Home / 2018 / May / 03

Daily Archives: May 3, 2018

ပြန်လည်စွန့်လွှတ်အပ်နှံမြေများ တောင်သူများထံသို့ လွှဲပြောင်းပေးအပ်

FI

မေ ၃ (ပဲခူး) =========================           မေလ (၃)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရပ်သာကျေးရွာအုပ်စု၊ ဘူးဘက်ကျေးရွာ၊ သာသနာ့ပါလကျောင်းတိုက်ရှိ နိမလာရာမဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် အမှတ်(၂၃)အကြီးစား စက်မှုလုပ်ငန်းမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံမြေများအား တောင်သူများထံသို့ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) ပေးအပ်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်သည်။           ရှေးဦးစွာ ဝန်ကြီးချုပ်က သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများအတွက် တောင်သူများ နစ်နာမှုမရှိစေရေး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းပြီး တောင်သူများ၏ တွေ့ကြုံနေရသည့် အခက်အခဲများအား ဦးစားပေးဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် လုပ်ပိုင်ခွင့်ပြန်လည် ရရှိသည့် လယ်ယာမြေပေါ်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် အရည်သွေးပြည့်မီသော အသီးအနှံများထွက်ရှိအောင် စိုက်ပျိုးကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူ လယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးနေသလို …

Read More »

ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပပြုလုပ်

FI

မေ ၃ (ပဲခူး) ================================ မေလ(၃)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြရာ ပဲခူးခရိုင်အသင်းက အနိုင်ရဗိုလ်စွဲသွားခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ရာ အကောင်းဆုံး အားကစားသမားဆုရရှိသူ ပဲခူးခရိုင်အသင်းမှ ကျောနံပါတ်(၁၁)မင်းဇော်ဟန်အား ဆုတံဆိပ်နှင့်ငွေသားဆုကို ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်ကလည်းကောင်း၊ ပထမဆုရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပထမဆုရရှိသော ပဲခူးခရိုင်အသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား …

Read More »