Home / 2018 / May

Monthly Archives: May 2018

နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေဧကအပေါ် ကျူးကျော်အဆောက်အဦများ အပြီးတိုင်ဖယ်ရှားရှင်းလင်းရေး အသိပေး

FI

ပဲခူး မေ ၃၀ =============================           မေလ(၃၀)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေဧကအပေါ် ကျူးကျော်အဆောက်အဦများ အပြီးတိုင်ဖယ်ရှားရှင်းလင်းရေး အသိပေးပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က ပဲခူးမြို့၊ ဥဿာမြို့သစ် အမှတ်(၉)ရပ်ကွက်၊ အထူးဇုန်(၆)ရှိ မြေဧရိယာ(၂၈)ဧကပေါ်တွင် ကျူးကျော်နေထိုင်သူများနှင့် ပတ်သက်၍ အဆိုပါမြေပေါ်တွင် တိုင်းဒေသကြီးအစိုးရမှ နိုင်ငံတော်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ ဖယ်ရှားရှင်းလင်းနိုင်ရေးကို ၂၀၁၇ ခုနှစ်၊ မေလ(၃၁) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်ထိ (၁)နှစ်ကြာမြင့်နေသည့်တိုင်အောင် ဖယ်ရှားရှင်းလင်းခြင်း မရှိသောကြောင့် အစိုးရမှ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း အပြီးတိုင်ဖယ်ရှားပေးရန် ညွှန်ကြားလာသဖြင့် အဆိုပါမြေနေပေါ်တွင် နေထိုင်သော ကျူးကျော်(၁၇)ဦး၊ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းတို့အား ဖယ်ရှားရှင်းလင်းပေးနိုင်ရန်နှင့် မဖယ်ရှားပါက …

Read More »

အရေးပေါ် မုန်တိုင်း သတိပေးချက်

33786454_1834900626555755_8745973498347782144_n

မေ ၂၉ (ပဲခူး) ====================== အနီရောင်အဆင့် မုန်တိုင်းငယ် ၁၂ နာရီအတွင်း ရခိုင်ကမ်းရိုးတမ်းကို ဝင်ရောက်မည် ၁။ ၂၀၁၈ ခုနှစ်၊ မေလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက် မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၂)၊၂၀၁၈ မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မာန်အောင်မြို့၏ အနောက် – အနောက် တောင်ဘက် မိုင်(၆၀)ခန့်၊ စစ်တွေမြို့၏ တောင်ဘက် မိုင်(၁၀၀)ခန့်၊ ကျောက်ဖြူမြို့ ၏ အနောက်တောင်ဘက် မိုင်(၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ (ခ) အဆိုပါ မုန်တိုင်းငယ်သည် …

Read More »

ပဲခူးမြို့တွင် ပထမဦးဆုံးသောကစားခြင်းဖြင့် သင်ယူမှုစနစ်ဖြင့်သင်ကြားမည့် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကမူကြိုကျောင်းဖွင့်လှစ်

FI

မေ ၂၉ (ပဲခူး) ================================= ပဲခူးမြို့တွင် ပထမဦးဆုံးသော ကစားခြင်းဖြင့် သင်ယူမှုစနစ်ဖြင့် သင်ကြားမည့် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကမူကြိုကျောင်း BRILLIANT BAGO SCHOOL(BBS) ဖွင့်လှစ်ခြင်းအခမ်းအနားကို မေလ(၂၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ လိပ်ပြာကန်(၁)လမ်း၊ အမှတ်(၅၀၉)တွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ကျောင်းအုပ်ဆရာမကြီး Miss Principles နှင့် ကျောင်းတာဝန်ခံ ဒေါ်ဖြူနှင်းစံတို့က BRILLIANT BAGO SCHOOL (BBS) ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ အဆိုပါ BRILLIANT BAGO SCHOOL (BBS) အား ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ လိပ်ပြာကန်(၁)လမ်း၊ အမှတ်(၅၀၉)တွင် ဖွင့်လှစ်ထားရှိပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဇွန်လ(၁)ရက်နေ့မှစတင်ပြီး နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ အသက်(၂)နှစ်မှ(၃)နှစ်အရွယ် ကလေးငယ်များကို …

Read More »

ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်

FI

မေ ၂၉ (ပဲခူး) ======================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေ့ဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက တောင်တန်းမြေကဖိတ်ခေါ်သံ သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက” ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသော နိုင်ငံတော်ရဲ့ ပညာရေးဆောင်ပုဒ်နှင့်အညီ လူတိုင်းပညာတတ်မှ၊ လူတိုင်းပညာရှိမှ အေးချမ်းသာယာပြီး ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ လူတိုင်းပညာတတ်ရေး၊ ပညာရှိရေးအတွက် အရွယ်(၃)ပါးမှ ပထမအရွယ်ဖြစ်သော ကျောင်းနေအရွယ်ကလေးများ ပညာရှာရန် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းသို့ ရောက်ရှိရန်လိုအပ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိရန် ပညာရေးဌာနတစ်ခုထဲ လုပ်ဆောင်၍မရဘဲ အစိုးရ၊ လူမှုရေးအဖွဲ့အစည်း၊ မိဘပြည်သူ၊ ဆရာ၊ကျောင်းသား ပူးပေါင်းဆောင်ရွက်မှုသည် …

Read More »

ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်မှုရှိစေရန်အတွက် ပညာရှင်များနှင့်ပူးပေါင်းပြီး မြေပြင်ကွင်းဆင်း တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကြိုတင်ညှိနှိုင်း

FI

မေ ၂၈ (ပဲခူး) ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ မေလ (၂၈)ရက်နေ့၊ မွန်းလွဲ(၁) နာရီခွဲအချိန်က ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်မှုရှိစေရန်အတွက် ပညာရှင်များနှင့် ပူးပေါင်းပြီး မြေပြင်ကွင်းဆင်း တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးမြို့အား စံပြမြို့တော်တစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ထား၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြတစ်ခု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဓိကအားဖြင့် ရေထွက်ပေါက်များ ပိတ်ဆို့ခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်လာခြင်းနှင့် ရေနှုတ်မြောင်းများ၊ ချောင်းရိုးများ စနစ်တကျ ပြန်လည်ပြင်ဆင် တူးဖော်မှု မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ယခုအခါ ပဲခူးမြို့ရိုးဟောင်းနှင့် ကျုံးပြန်လည် တူးဖော်နိုင်ရေး မြေပြင်ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်လျက်ရှိရာ၊ တစ်ပါတည်း ပဲခူးမြို့တွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တိုင်းတာဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပဲခူးမြို့အတွက် ရေစီးရေလာကောင်းမွန်စေရေး နိုင်ငံတကာအဆင့်မီ Master …

Read More »

ပဲခူးမြို့၏ အနာဂတ်စီမံကိန်းများနှင့်ပတ်သက်၍ IHI Asia Pacific Pte., Ltd လာရောက် ဆွေးနွေး

FI

မေ ၂၈ (ပဲခူး) ==========================           မေလ (၂၈)ရက်နေ့၊ နံနက် (၁၁)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ပဲခူးမြို့၏ အနာဂတ်စီမံကိန်းများနှင့်ပတ်သက်၍ IHI Asia Pacific Pte., Ltd က Chief Representative, Mr. Taku Kitayama ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့မှ ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံခဲ့သည်။           ရှေးဦးစွာ Mr. Taku Kitayama က မိမိတို့ကုမ္ပဏီသည် စွမ်းအင်နှင့်သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်သည့် လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ လမ်း/တံတားလုပ်ငန်းများ စသည့်လုပ်ငန်းစီမံကိန်းများကို ပြည်ပနိုင်ငံများတွင် ဆောင်ရွက်ပေးလျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ရန်ကုန်တိုင်းဒေသကြီး၌ ကွန်ကရစ်စက်ရုံအား ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် စတင်ဆောင်လျက်ရှိ ပါကြောင်းနှင့် ဝန်ကြီးချုပ်၏ ပဲခူးဒေသ၌ ဆက်လက်ဆောင်ရွက်သွားမည့် အနာဂတ်စီမံကိန်းများအား သိရှိလိုပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။           …

Read More »

ဖိုက်ဘာစက်လှေများနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်

FI

မေ ၂၈ (ပဲခူး) ================================== မေလ(၂၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညောင်လေးပင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ဖိုက်ဘာစက်လှေများနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ဖိုက်ဘာစက်လှေများနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖိုက်ဘာစက်လှေများနှင့် အသက်ကယ်အင်္ကျီများကို ညောင်လေးပင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌထံ လွှဲပြောင်းပေးအပ်ပြီး ညောင်လေးပင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ဘေးအန္တရာယ် တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ …

