Home / 2018 / April / 12

Daily Archives: April 12, 2018

မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကြိုပွဲတော် ကျင်းပပြုလုပ်

3

ဧပြီ ၁၂ (ပဲခူး) ================           ဧပြီလ ၁၂ ရက်နေ့၊ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မြက်ခင်းပြင်၌ ၁၃၇၉ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကြိုပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သင်္ကြန်ဟူသော စကားသည် “သင်္ကြန္တ”ဟူသော သက္ကတဘာသာစကားဖြစ်ပြီး “သကန္တ”ဟူသောပါဠိဟူသော စကားမှ ဆင်းသက်လာကာ “ပြောင်းလဲခြင်း၊ ကူးပြောင်းခြင်း”ဟု အဓိပ္ပါယ်ရရှိကြောင်း၊ နှစ်ဟောင်းရှိ အညစ်အကြေးများကို အတာရေစင်ဖြင့် ဆေးကြောပြီး နှစ်သစ်သို့ မင်္ဂလာရှိစွာ ကူးပြောင်းနိုင်ရေး အထိမ်းအမှတ် ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့(၁၂)လရာသီပွဲတော်များအနက် ပထမဦးဆုံးနှင့် ရက်ကာလအကြာမြင့်ဆုံး ကျင်းပသည့် ပွဲတော်ဖြစ်သကဲ့သို့ အထူးခြားဆုံးနှင့် ပျော်ရွှင်ကြည်နူစရာကောင်းသည့်အတွက် မြန်မာလူမျိုး တို့၏ စေတနာအလှကို ဖော်ပြခွင့်ရသော ပွဲလည်းဖြစ်ကြောင်း၊ ပူအိုက်သည့်နွေရာသီမှာ ကျင်းပ ပြုလုပ်ခြင်းကြောင့် ပူလောင်ခြင်းမှသက်သာစေရန် ရေစင်အေးအေးဖြင့် …

Read More »