတွင်းရေးမှူးက စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်း စီမံချက် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ …

Read More »

ရွှေကျင်မြို့၌ တိုင်းဒေသကြီးအဆင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ

FI

ဧပြီ ၉ (ရွှေကျင်) ==========           ရွှေကျင်မြို့၊ မြို့နယ်စည်ပင်သာယာရေးခန်းမ၌ ဧပြီလ (၉)ရက်နေ့၊ နံနက် (၉)နာရီခွဲ အချိန်က တိုင်းဒေသကြီးအဆင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က တိုင်းပြည်တစ်ခု ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအရေးကြီးဆုံးသည် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်ဘက်နှင့်တစ်ဘက်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ယုံကြည်မှုရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊ ယုံကြည်မှုရရှိရန်အတွက် တစ်ဦးနှင့်တစ်ဦး ကူးလူးပေါင်းသင်းဆက်ဆံနိုင်မည့် လမ်းပန်းဆက်သွယ်ရေး လိုအပ်မည်ဖြစ်ကြောင်း၊ မတူကွဲပြားမှုများ စုစည်းပြီး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထများ ရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ၏  အဓိက ရည်မှန်းချက်သည် ငြိမ်းချမ်းရေးရရှိရေးပင်ဖြစ်ကြောင်းနှင့် ယခုလို (၂၁)ပင်လုံနှင့်အတူ ပေါက်ဖွားလာသည့် ရရှိပြီးငြိမ်းချမ်းရေး အသီးအပွင့်များ ထပ်မံတည်မြဲ ခိုင်မာစေရန် ကြိုးစား သွားကြရန် လိုအပ်ကြောင်း …

Read More »