Read More »

တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

မေ ၂၈ (ပဲခူး) =============================== မေလ(၂၈)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း စုပေါင်းလယ်ယာ (Collected Farm)များတွင် မျိုးစေ့ဘဏ်ထူထောင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တောင်သူများအား စပါးမျိုးသန့်မျိုးပွားမျိုးစေ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပြီး ဆန်စပါးကို အဓိကစားသုံးသည့်နိုင်ငံဖြစ်ကြောင်း၊ မျိုးစေ့ဘဏ်တွင် ပါဝင်မျိုးစေ့ထုတ်လုပ်မည့် တောင်သူလယ်သမားများအနေဖြင့် မိမိတို့ဘဏ်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ပြီး မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးခြင်းဖြင့် အချိန်တိုတိုအတွင်းမှာ ပဲခူးတိုင်းဒေသကြီး၏ စပါးစိုက်ဧရိယာအားလုံး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်သည့် နယ်မြေကြီးဖြစ်သွားမှာဖြစ်ကြောင်း၊ အဲဒီအခါမှာ အရည်အသွေးကောင်းမွန်သည့် ဆန်များရရှိလာပြီး စျေးကောင်းရရှိလာမှာဖြစ်သောကြောင့် တောင်သူအားလုံး ဝင်ငွေတိုးတက်လာမှာဖြစ်ကြောင်း၊ ဘဏ်ကော်မတီကို စနစ်တကျဖွဲ့စည်းပြီး ပညာရှင်များ ညွှန်ကြားပြသသည့် မျိုးစေ့ထုတ်နည်းပညာများအတိုင်း စနစ်တကျ ကျင့်သုံးဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က …

Read More »

ကျောင်းအပ်နှံရေး နေ့သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာဖွင့်ပွဲ ကျင်းပပြုလုပ်

FI

မေလ ၂၅ (ပဲခူး) ================================ မေလ(၂၅)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျတုကျောင်းဆောင်ရှေ့တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်။ ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးကျော်ဆင့်တို့က ဖဲကြိုးဖတ်ဖွင့်လှစ်ပေးပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာတွင် “ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး” ဟုရေးသားထားရှိသည်။ ကျောင်းလာအပ်ရာတွင်လည်း ကျောင်းလာအပ်သည့် ကလေးသည်ငါးနှစ်ပြည့်ဖို့ တစ်လလိုနေမည်ဆိုပါက သက်ဆိုင်ရာ ကျောင်းအုပ်၏ ထောက်ခံချက်၊ …

Read More »

ပဲခူးဒေသတွင် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်

FI

မေ ၂၄ (ပဲခူး) ==================           မေလ (၂၄)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရေး ဟံသာဝတီယူနီဗာစတီကုမ္ပဏီလီမိတက်မှ ဒေါက်တာစိန်ထွန်းနှင့် ဒေါက်တာ ဇေယျဦးတို့ လာရောက်တွေ့ဆုံသည်။           ရှေးဦးစွာ  ဟံသာဝတီယူနီဗာစတီကုမ္ပဏီလီမိတက်မှ ဒေါက်တာစိန်ထွန်းနှင့် ဒေါက်တာ ဇေယျဦးတို့က ပဲခူးဒေသတွင် University of Hanthawaddy(UoH) အမည်ဖြင့် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုဖွင့်လှစ်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ အဓိက အားဖြင့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် ပြည်တွင်း ကျွမ်းကျင် သူနည်းပါးနေ၍ အခြားနိုင်ငံမှ ပညာရှင်များ ခေါ်ယူအသုံးပြုနေရပါကြောင်း၊ ဒေသတွင်းရှိ အခြေခံပညာအထက်တန်းအောင် ကျောင်းသား/ကျောင်းသူအတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီ သုတေသနနှင့် Industrial Based Learning တက္ကသိုလ်တစ်ခုဖြစ်လာရန်နှင့် ဘာသာရပ် များအနေဖြင့် အင်ဂျင်နီယာဆိုင်ရာဘာသာရပ်၊ စိုက်ပျိုးရေးဆိုင်ရာဘာသာရပ်၊ သစ်တောထိန်းသိမ်းရေးဆိုင်ရာဘာသာရပ်၊ သဘာဝဘေးဒဏ်ကာကွယ်ရေးဆိုင်ရာဘာသာရပ်၊ …

Read More »