Home / 2018 / May / 07

Daily Archives: May 7, 2018

ပဲခူးမြို့၊ ကလိကျေးရွာအနီး ကုတင်(၅၀၀)ဆံ့ (၆)ထပ်ဆေးရုံ ဆောက်လုပ်နေမှုအား ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

FI

မေ ၇ (ပဲခူး) ==============           မေလ (၇)ရက်နေ့၊ မွန်းလွဲ (၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ ဒေါ်ညွန့်ညွန့်ဌေးနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ပဲခူးမြို့၊ ကလိကျေးရွာအနီး၊ ရန်ကုန်-မန္တလေး လမ်းမကြီးဘေးတွင် ဆောက်လုပ်လျက်ရှိသော ကုတင်(၅၀၀)ဆံ့ (၆)ထပ်ဆေးရုံ ဆောက်လုပ် နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ဆေးရုံတည်ဆောက်ရေးရှင်းလင်းဆောင်၌ ဝန်ကြီးချုပ်က ဆေးရုံတည်ဆောက်ခြင်းလုပ်ငန်းသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်၍ အမြန်ဆုံးနှင့် အကောင်းဆုံး ဆောက်လုပ်ပြီးစီးစေလိုကြောင်း၊ ကြန့်ကြာနေမှုများနှင့်ပတ်သက်၍ လိုအပ်သည့် ဌာနဆိုင်ရာများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သတ်မှတ်ကာလထက် စောပြီး ဖွင့်လှစ်ပေးနိုင်ပါက ပြည်သူများသို့ အကျိုးပြုရာရောက်သဖြင့် စေတနာထား၍ စံချိန်စံညွှန်းနှင့် အညီ ဆောက်လုပ်သွားရန် မှာကြားခဲ့သည်။           ထို့နောက် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးက ပြည်သူများ ခရီးနီးနီးမှာ လွယ်လွယ်ကူကူ ဆေးရုံတက်ရောက်ကုနိုင်ရန် ရည်ရွယ်တည်ဆောက်ရခြင်းဖြစ်၍ ဌာနဆိုင်ရာ များမှ ပူးပေါင်းပါဝင် …

Read More »