Home / 2018 / May / 05

Daily Archives: May 5, 2018

ပဲခူးမြို့တွင် (၇၂)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်

FI

မေ ၅ (ပဲခူး) =============================== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ (၇၂)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ခေတ်အဆက်ဆက်က မီးသတ်သမားကြီးရဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ စိတ်ဓါတ်စသည့် နှိုင်းဆမရနိုင်သော တန်ဖိုးများကို လက်ရှိတပ်ဖွဲ့ဝင်တွေက လေးစားမြတ်နိုးခြင်းနှင့်အတူ သူတို့ကိုပြန်လည်အမှတ်ရ ဂုဏ်ပြုလိုသည့်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ အဖွဲ့အစည်းတစ်ခု အောင်မြင်တိုးတက်မှုသည် အဖွဲ့ဝင်များ၏ စိတ်ဓါတ်ခိုင်မာမှု၊ စည်းကမ်းကောင်းမွန်မှု၊ စည်းလုံးညီညွတ်မှုနှင့်အတူ ဆောင်ရွက်သမျှ ဖြစ်ရမည်ဆိုသည့် ယုံကြည်မှုအပေါ် အခြေခံကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များသည် ဘေးအန္တရာယ် ဖြစ်ပွားတဲ့ဇုန်အတွင်းကို ချဉ်းနင်းဝင်ရောက် ဆောင်ရွက်ရတာဖြစ်သည့်အတွက် ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များကြောင်း၊ အထူးသဖြင့် ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးဆိုးများ ကျရောက်သည့်အခါ ပိုမိုခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များသလို ပျက်စီးဆုံးရှုံး …

Read More »